ယောက်ျားတွေကလေ မိန်းကလေးထက် ပိုပြီး မာယာတွေ များသလို ပိုပြီးလဲ နားလည်ရခက်ပါတယ်

ယောက်ျားလေးတွေက နားလည်ရခက်တယ်ဆိုတာထက် ပိုပြီး နားလည်ရခက်ပါတယ် ။ ဒါ မိန်းကလေးတစ်ယောက်ရဲ့ ခံစားရသမျှအမြင်ပါ ယောက်ျားတိုင်းက ဒီလိုပါဆိုပြီး ဝါးလုံးနဲ့ သိမ်းကြုံးရမ်းနေတာမဟုတ်ဘူး ။

စာအုပ်တွေထဲမှာ . . .မိန်းမတစ်ယောက်ရဲ့မာယာတွေဟာ ဘယ်လောက်ကြောက်ဖို့ကောင်းတဲ့အကြောင်းပဲ ရေးထားတတ်ကြတယ် မသိရင် ယောက်ျားတွေမှာ မာယာတွေမရှိတဲ့အတိုင်းပေါ့ တကယ်ဆို ယောက်ျားတွေ သုံးတတ်မာယာက ပိုပြီးများသလို ပိုပြီးလဲ ကြောက်ဖို့ကောင်းပါတယ် ။ သိပ်ချစ်တာပဲ ဆိုတဲ့စကားကအစ . . . နောက်ဆုံး မဖြစ်နိုင်လို့ပါဆိုတဲ့ စကားလုံးတွေ တိုင်းမှာ မာယာတွေ ပါပြီးသားပဲလေ ။

ယောက်ျားလေးတွေက . . .ဘယ်တော့မှ လမ်းခွဲရအောင်လို့စပြီးမပြောဘူး ။ ဒါပေမယ့် တစ်ဖက်က မိန်းမသားကို လမ်းမခွဲခွဲချင်တဲ့အထိ စိတ်မပျက် မပျက်ပျက်အောင် အမျိုးမျိုးတွေလုပ်ပြီး မိန်းကလေးဖက်က ထားသွားအောင် လုပ်တဲ့နေရာမှာ တအားကို ဆရာကျတယ်လေ ။ ပြီးရင် သူတို့ပဲ အထားသွားခံရသလို . . . ပြီးရင် သစ္စာဖောက်ခံရသလို ဒရမ်မာတွေ ခင်းပြီး အသနားတွေ ခံချင်ကြသေးတာ ။

ပြီးရင် သိပ်ပြီးလဲ အပြောင်းအလဲ မြန်တယ် …စချစ်ခဲ့တုန်းက ဓူဝံကြယ်ကို စွတ်ပေးမယ့်လူနဲ့ ကောင်းကင်ကို ဒူးနဲ့တိုက်မယ့်လူနဲ့ တကယ်တမ်း ကိုယ့်အချစ်ကို ရသွားတဲ့အခါကျ မိုးရွာရင်တောင် ကြောက်နေတတ်ကြတယ်လေ ။ မိုးရွာလို့ပါ နေပူလို့ပါ အကြောင်းပြချက်ပေါင်းများစွာနဲ့ ပြောင်းလဲလိုက်ဖို့ဝန်မလေးတတ်ကြဘူး ။

မိန်းမ မာယာ . . .တဲ့ အဲ့ဒီမိန်းမ မာယာတွေက ခေါင်းစဉ်တပ်လို့ရပါသေးတယ် ။ ဘယ်နေရာမှာ ဖော်ပြထားခြင်း မရှိတဲ့ ယောက်ျားမာယာတွေကတော့ ဘာနဲ့မှ နှိုင်းမရအောင် များပြားလွန်းတာပဲ။ အဲ့ဒီမာယာတွေကို မရှောင်နိုင်ခဲ့တဲ့ မိန်းမသားတွေက နာကျင်ရတာပါပဲ ။

ယောက်ျားတွေက နားလည်ရခက်တယ် တကယ်ကို သိပ်ခက်တာပါ ။ တစ်စိုက်မတ်မတ်တွေးထားလို့မရသလို . . . တစ်စိုက်မတ်မတ် ယုံကြည်ထားလိုက်လို့မရဘူး ။ ယုံကြည်မိရင် ယုံကြည်လိုက်တဲ့သူကပဲ မှားတာ သူတို့ဘယ်တော့မှ မမှားဘူး ။ သူငါ့ကို ချစ်တာပဲ ငါတော့ ပြန်ပြီးကြင်နာဖို့တွေးလိုက်တာနဲ့ ကိုယ့်မှာ စပြီးရှုံးတော့တာပဲလေ ။

သူတို့က ၁၀၀ရာခိုင်နှုန်းက စချစ်ပြီး အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး သုညနား ကပ်လာတယ်လေ ။ မိန်းကလေးတွေက သုညက စချစ်ပြီး တဖြေးဖြေး ဆက်ပြီးချစ်လာတာနဲ့အမျှ တဖြေးဖြေးစပြီး ရှုံးတော့တာပါပဲ ။

