ကျွန်မ မက်တဲ့ငွေမှာ သူတစ်ပါးမျက်ရည်စက်တွေ မပါဘူး

မင်းတို့မိန်းမတွေက ငွေသိပ်မက်လွန်းတယ်ဆိုတဲ့စကားတွေ အများကြီးကြားဖူးကြမှာပါ . . . ဟုတ်ပါတယ် ကျွန်မ ငွေမက်တယ် ။ ဘာကြောင့် ငွေမက်ရလဲ ဆိုတဲ့ အကြောင်းပြချက်တွေမှ အများကြီးပါ ။

ငွေမရှိရင် အပေါင်းအသင်းကြားမှာ မျက်နှာငယ်ရတတ်တယ် . . .ခေါ်ချင်သလို မခေါ်ချင်သလိုလို မျက်နှာတွေနဲ့ အဆက်ဆံ ခံရဖူးပါတယ် ။ လေယူရာသိမ်းတတ်တဲ့ မိတ်ဆွေဆိုတာ သူတို့လိုချင်တာမရှိတော့တာနဲ့ ကိုယ့်ကို အပြစ်ဖို့ပြီး သူတို့ကိုယ်တိုင် နောက်ကျောကို ဓားနဲ့ထိုးတတ်ကြတာမျိုးလေ ။ ဒါတွေ ကျွန်မ ကြုံခဲ့သိခဲ့ရပြီးပါပြီ

ငွေမရှိပဲ နေခဲ့ရဖူးတယ် ၀င်ငွေမရှိပဲ ရပ်တည်ခဲ့ရဖူးတယ် ဖေးမကူညီမယ့်သူ အားပေးနှစ်သစ်မယ့်လူထက် ကိုယ်အားနည်းနေမှန်းသိတဲ့အခါ ထိုးနှက်ကြတဲ့သူတွေချည်းပဲ အဲ့ဒီပါးစပ်ပေါက်တွေကို ငွေနဲ့ပိတ်ပစ်လိုက်လို့ရမှန်း ကျွန်မ သင်ယူခဲ့ရတယ်လေ ။

မိန်းမတွေက ငွေသိပ်မက်လွန်းတယ်လို့ထင်တဲ့ယောက်ျားတွေကိုလဲ မီးဖိုချောင်ထဲ ၀င်ကြည့်စေချင်တယ် ။ ကုန်စျေးနှုန်းဆိုတာ ယုန်လို ပြေးနေတာမျိုးလေ ။ ဒီနေ့တစ်ရာနဲ့ ရချင်ရလိမ့်မယ် မနက်ဖြန် ဘယ်လောက်ဖြစ်မလဲတော့ မသေချာဘူး တစ်ခါလောက်ဖြစ်ဖြစ် ကိုယ်တိုင်လေး စျေးလိုက်ကြည့်စေချင်တယ် ။ အဲ့တာမှ ဘာကြောင့်ငွေမက်လဲ ဘာကြောင့် ငွေတွေကုန်လဲ သိနားလည်လာမှာ

ငွေမရှိရင် . . . ဘယ်ဆွေမျိုးမှလဲ အနားကပ်ချင်ကြတာ မဟုတ်ဘူး အမျိုးတော်တာလားလို့မေးရင်တောင် ပါးစပ်ပိတ်ပြီးနေကြလိမ့်မယ် ။ အမှားတွေမရှိပဲနဲ့တောင် သူတို့ဦးအောင် အပုတ်ချတတ်ကြတာမျိုးလေ ။ ဒါတွေကြောင့် ကျွန်မ ငွေမက်တတ်လာတာပါ ။

