ကိုယ့်အတွက်လဲ ကိုယ်ပြန်ကြည့်တတ်ဖို့လိုတယ်

ကိုယ့်အတွက်ကိုယ် ကြည့်တတ်အောင် ကြည့်ပါ အတ္တတွေနဲ့ ငါဖို့ ငါ့ဖို့လို့ ဆိုလိုတာ မဟုတ်ဘူး ပေးဆပ်သူတို့ နှလုံးသားဆိုတဲ့ အမည်ခံဟာ ကြားလို့ပဲ ကောင်းတယ် တကယ်တမ်းကျတော့ ခံစားရတော်တော် ခက်တဲ့အရာမျိုး ။

လိုချင်နေလျက်နဲ့ မပိုင်ဆိုင်မှန်းသိလို့ စွန့်လွှတ်ပစ်လိုက်ရတဲ့အခါ သွားချင်ပေမယ့် မခေါ်ချင်မှန်းသိလို့ ရပ်တန့်ပစ်လိုက်ရတဲ့အခါ ဘာမှ မဖြစ်သလို ပြုံးနေပေမယ့် ရင်ထဲမှာတော့ ကမ္ဘာတွေ ပျက်နေတတ်တယ်လေ

ကိုယ့်အတွက် ဒဏ်ရာ ဒဏ်ချက်တွေပဲ ရှိတဲ့အရပ်မှာ ပျော်နေပါတယ်ဆိုတာ တကယ်တော့ အလိမ်အညာသက်သက်ပဲ ဘယ်နည်းနဲ့မှ ပျော်နိုင်မှာမဟုတ်မှန်းသိတယ်လေ လူတိုင်းဟာ ကိုယ်ပေးဆပ်ရင်ပေးဆပ်သလောက် အနည်းနဲ့အများတော့ ပြန်ပြီးလိုချင်ကြတာချည်းပဲ

စေတနာတွေ ပေးတဲ့အခါ အနည်းဆုံး အသိအမှတ် ပြုမှုလေးတော့ ပြန်လိုချင်ကြတာပဲလေ တစ်ပါးသူကို ဂရုစိုက်လွန်းတဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကျ မေ့နေတတ်တယ် တဲ့ အမှန်ပဲ ဘယ်အရာမှာမဆို ကိုယ့်အတွက် ကိုယ်ထက် တစ်ပါးသူတွေငဲ့လွန်းတဲ့လူတွေက နောက်ဆုံး ဒဏ်ရာ ဒဏ်ချက်တွေပဲ ရလာတတ်တယ် အရာအားလုံး ပေးဆပ်ပြီးခဲ့တဲ့အခါ မှာတောင်ပေါ့

ကိုယ့်အတွက်ကိုယ်လဲ ပြန်ပြီး တွေးတတ်အောင်လုပ်ပါ အနည်းဆုံးတော့ ကိုယ့်မျက်နှာကိုယ်လေး မှန်ထဲပြန်ကြည့်သင့်တယ်လေ ဟုတ်တယ်မလား . . .ကိုယ့်မှာ အချိန်ကုန် လူပန်းရုံပဲ ရှိပြီး ကိုယ့်အတွက် ဘာမှ မကျန်ရင် ကိုယ်အများကြီးရှုံးတယ်

တစ်ခုခုလိုချင်တဲ့အခါ တစ်ခုခုက်ို ပြန်ပြီးပေးဆပ်ရတာ သဘာ၀ပါ ဒါပေမယ့် ကိုယ်အားလုံးပေးဆပ်ပြီးတာတောင် ဘာမှ ပြန်မရတတ်တဲ့အရပ်မှာတော့ ဆက်ပြီး ရပ်မနေသင့်တော့ဘူး

ဘ၀ တိုတိုလေးလို့ လူတိုင်းပြောကြပေမယ့် တကယ်တမ်းလျှောက်တဲ့အခါ ထင်ထားတာထက် ပိုပြီးခက်ခဲကြမ်းတမ်းတတ်တယ် အချိန်တွေ အများကြီး မဖြုန်းနဲ့ ကိုယ့်အနားက ထွက်မသွားစေချင်ရုံနဲ့ ဘာတွေပဲ ပေးဆပ်ပေးဆပ် ထွက်သွားမယ့်လူက ထွက်သွားမှာပဲ ကိုယ့်အတွက်လဲ ကိုယ်ပြန်ကြည့်တတ်ဖို့လိုတယ်

