သူတို့တကယ်ချစ်တဲ့သူအတွက်ပဲ မျက်ရည်ကျတတ်ကြတာပါ

မိန်းမတွေက ကိုယ့်ကို မျက်ရည်ကျအောင် လုပ်တဲ့သူကိုပဲ တမ်းတမ်းစွဲချစ်တတ်ကြတယ်တဲ့ အဲ့အထင်က တကယ်ကိုမှားပါတယ် ။ မိန်းကလေးဆိုတာကလေ . . . .မျက်ကျအောင် လုပ်တဲ့သူကို ချစ်တာမဟုတ်ပဲ သူတို့တကယ်ချစ်တဲ့သူအတွက်ပဲ မျက်ရည်ကျတတ်ကြတာပါ ။ သူတို့မချစ်တဲ့သူအတွက်ဆိုရင်လေ . . မျက်ရည်ကဖို့မပြောနဲ့ မချစ်ရင် သေရပါတော့မယ်ဆိုရင်တောင် ပြန်ပြီး လှည့်မကြည့်တတ်ကြဘူး ။

တကယ်ချစ်တဲ့ မိန်းကလေးဆိုတာ . . .သူချစ်တဲ့ သူ ဆိုးသွမ်းနေရင်တောင် ခွင့်လွှတ်ဖို့ကြိုးစားတယ် ။ လွယ်လွယ်လေး လက်မလွှတ်တတ်ကြဘူးလေ . . .သူ့တို့က အစွဲအလမ်းကြီးကြတယ်ဆိုတာထက် ပြောင်းလဲစေချင်ကြတယ်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ် ။ မိန်းကလေးဆိုတာမျိုးက ကိုယ်ချစ်တဲ့သူအတွက် ဘာမဆို ပြောင်းလဲပေးဖို့အသင့်ရှိသလိုမျိုး တစ်ဖက်ကိုလဲ ရှိစေချင်ပါတယ် ။

ဖုန်းတွေမဆက်ရင်တောင် မအားလို့နေမှာပါဆိုတဲ့အတွေးနဲ့ ဖြည့်ပြီးတွေးတယ် ။ သူအလုပ်တွေများနေတာနေမှာပါ . . .သူ တစ်ခုခုလုပ်နေလို့နေမှာပါ စသည်ဖြင့်ပေါ့ မိန်းကလေးတစ်ယောက်မှာ သူချစ်တဲ့သူကို ကာကွယ်ဖို့ဖာထေးပေးဖို့အကြောင်းပြချက် အများကြီးရှိနေနိင်ပါတယ် ။ တစ်ဖက်မှာ နဲနဲလေး ပြန်ဂရုစိုက်တတ်ရုံနဲ့ ကျေနပ်နေတတ်တာမျိုးပေါ့ ။

မိန်းကလေးတစ်ယောက်ရဲ့အချစ်က ထူးဆန်းတယ်ဆိုတာထက် ပိုပြီးတော့ကို ထူးဆန်းပါတယ်…သူ့ကို တစ်နေ့လုံးမျက်ရည်ကျစေရင်တောင် ပျော်စေတဲ့ခဏလေးကိုတွေးပြီး ပိုပြီးချစ်တတ်ကြ ကြင်နာတတ်ကြတာမျိုးပေါ့ ။ ငိုရတဲ့အခိုက်အတန့်နဲ့ ပျော်ရတဲ့အခိုက်အတန့်ဘယ်တော့မှ ယှဉ်ပြီးမတွက်ဘူး ပျော်စေခဲ့တာတွေကိုပဲ ပြန်ပြီး တွေးပြီး ကြည်နူးတတ်တာပါ ။

သိပ်ချစ်တတ်တဲ့ မိန်းကလေးဆိုတာ … သူချစ်တဲ့ လူတစ်ယောက်မှားနေတဲ့အခါ စွန့်လွှတ်လိုက်ဖို့ထက် ခွင့်လွှတ်ပေးဖို့ကို အရင်ဆုံးတွေးတတ်တာပါ ။ ဘာကြောင့်လဲဆိုတဲ့ အဖြေတွေ ရှင်းလင်းနေရင်တောင် မဟုတ်လောက်ပါဘူးဆိုပြီး တစ်ဖက်လှည့်နဲ့တွေးပြီး နားလည်ပေးချင် နားလည်တတ်တာမျိုးလေ ။

သူ့ကို မချစ်မှန်းသိသိရဲ့နဲ့ မနေချင်မှန်းသိသိရဲ့ဆွဲထားတတ်တာမျိုးမဟုတ်ဘူး တစ်နေ့ကျရင် အရင်ကလို ချစ်ကောင်းပါရဲ့ ဒါမှမဟုတ် ကိုယ့်အချစ်တွေကို နားလည်ကောင်းပါရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆွဲထားတတ်တာပါ ။ အဲ့ဒီ မျှော်လင့်ချက်လေး ရှိနေသမျှ လက်လွှတ်လိုက်ဖို့ခက်တယ်လေ ။