ချို့တဲ့တဲ့ကျန်းမာရေးကို အထူးကုကြီးတွေလက်အပ်ဖို့ငွေဆိုတာလိုအပ်တယ်လေ ။ အချိန်တန်ရင် အားလုံးထားခဲ့ရမှာ ဆိုပေမယ့် အချိန်မတန်ခင်တော့ ဘယ်သူက မှ ထွက်မသွားချင်ကြပါဘူး ငါ့မှာသာ ငွေရှိခဲ့ရင်ဆိုတဲ့နောင်တနဲ့ ကျွန်မ မသေဆုံးသွားချင်ဘူး ။ ပြီးရင် ကျွန်မ မိဘတွေရှိသေးတယ် လက်ထဲမှာ ငွေမရှိပဲ ကိုယ့်အဖေ ကိုယ့်အမေဖြစ်ချင်တဲ့အရာလေးတွေကို လုပ်ပေးခွင့်မရလိုက်မှာ ကြောက်တဲ့စိတ်တစ်၀က်နဲ့ ကျွန်မငွေမက်တတ်ခဲ့တာပါ ။

ဒါပေမယ့် ကျွန်မမက်ထဲ ငွေထဲမှာ သူတစ်ပါးရဲ့ မျက်ရည်တွေနဲ့ ရင်းထားတဲ့ မသထာရေစာတွေ မပါဘူး ကိုယ့်ခြေကိုယ့်လက်နဲ့လုပ်ပြီးရလာတဲ့ ကျွန်မ ချွေးနဲစာလေးကိုပဲ မက်တယ် ။ ကြိုက်တဲ့ခေါင်းစဉ်တပ်ပါ . . . ငွေမက်တဲ့မိန်းမလို့ပြောချင်သလောက်လဲ ပြောပါတယ် ငွေမရှိတဲ့ဘ၀ဟာ ဘယ်လောက်ခက်ခဲကြမ်းတမ်းလဲဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိတဲ့အတွက် ကိုယ့်လိပ်ပြာကိုယ်သန့်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မင္းတို႔မိန္းမေတြက ေငြသိပ္မက္လြန္းတယ္ဆိုတဲ့စကားေတြ အမ်ားႀကီးၾကားဖူးၾကမွာပါ . . . ဟုတ္ပါတယ္ ကြၽန္မ ေငြမက္တယ္ ။ ဘာေၾကာင့္ ေငြမက္ရလဲ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြမွ အမ်ားႀကီးပါ ။

ေငြမရွိရင္ အေပါင္းအသင္းၾကားမွာ မ်က္ႏွာငယ္ရတတ္တယ္ . . .ေခၚခ်င္သလို မေခၚခ်င္သလိုလို မ်က္ႏွာေတြနဲ႔ အဆက္ဆံ ခံရဖူးပါတယ္ ။ ေလယူရာသိမ္းတတ္တဲ့ မိတ္ေဆြဆိုတာ သူတို႔လိုခ်င္တာမရွိေတာ့တာနဲ႔ ကိုယ့္ကို အျပစ္ဖို႔ၿပီး သူတို႔ကိုယ္တိုင္ ေနာက္ေက်ာကို ဓားနဲ႔ထိုးတတ္ၾကတာမ်ိဳးေလ ။ ဒါေတြ ကြၽန္မ ႀကဳံခဲ့သိခဲ့ရၿပီးပါၿပီ

ေငြမရွိပဲ ေနခဲ့ရဖူးတယ္ ၀င္ေငြမရွိပဲ ရပ္တည္ခဲ့ရဖူးတယ္ ေဖးမကူညီမယ့္သူ အားေပးႏွစ္သစ္မယ့္လူထက္ ကိုယ္အားနည္းေနမွန္းသိတဲ့အခါ ထိုးႏွက္ၾကတဲ့သူေတြခ်ည္းပဲ အဲ့ဒီပါးစပ္ေပါက္ေတြကို ေငြနဲ႔ပိတ္ပစ္လိုက္လို႔ရမွန္း ကြၽန္မ သင္ယူခဲ့ရတယ္ေလ ။

