ကိုယ်ရပ်နေတဲ့အရပ်မှာ ပျော်အောင်နေပါတယ်

ရောက်ရာအရပ်မှာ မပျော်ပေမယ့် ကိုယ့်ကိုကိုယ် ပျော်အောင်နေတတ်ပါတယ် မခေါ်တဲ့ချင်တဲ့လက်တွေဆီ မကမ်းမီအောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ထားရင်းနဲ့

အပေါ်ယံဆက်ဆံရေးတွေကို ကိုယ်လဲသူတို့လို ရေလိုက် ငါးလိုက်လေးဆက်ဆံရင်းနဲ့

မကြိုဆိုတဲ့အရပ်ကို မသွားမီအောင် ကိုယ့်ကိုကိုယ် တားဆီးရင်းနဲ့ ကိုယ်ရပ်နေတဲ့အရပ်မှာ ပျော်အောင်နေပါတယ်

တစ်ခါတုန်းကနဲ့တော့ မတူဘူးပေါ့ ခေါ်ချင်မှန်းမသိ မခေါ်ချင်မှန်းမသိ နေရာတကာ လိုက်ပြီး ပါခဲ့ဖူးတာ ပေါင်းချင်းမှန်းမသိ မပေါင်းချင်မှန်းမသိ ကိုယ့်မှာ အရာရာအလျော့​ပေးပြီး ပေါင်းခဲ့တာ ကြိုနေမှန်းမသိ မကြိုမှန်းမသိ မျှော်နေမယ်အထင်နဲ့ အပြေးလေးရောက်သွားခဲ့ဖူးတာ

အခုတော့ အရာအားလုံးကို ချုပ်တည်းပြီး ရပ်နေတဲ့အရပ်မှာ ပျော်အောင်နေပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း






မိန်းမသားတို့အတွက်
သျှင်ယွန်း