ဘ၀လမ်းမှာ ကိုယ်တစ်ယောက်တည်း ဆက်ပြီးလျှောက်ရမှာတွေ အများကြီးပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္အတြက္ကိုယ္ ၾကည့္တတ္ေအာင္ ၾကည့္ပါ အတၱေတြနဲ႔ ငါဖို႔ ငါ့ဖို႔လို႔ ဆိုလိုတာ မဟုတ္ဘူး ေပးဆပ္သူတို႔ ႏွလုံးသားဆိုတဲ့ အမည္ခံဟာ ၾကားလို႔ပဲ ေကာင္းတယ္ တကယ္တမ္းက်ေတာ့ ခံစားရေတာ္ေတာ္ ခက္တဲ့အရာမ်ိဳး ။

လိုခ်င္ေနလ်က္နဲ႔ မပိုင္ဆိုင္မွန္းသိလို႔ စြန္႔လႊတ္ပစ္လိုက္ရတဲ့အခါ သြားခ်င္ေပမယ့္ မေခၚခ်င္မွန္းသိလို႔ ရပ္တန္႔ပစ္လိုက္ရတဲ့အခါ ဘာမွ မျဖစ္သလို ၿပဳံးေနေပမယ့္ ရင္ထဲမွာေတာ့ ကမာၻေတြ ပ်က္ေနတတ္တယ္ေလ

ကိုယ့္အတြက္ ဒဏ္ရာ ဒဏ္ခ်က္ေတြပဲ ရွိတဲ့အရပ္မွာ ေပ်ာ္ေနပါတယ္ဆိုတာ တကယ္ေတာ့ အလိမ္အညာသက္သက္ပဲ ဘယ္နည္းနဲ႔မွ ေပ်ာ္ႏိုင္မွာမဟုတ္မွန္းသိတယ္ေလ လူတိုင္းဟာ ကိုယ္ေပးဆပ္ရင္ေပးဆပ္သေလာက္ အနည္းနဲ႔အမ်ားေတာ့ ျပန္ၿပီးလိုခ်င္ၾကတာခ်ည္းပဲ

ေစတနာေတြ ေပးတဲ့အခါ အနည္းဆုံး အသိအမွတ္ ျပဳမႈေလးေတာ့ ျပန္လိုခ်င္ၾကတာပဲေလ တစ္ပါးသူကို ဂ႐ုစိုက္လြန္းတဲ့လူေတြက ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဖို႔က် ေမ့ေနတတ္တယ္ တဲ့ အမွန္ပဲ ဘယ္အရာမွာမဆို ကိုယ့္အတြက္ ကိုယ္ထက္ တစ္ပါးသူေတြငဲ့လြန္းတဲ့လူေတြက ေနာက္ဆုံး ဒဏ္ရာ ဒဏ္ခ်က္ေတြပဲ ရလာတတ္တယ္ အရာအားလုံး ေပးဆပ္ၿပီးခဲ့တဲ့အခါ မွာေတာင္ေပါ့

ကိုယ့္အတြက္ကိုယ္လဲ ျပန္ၿပီး ေတြးတတ္ေအာင္လုပ္ပါ အနည္းဆုံးေတာ့ ကိုယ့္မ်က္ႏွာကိုယ္ေလး မွန္ထဲျပန္ၾကည့္သင့္တယ္ေလ ဟုတ္တယ္မလား . . .ကိုယ့္မွာ အခ်ိန္ကုန္ လူပန္း႐ုံပဲ ရွိၿပီး ကိုယ့္အတြက္ ဘာမွ မက်န္ရင္ ကိုယ္အမ်ားႀကီးရႈံးတယ္

တစ္ခုခုလိုခ်င္တဲ့အခါ တစ္ခုခုက္ို ျပန္ၿပီးေပးဆပ္ရတာ သဘာ၀ပါ ဒါေပမယ့္ ကိုယ္အားလုံးေပးဆပ္ၿပီးတာေတာင္ ဘာမွ ျပန္မရတတ္တဲ့အရပ္မွာေတာ့ ဆက္ၿပီး ရပ္မေနသင့္ေတာ့ဘူး

ဘ၀ တိုတိုေလးလို႔ လူတိုင္းေျပာၾကေပမယ့္ တကယ္တမ္းေလွ်ာက္တဲ့အခါ ထင္ထားတာထက္ ပိုၿပီးခက္ခဲၾကမ္းတမ္းတတ္တယ္ အခ်ိန္ေတြ အမ်ားႀကီး မျဖဳန္းနဲ႔ ကိုယ့္အနားက ထြက္မသြားေစခ်င္႐ုံနဲ႔ ဘာေတြပဲ ေပးဆပ္ေပးဆပ္ ထြက္သြားမယ့္လူက ထြက္သြားမွာပဲ ကိုယ့္အတြက္လဲ ကိုယ္ျပန္ၾကည့္တတ္ဖို႔လိုတယ္

ဘ၀လမ္းမွာ ကိုယ္တစ္ေယာက္တည္း ဆက္ၿပီးေလွ်ာက္ရမွာေတြ အမ်ားႀကီးပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း