ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ ဟန်ဆောင်တတ်လာတာပါပဲ

ရင့်ကျက်လာတယ်ဆိုတာ တကယ်တော့ ဟန်ဆောင်တတ်လာတာပါပဲ တစ်ခုခုကိုတမ်းတမ်းစွဲလိုချင်ပေမယ့် မျက်နှာလွဲ ဂဲပစ်ပြီး မလိုချင်ပါဘူးလို့ ခပ်တည်တည်ညာနိုင်တာမျိုးပေါ့

ကိုယ်တကယ် လိုချင်ပေမယ့် ကိုယ်မရနိုင်မှန်းသိတဲ့အခါ မလိုချင်ပါဘူးလို့ ညာရတာလဲများပြီလေ ဒါကိုပဲ ရင့်ကျက်လာလိုက်တာလို့ ခေါင်းစဥ်တွေ တပ်လာကြတာ

ရင့်ကျက်ဖို့အတွက် အသက်အရွယ်နဲ့လဲ မဆိုင်ဘူး ဖိုမ သဘာ၀နဲ့လဲ မဆိုင်ဘူး ရင့်ကျက်လောက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပဲ လိုတာပါ

ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်သွားပါတယ်ဆိုတဲ့ လူတွေရဲ့ အတိတ်ကို ကြည့်တဲ့အခါ အသက်အရွယ်နဲ့ မမျှတဲ့ လောကဓံတွေ အများကြီးရှိတယ် သူများကလေးတွေ မိဘရင်ခွင်မှာ နွေးနွေးထွေးထွေး နေနေတဲ့အချိန် သူတို့မှာ ဘ၀အတွက် ကြိုးစားရုန်းကန်နေရခဲ့တာလေ

သူများကလေးတွေ လိုချင်တာ တလိုက်ရုံနဲ့ ရနေတဲ့အချိန် သူတို့ လိုချင်တာတွေကို မလိုချင်ယောင်ဆောင်ပြီးနေတတ်လာတာ ပြီးတော့ ကိုယ်တကယ်မပျော်တဲ့အရပ်မှာတောင် ပြုံးပြီးနေတတ်လာတာပေါ့

ခုဆို ကျွန်မလဲ တော်တော်လေး ရင့်ကျက်လာပါပြီ ကိုယ်မပျော်တဲ့အရပ်မှာ ပြုံးပြုံးလေး နေတတ်လာသလို ကိုယ် လိုချင်တာတွေ ရမလာတဲ့အခါ မလိုချင်ပါဘူးလို့ ခပ်တည်တည်လေး ပြောတတ်လာပြီ ရင့်ကျက်မှုလို့ ခေါင်းစဥ်တပ်ထားပေမယ့် တကယ်တမ်းကျတော့ ဟန်ဆောင်ရတာပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ရင့္က်က္လာတယ္ဆိုတာ တကယ္ေတာ့ ဟန္ေဆာင္တတ္လာတာပါပဲ တစ္ခုခုကိုတမ္းတမ္းစြဲလိုခ်င္ေပမယ့္ မ်က္ႏွာလြဲ ဂဲပစ္ၿပီး မလိုခ်င္ပါဘူးလို႔ ခပ္တည္တည္ညာႏိုင္တာမ်ိဳးေပါ့

ကိုယ္တကယ္ လိုခ်င္ေပမယ့္ ကိုယ္မရႏိုင္မွန္းသိတဲ့အခါ မလိုခ်င္ပါဘူးလို႔ ညာရတာလဲမ်ားၿပီေလ ဒါကိုပဲ ရင့္က်က္လာလိုက္တာလို႔ ေခါင္းစဥ္ေတြ တပ္လာၾကတာ

ရင့္က်က္ဖို႔အတြက္ အသက္အ႐ြယ္နဲ႔လဲ မဆိုင္ဘူး ဖိုမ သဘာ၀နဲ႔လဲ မဆိုင္ဘူး ရင့္က်က္ေလာက္တဲ့ ဒဏ္ရာဒဏ္ခ်က္ေတြပဲ လိုတာပါ

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ရင့္က်က္သြားပါတယ္ဆိုတဲ့ လူေတြရဲ႕ အတိတ္ကို ၾကည့္တဲ့အခါ အသက္အ႐ြယ္နဲ႔ မမွ်တဲ့ ေလာကဓံေတြ အမ်ားႀကီးရွိတယ္ သူမ်ားကေလးေတြ မိဘရင္ခြင္မွာ ေႏြးေႏြးေထြးေထြး ေနေနတဲ့အခ်ိန္ သူတို႔မွာ ဘ၀အတြက္ ႀကိဳးစား႐ုန္းကန္ေနရခဲ့တာေလ

သူမ်ားကေလးေတြ လိုခ်င္တာ တလိုက္႐ုံနဲ႔ ရေနတဲ့အခ်ိန္ သူတို႔ လိုခ်င္တာေတြကို မလိုခ်င္ေယာင္ေဆာင္ၿပီးေနတတ္လာတာ ၿပီးေတာ့ ကိုယ္တကယ္မေပ်ာ္တဲ့အရပ္မွာေတာင္ ၿပဳံးၿပီးေနတတ္လာတာေပါ့

ခုဆို ကြၽန္မလဲ ေတာ္ေတာ္ေလး ရင့္က်က္လာပါၿပီ ကိုယ္မေပ်ာ္တဲ့အရပ္မွာ ၿပဳံးၿပဳံးေလး ေနတတ္လာသလို ကိုယ္ လိုခ်င္တာေတြ ရမလာတဲ့အခါ မလိုခ်င္ပါဘူးလို႔ ခပ္တည္တည္ေလး ေျပာတတ္လာၿပီ ရင့္က်က္မႈလို႔ ေခါင္းစဥ္တပ္ထားေပမယ့္ တကယ္တမ္းက်ေတာ့ ဟန္ေဆာင္ရတာပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း