မိန္းမေတြက ေငြသိပ္မက္လြန္းတယ္လို႔ထင္တဲ့ေယာက္်ားေတြကိုလဲ မီးဖိုေခ်ာင္ထဲ ၀င္ၾကည့္ေစခ်င္တယ္ ။ ကုန္ေစ်းႏႈန္းဆိုတာ ယုန္လို ေျပးေနတာမ်ိဳးေလ ။ ဒီေန႔တစ္ရာနဲ႔ ရခ်င္ရလိမ့္မယ္ မနက္ျဖန္ ဘယ္ေလာက္ျဖစ္မလဲေတာ့ မေသခ်ာဘူး တစ္ခါေလာက္ျဖစ္ျဖစ္ ကိုယ္တိုင္ေလး ေစ်းလိုက္ၾကည့္ေစခ်င္တယ္ ။ အဲ့တာမွ ဘာေၾကာင့္ေငြမက္လဲ ဘာေၾကာင့္ ေငြေတြကုန္လဲ သိနားလည္လာမွာ

ေငြမရွိရင္ . . . ဘယ္ေဆြမ်ိဳးမွလဲ အနားကပ္ခ်င္ၾကတာ မဟုတ္ဘူး အမ်ိဳးေတာ္တာလားလို႔ေမးရင္ေတာင္ ပါးစပ္ပိတ္ၿပီးေနၾကလိမ့္မယ္ ။ အမွားေတြမရွိပဲနဲ႔ေတာင္ သူတို႔ဦးေအာင္ အပုတ္ခ်တတ္ၾကတာမ်ိဳးေလ ။ ဒါေတြေၾကာင့္ ကြၽန္မ ေငြမက္တတ္လာတာပါ ။

ခ်ိဳ႕တဲ့တဲ့က်န္းမာေရးကို အထူးကုႀကီးေတြလက္အပ္ဖို႔ေငြဆိုတာလိုအပ္တယ္ေလ ။ အခ်ိန္တန္ရင္ အားလုံးထားခဲ့ရမွာ ဆိုေပမယ့္ အခ်ိန္မတန္ခင္ေတာ့ ဘယ္သူက မွ ထြက္မသြားခ်င္ၾကပါဘူး ငါ့မွာသာ ေငြရွိခဲ့ရင္ဆိုတဲ့ေနာင္တနဲ႔ ကြၽန္မ မေသဆုံးသြားခ်င္ဘူး ။ ၿပီးရင္ ကြၽန္မ မိဘေတြရွိေသးတယ္ လက္ထဲမွာ ေငြမရွိပဲ ကိုယ့္အေဖ ကိုယ့္အေမျဖစ္ခ်င္တဲ့အရာေလးေတြကို လုပ္ေပးခြင့္မရလိုက္မွာ ေၾကာက္တဲ့စိတ္တစ္၀က္နဲ႔ ကြၽန္မေငြမက္တတ္ခဲ့တာပါ ။

ဒါေပမယ့္ ကြၽန္မမက္ထဲ ေငြထဲမွာ သူတစ္ပါးရဲ႕ မ်က္ရည္ေတြနဲ႔ ရင္းထားတဲ့ မသထာေရစာေတြ မပါဘူး ကိုယ့္ေျခကိုယ့္လက္နဲ႔လုပ္ၿပီးရလာတဲ့ ကြၽန္မ ေခြၽးနဲစာေလးကိုပဲ မက္တယ္ ။ ႀကိဳက္တဲ့ေခါင္းစဥ္တပ္ပါ . . . ေငြမက္တဲ့မိန္းမလို႔ေျပာခ်င္သေလာက္လဲ ေျပာပါတယ္ ေငြမရွိတဲ့ဘ၀ဟာ ဘယ္ေလာက္ခက္ခဲၾကမ္းတမ္းလဲဆိုတာ ကိုယ္ကိုယ္တိုင္ပဲ သိတဲ့အတြက္ ကိုယ့္လိပ္ျပာကိုယ္သန္႔ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း