မိန်းကလေးဆိုတာ . . .သူ့ကို နာကျင်စေတဲ့သူ မျက်ရည်ကျစေတဲ့သူကို ချစ်တာမဟုတ်ပါဘူး သူ သိပ်ချစ်တဲ့သူကြောင့်ပဲ သူ့မှာ နာကျင်ရပြီး မျက်ရည်တွေ ကျရတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းမေတြက ကိုယ့္ကို မ်က္ရည္က်ေအာင္ လုပ္တဲ့သူကိုပဲ တမ္းတမ္းစြဲခ်စ္တတ္ၾကတယ္တဲ့ အဲ့အထင္က တကယ္ကိုမွားပါတယ္ ။ မိန္းကေလးဆိုတာကေလ . . . .မ်က္က်ေအာင္ လုပ္တဲ့သူကို ခ်စ္တာမဟုတ္ပဲ သူတို႔တကယ္ခ်စ္တဲ့သူအတြက္ပဲ မ်က္ရည္က်တတ္ၾကတာပါ ။ သူတို႔မခ်စ္တဲ့သူအတြက္ဆိုရင္ေလ . . မ်က္ရည္ကဖို႔မေျပာနဲ႔ မခ်စ္ရင္ ေသရပါေတာ့မယ္ဆိုရင္ေတာင္ ျပန္ၿပီး လွည့္မၾကည့္တတ္ၾကဘူး ။

တကယ္ခ်စ္တဲ့ မိန္းကေလးဆိုတာ . . .သူခ်စ္တဲ့ သူ ဆိုးသြမ္းေနရင္ေတာင္ ခြင့္လႊတ္ဖို႔ႀကိဳးစားတယ္ ။ လြယ္လြယ္ေလး လက္မလႊတ္တတ္ၾကဘူးေလ . . .သူ႔တို႔က အစြဲအလမ္းႀကီးၾကတယ္ဆိုတာထက္ ေျပာင္းလဲေစခ်င္ၾကတယ္ဆိုရင္ ပိုၿပီးမွန္ပါလိမ့္မယ္ ။ မိန္းကေလးဆိုတာမ်ိဳးက ကိုယ္ခ်စ္တဲ့သူအတြက္ ဘာမဆို ေျပာင္းလဲေပးဖို႔အသင့္ရွိသလိုမ်ိဳး တစ္ဖက္ကိုလဲ ရွိေစခ်င္ပါတယ္ ။

ဖုန္းေတြမဆက္ရင္ေတာင္ မအားလို႔ေနမွာပါဆိုတဲ့အေတြးနဲ႔ ျဖည့္ၿပီးေတြးတယ္ ။ သူအလုပ္ေတြမ်ားေနတာေနမွာပါ . . .သူ တစ္ခုခုလုပ္ေနလို႔ေနမွာပါ စသည္ျဖင့္ေပါ့ မိန္းကေလးတစ္ေယာက္မွာ သူခ်စ္တဲ့သူကို ကာကြယ္ဖို႔ဖာေထးေပးဖို႔အေၾကာင္းျပခ်က္ အမ်ားႀကီးရွိေနနိင္ပါတယ္ ။ တစ္ဖက္မွာ နဲနဲေလး ျပန္ဂ႐ုစိုက္တတ္႐ုံနဲ႔ ေက်နပ္ေနတတ္တာမ်ိဳးေပါ့ ။

မိန္းကေလးတစ္ေယာက္ရဲ႕အခ်စ္က ထူးဆန္းတယ္ဆိုတာထက္ ပိုၿပီးေတာ့ကို ထူးဆန္းပါတယ္…သူ႔ကို တစ္ေန႔လုံးမ်က္ရည္က်ေစရင္ေတာင္ ေပ်ာ္ေစတဲ့ခဏေလးကိုေတြးၿပီး ပိုၿပီးခ်စ္တတ္ၾက ၾကင္နာတတ္ၾကတာမ်ိဳးေပါ့ ။ ငိုရတဲ့အခိုက္အတန္႔နဲ႔ ေပ်ာ္ရတဲ့အခိုက္အတန္႔ဘယ္ေတာ့မွ ယွဥ္ၿပီးမတြက္ဘူး ေပ်ာ္ေစခဲ့တာေတြကိုပဲ ျပန္ၿပီး ေတြးၿပီး ၾကည္ႏူးတတ္တာပါ ။

သိပ္ခ်စ္တတ္တဲ့ မိန္းကေလးဆိုတာ … သူခ်စ္တဲ့ လူတစ္ေယာက္မွားေနတဲ့အခါ စြန္႔လႊတ္လိုက္ဖို႔ထက္ ခြင့္လႊတ္ေပးဖို႔ကို အရင္ဆုံးေတြးတတ္တာပါ ။ ဘာေၾကာင့္လဲဆိုတဲ့ အေျဖေတြ ရွင္းလင္းေနရင္ေတာင္ မဟုတ္ေလာက္ပါဘူးဆိုၿပီး တစ္ဖက္လွည့္နဲ႔ေတြးၿပီး နားလည္ေပးခ်င္ နားလည္တတ္တာမ်ိဳးေလ ။

သူ႔ကို မခ်စ္မွန္းသိသိရဲ႕နဲ႔ မေနခ်င္မွန္းသိသိရဲ႕ဆြဲထားတတ္တာမ်ိဳးမဟုတ္ဘူး တစ္ေန႔က်ရင္ အရင္ကလို ခ်စ္ေကာင္းပါရဲ႕ ဒါမွမဟုတ္ ကိုယ့္အခ်စ္ေတြကို နားလည္ေကာင္းပါရဲ႕ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ဆြဲထားတတ္တာပါ ။ အဲ့ဒီ ေမွ်ာ္လင့္ခ်က္ေလး ရွိေနသမွ် လက္လႊတ္လိုက္ဖို႔ခက္တယ္ေလ ။

မိန္းကေလးဆိုတာ . . .သူ႔ကို နာက်င္ေစတဲ့သူ မ်က္ရည္က်ေစတဲ့သူကို ခ်စ္တာမဟုတ္ပါဘူး သူ သိပ္ခ်စ္တဲ့သူေၾကာင့္ပဲ သူ႔မွာ နာက်င္ရၿပီး မ်က္ရည္ေတြ က်ရတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း