ကျွန်မကို ထားခဲ့တဲ့သူ

ကျွန်မကို ထားခဲ့တဲ့သူ …

တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ ဆိုတဲ့ အရာတွေထဲမှာ ကျွန်မရဲ့ အချစ်ရေးဟာလဲ မမြဲခြင်းထဲမှာပါခဲ့တယ် ။ သူ လှလှလေးတွေ ပြုံးတတ်တယ် ။ ချိုချိုသာသာလေးတွေ ပြောတတ်တယ် ။ ပြီးတော့ ဂရုစိုက်ပြရင်း ကျွန်မ အချစ်ကို ယူခဲ့တယ် ။

တွဲထားတဲ့လက်တွေကို မြဲစေချင်တဲ့စိတ်နဲ့ သူက စချစ်ခဲ့တဲ့ ဒီဇာတ်လမ်းမှာ ကျွန်မ ဆက်ပြီးချစ်ခဲ့မိတယ် ။ တင်းလွန်းရင်ပြတ်တတ်တယ် တဲ့ … အဲ့ဒီအတွေးနဲ့ပဲ ကျွန်မ ကိုယ့်ဘက်က ဦးအောင် လျှော့ခဲ့မိတာတွေလဲ အခါခါပါ ။

တောင်းပန်စရာမလိုပဲ ခွင့်လွှတ်ပေးခဲ့တာကို ရေတွက်ရင် … မဆုံးနိုင်ဘူး ။ ချစ်လာမမေးပဲ ချစ်တယ် ပြောခဲ့မိတာတွေလဲ အကြိမ်ပေါင်းမနည်းဘူး ။ သူဂရုမစိုက်တဲ့အခါ ကျွန်မ ဘက် အရင် ဂရုစိုက်ပေးခဲ့တာလဲ အခါခါပါ ။

အဲ့ဒီနေ့မှာတော့ … ကျွန်မ မျက်ရည်တွေကျနေတာကို လျစ်လျူရှုခဲ့ပြီး လက်တွဲတွေ ဖြုတ်ခဲ့တယ် ကျွန်မဆွဲထားတဲ့လက်တွေကို မျက်ကွယ်ပြုပြီး ကျောခိုင်းသွားခဲ့တယ် ။ ကျွန်မ ပဲ မချစ်တတ်ခဲ့တာလား ဒါမှမဟုတ် ကျွန်မ ချစ်ကြောင်း မပြတတ်ခဲ့တာလားပေါ့ ။

ကျွန်မကို ထားခဲ့သူကို နာစရာတွေ အများကြီးထဲကမှ လွမ်းနေမိသေးတယ်ဆိုရင် ကျွန်မကို ရူးတယ်လို့ ပြောချင်လဲ ပြောပါ ။ ပြန်လာပါစေဆိုတဲ့ ဆုတွေ မတောင်းပဲ သူပျော်ပါစေဆိုတဲ့ မေတ္တာတွေပို့နေတဲ့ ကျွန်မသည်လည်း ကိုယ့်စိတ်ကိုယ် ဘယ်လို ဖြေသိမ့်ရမလဲ မသိခဲ့ဘူး ။ သူ …. ကျွန်မကို ထားခဲ့တဲ့သူ ပျော်ပါစေပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မကို ထားခဲ့တဲ့သူ …

ေတြ႕ဆုံႀကဳံကြဲ ျဖစ္ၿမဲဓမၼတာ ဆိုတဲ့ အရာေတြထဲမွာ ကြၽန္မရဲ႕ အခ်စ္ေရးဟာလဲ မၿမဲျခင္းထဲမွာပါခဲ့တယ္ ။ သူ လွလွေလးေတြ ၿပဳံးတတ္တယ္ ။ ခ်ိဳခ်ိဳသာသာေလးေတြ ေျပာတတ္တယ္ ။ ၿပီးေတာ့ ဂ႐ုစိုက္ျပရင္း ကြၽန္မ အခ်စ္ကို ယူခဲ့တယ္ ။

တြဲထားတဲ့လက္ေတြကို ၿမဲေစခ်င္တဲ့စိတ္နဲ႔ သူက စခ်စ္ခဲ့တဲ့ ဒီဇာတ္လမ္းမွာ ကြၽန္မ ဆက္ၿပီးခ်စ္ခဲ့မိတယ္ ။ တင္းလြန္းရင္ျပတ္တတ္တယ္ တဲ့ … အဲ့ဒီအေတြးနဲ႔ပဲ ကြၽန္မ ကိုယ့္ဘက္က ဦးေအာင္ ေလွ်ာ့ခဲ့မိတာေတြလဲ အခါခါပါ ။

ေတာင္းပန္စရာမလိုပဲ ခြင့္လႊတ္ေပးခဲ့တာကို ေရတြက္ရင္ … မဆုံးႏိုင္ဘူး ။ ခ်စ္လာမေမးပဲ ခ်စ္တယ္ ေျပာခဲ့မိတာေတြလဲ အႀကိမ္ေပါင္းမနည္းဘူး ။ သူဂ႐ုမစိုက္တဲ့အခါ ကြၽန္မ ဘက္ အရင္ ဂ႐ုစိုက္ေပးခဲ့တာလဲ အခါခါပါ ။

အဲ့ဒီေန႔မွာေတာ့ … ကြၽန္မ မ်က္ရည္ေတြက်ေနတာကို လ်စ္လ်ဴရႈခဲ့ၿပီး လက္တြဲေတြ ျဖဳတ္ခဲ့တယ္ ကြၽန္မဆြဲထားတဲ့လက္ေတြကို မ်က္ကြယ္ျပဳၿပီး ေက်ာခိုင္းသြားခဲ့တယ္ ။ ကြၽန္မ ပဲ မခ်စ္တတ္ခဲ့တာလား ဒါမွမဟုတ္ ကြၽန္မ ခ်စ္ေၾကာင္း မျပတတ္ခဲ့တာလားေပါ့ ။

ကြၽန္မကို ထားခဲ့သူကို နာစရာေတြ အမ်ားႀကီးထဲကမွ လြမ္းေနမိေသးတယ္ဆိုရင္ ကြၽန္မကို ႐ူးတယ္လို႔ ေျပာခ်င္လဲ ေျပာပါ ။ ျပန္လာပါေစဆိုတဲ့ ဆုေတြ မေတာင္းပဲ သူေပ်ာ္ပါေစဆိုတဲ့ ေမတၱာေတြပို႔ေနတဲ့ ကြၽန္မသည္လည္း ကိုယ့္စိတ္ကိုယ္ ဘယ္လို ေျဖသိမ့္ရမလဲ မသိခဲ့ဘူး ။ သူ …. ကြၽန္မကို ထားခဲ့တဲ့သူ ေပ်ာ္ပါေစေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း