ငိုနေရုံနဲ့ ပြီးမသွားမယ့် ပြဿနာကို ရီမောပြီးပဲ ကျော်ဖြတ်ကြတာပေါ့

ဒဏ်ရါဒဏ်ချက်တွေ ဘယ်လောက်ပဲရပါစေ ပျော်အောင်နေပါ . . . ကိုယ့်အနားမှာ ဘယ်တစ်ဦးတစ်ယောက်မှ မရှိလဲနေပါစေပျော်အောင်နေပါ . . .

အငိုနဲ့စခဲ့ရတဲ့ ဘ၀မှာ ပျော်စရာ ဘယ်လောက်များများရှိမယ်လို့ ထင်လဲ . . . မနေတတ်ရင်တော့ အားလုံးဟာ မကျေနပ်စရာတွေပါပဲဘ၀ တကယ့်ကို တိုတိုလေးပါ

၀မ်းနည်းစရာအတိတ်ဆိုရင် မေ့ဖျောက်ပစ်လိုက် ပစ္စပ္ပုန်ထိ လိုက်ပြီး စိတ်ညစ်နေရင် အများကြီးနစ်နာတယ် ပြီးတော့ . . . ကိုယ့်ကိုမျက်ရည်ကျစေတဲ့လူဆိုရင် မေ့ဖျောက်ပစ်လိုက် ကိုယ့်ကို ဘယ်သူများပျော်အောင်ထားမလဲလို့ ဘယ်တော့မှ မမျှော်လင့်နဲ့ ငါ ပျော်ဖို့ ငါကိုယ်တိုင်မှာပဲ တာ၀န်ရှိတယ်လို့ ခံယူထားပါ

လောကဓံ ဘယ်လောက် ရိုက်ပုတ် ရိုက်ပုတ် ကိုယ်အပြုံးမပျက်သေးသရွေ့ မရှုံးသေးဘူး

ငိုနေရုံနဲ့ ပြီးမသွားမယ့် ပြဿနာကို ရီမောပြီးပဲ ကျော်ဖြတ်ကြတာပေါ့ . . . . .

မိန်းမသားတို့အတွက်
သျှင်ယွန်း






မိန်းမသားတို့အတွက်
သျှင်ယွန်း