ယောက်ျားတွေကလေ မိန်းကလေးထက် ပိုပြီး မာယာတွေ များသလို ပိုပြီးလဲ နားလည်ရခက်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေယာက္်ားေလးေတြက နားလည္ရခက္တယ္ဆိုတာထက္ ပိုၿပီး နားလည္ရခက္ပါတယ္ ။ ဒါ မ္ိန္းကေလးတစ္ေယာက္ရဲ႕ ခံစားရသမွ်အျမင္ပါ ေယာက္်ားတိုင္းက ဒီလိုပါဆိုၿပီး ဝါးလုံးနဲ႔ သိမ္းႀကဳံးရမ္းေနတာမဟုတ္ဘူး ။

စာအုပ္ေတြထဲမွာ . . .မိန္းမတစ္ေယာက္ရဲ႕မာယာေတြဟာ ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းတဲ့အေၾကာင္းပဲ ေရးထားတတ္ၾကတယ္ မသိရင္ ေယာက္်ားေတြမွာ မာယာေတြမရွိတဲ့အတိုင္းေပါ့ တကယ္ဆို ေယာက္်ားေတြ သုံးတတ္မာယာက ပိုၿပီးမ်ားသလို ပိုၿပီးလဲ ေၾကာက္ဖို႔ေကာင္းပါတယ္ ။ သိပ္ခ်စ္တာပဲ ဆိုတဲ့စကားကအစ . . . ေနာက္ဆုံး မျဖစ္ႏိုင္လို႔ပါဆိုတဲ့ စကားလုံးေတြ တိုင္းမွာ မာယာေတြ ပါၿပီးသားပဲေလ ။

ေယာက္်ားေလးေတြက . . .ဘယ္ေတာ့မွ လမ္းခြဲရေအာင္လို႔စၿပီးမေျပာဘူး ။ ဒါေပမယ့္ တစ္ဖက္က မိန္းမသားကို လမ္းမခြဲခြဲခ်င္တဲ့အထိ စိတ္မပ်က္ မပ်က္ပ်က္ေအာင္ အမ်ိဳးမ်ိဳးေတြလုပ္ၿပီး မိန္းကေလးဖက္က ထားသြားေအာင္ လုပ္တဲ့ေနရာမွာ တအားကို ဆရာက်တယ္ေလ ။ ၿပီးရင္ သူတို႔ပဲ အထားသြားခံရသလို . . . ၿပီးရင္ သစၥာေဖာက္ခံရသလို ဒရမ္မာေတြ ခင္းၿပီး အသနားေတြ ခံခ်င္ၾကေသးတာ ။

ၿပီးရင္ သိပ္ၿပီးလဲ အေျပာင္းအလဲ ျမန္တယ္ …စခ်စ္ခဲ့တုန္းက ဓူဝံၾကယ္ကို စြတ္ေပးမယ့္လူနဲ႔ ေကာင္းကင္ကို ဒူးနဲ႔တိုက္မယ့္လူနဲ႔ တကယ္တမ္း ကိုယ့္အခ်စ္ကို ရသြားတဲ့အခါက် မိုး႐ြာရင္ေတာင္ ေၾကာက္ေနတတ္ၾကတယ္ေလ ။ မိုး႐ြာလို႔ပါ ေနပူလို႔ပါ အေၾကာင္းျပခ်က္ေပါင္းမ်ားစြာနဲ႔ ေျပာင္းလဲလိုက္ဖို႔၀န္မေလးတတ္ၾကဘူး ။

မိန္းမ မာယာ . . .တဲ့ အဲ့ဒီမိန္းမ မာယာေတြက ေခါင္းစဥ္တပ္လို႔ရပါေသးတယ္ ။ ဘယ္ေနရာမွာ ေဖာ္ျပထားျခင္း မရွိတဲ့ ေယာက္်ားမာယာေတြကေတာ့ ဘာနဲ႔မွ ႏႈိင္းမရေအာင္ မ်ားျပားလြန္းတာပဲ။ အဲ့ဒီမာယာေတြကို မေရွာင္ႏိုင္ခဲ့တဲ့ မိန္းမသားေတြက နာက်င္ရတာပါပဲ ။

ေယာက္်ားေတြက နားလည္ရခက္တယ္ တကယ္ကို သိပ္ခက္တာပါ ။ တစ္စိုက္မတ္မတ္ေတြးထားလို႔မရသလို . . . တစ္စိုက္မတ္မတ္ ယုံၾကည္ထားလိုက္လို႔မရဘူး ။ ယုံၾကည္မိရင္ ယုံၾကည္လိုက္တဲ့သူကပဲ မွားတာ သူတို႔ဘယ္ေတာ့မွ မမွားဘူး ။ သူငါ့ကို ခ်စ္တာပဲ ငါေတာ့ ျပန္ၿပီးၾကင္နာဖို႔ေတြးလိုက္တာနဲ႔ ကိုယ့္မွာ စၿပီးရႈံးေတာ့တာပဲေလ ။

သူတို႔က ၁၀၀ရာခိုင္ႏႈန္းက စခ်စ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် တေျဖးေျဖး သုညနား ကပ္လာတယ္ေလ ။ မိန္းကေလးေတြက သုညက စခ်စ္ၿပီး တေျဖးေျဖး ဆက္ၿပီးခ်စ္လာတာနဲ႔အမွ် တေျဖးေျဖးစၿပီး ရႈံးေတာ့တာပါပဲ ။

ေယာက္်ားေတြကေလ မိန္းကေလးထက္ ပိုၿပီး မာယာေတြ မ်ားသလို ပိုၿပီးလဲ နားလည္ရခက္ပါတယ္ ။

မိန္းမသားတုိ့အတြက္
သွ်င္ယြန္း