မချစ်သင့်တဲ့လူအပေါ် ရူးရူးမိုက်မိုက်ချစ်မိနေခြင်းက ကိုယ့်ကို နာကျင်စေတာပါ

အချစ်က ပူလောင်စေတာ မဟုတ်ဘူး မချစ်သင့်တဲ့လူအပေါ် ရူးရူးမိုက်မိုက်ချစ်မိနေခြင်းက ကိုယ့်ကို နာကျင်စေတာပါ ဒါပေမယ့် လူဆိုတာမျိုးကလဲ ခက်တယ်လေ ကိုယ့်ကို အဖက်မလုပ်တဲ့လူကိုမှ တမ်းတမ်းဆွဲဖြစ်နေတတ်တာ

မနေချင်မှန်းသိသိရဲ့နဲ့ ကိုယ့်အချစ်တွေ တစ်နေ့တော့ နားလည်မှာပါဆိုပြီး ဆွဲထားချင်ကြတာလေ အချစ်လို့ ခေါင်းစဥ်တပ်ပြီး ကိုယ့်အနားမှာ ရပ်နေတဲ့လူတွေအပေါ် အများကြီး မျှော်လင့်မထားနဲ့ ဘယ်နေ့ ဘယ်ချိန် အချစ်တွေ ပျောက်သွားမလဲ မသိနိုင်ဘူးလေ ကိုယ်ကသာ အနာဂတ်တွေအိပ်မက်တွေ မက်ပြီး မျှော်လင့်ချက်တွေ ထားနေတာ ဘယ်အချိန် လေမုန်တိုင်းတိုက်ပြီး ပျက်စီးသွားနိုင်မလဲဆိုတာ မသိနိုင်ဘူး

ဒါကြောင့် ချစ်တော့ချစ်ပါ မျှော်လင့်ချက်တော့ နည်းနိုင်သမျ နည်းပါစေ မျှော်လင့်မိရင် မျှော်လင့်မိသလောက် ပြန်ပြီး နာကျင်ရတတ်တယ် ဖြစ်နိုင်ရင် ဘာအတွက်ကြောင့်မှ မနာကျင်စေလိုဘူး ကိုယ့်ကို မလိုအပ်ရင် ကိုယ်ကလဲ မလိုအပ်ဘူးဆိုတဲ့ မာနလေးတော့ထား အတင်းတွယ်ကပ်သလိုမျိုးဖြစ်နေရင် ကိုယ့်အတွက် အလိုလို တန်ဖိုးတွေ ကျသွားတတ်တယ်

လူတိုင်း အချစ်နဲ့ မကင်းသလို အချစ်နဲ့ပတ်သက်မိသူတိုင်းလဲ ဒဏ်ရာ ဒဏ်ချက် မကင်းတတ်ပါဘူး လွယ်လွယ်လေး ယုံမိတဲ့သူက ပိုပြီး ဒဏ်ရာနက်ရုံကလွဲလို့ လူတိုင်း ဒဏ်ရာ ဒဏ်ချက်ကိုယ်စီနဲ့ပါပဲ ပိုပြီး မျှော်လင့်ထားတဲ့လူတွေက ပိုပြီး ဒဏ်ရာ ဒဏ်ချက် ပြင်းတာပဲ ရှိတာပါ

တကယ်တော့ အချစ်က လူကို ပူလောင်စေတာမဟုတ်ဘူး မချစ်သင့်တဲ့လူအပေါ် ရူးရူးမိုက်မိုက်ချစ်နေမိခြင်းက လူကို နာကျင်စေတာပါအဲ့ဒီနာကျင်မှုတွေ လမ်းဆုံးမှာ အမုန်းနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်

ဒါကြောင့် ချစ်တယ်ဆိုတဲ့စကားကို ရင်ဘတ်ထဲက မပါပဲအပျော်သဘောသက်သက် မပြောနဲ့ တချို့တွေက ဘ၀တွေနဲ့ရင်းပြီးချစ်တတ်လို့ပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်စ္က ပူေလာင္ေစတာ မဟုတ္ဘူး မခ်စ္သင့္တဲ့လူအေပၚ ႐ူး႐ူးမိုက္မိုက္ခ်စ္မိေနျခင္းက ကိုယ့္ကို နာက်င္ေစတာပါ ဒါေပမယ့္ လူဆိုတာမ်ိဳးကလဲ ခက္တယ္ေလ ကိုယ့္ကို အဖက္မလုပ္တဲ့လူကိုမွ တမ္းတမ္းဆြဲျဖစ္ေနတတ္တာ

မေနခ်င္မွန္းသိသိရဲ႕နဲ႔ ကိုယ့္အခ်စ္ေတြ တစ္ေန႔ေတာ့ နားလည္မွာပါဆိုၿပီး ဆြဲထားခ်င္ၾကတာေလ အခ်စ္လို႔ ေခါင္းစဥ္တပ္ၿပီး ကိုယ့္အနားမွာ ရပ္ေနတဲ့လူေတြအေပၚ အမ်ားႀကီး ေမွ်ာ္လင့္မထားနဲ႔ ဘယ္ေန႔ ဘယ္ခ်ိန္ အခ်စ္ေတြ ေပ်ာက္သြားမလဲ မသိႏိုင္ဘူးေလ ကိုယ္ကသာ အနာဂတ္ေတြအိပ္မက္ေတြ မက္ၿပီး ေမွ်ာ္လင့္ခ်က္ေတြ ထားေနတာ ဘယ္အခ်ိန္ ေလမုန္တိုင္းတိုက္ၿပီး ပ်က္စီးသြားႏိုင္မလဲဆိုတာ မသိႏိုင္ဘူး

ဒါေၾကာင့္ ခ်စ္ေတာ့ခ်စ္ပါ ေမွ်ာ္လင့္ခ်က္ေတာ့ နည္းႏိုင္သမ် နည္းပါေစ ေမွ်ာ္လင့္မိရင္ ေမွ်ာ္လင့္မိသေလာက္ ျပန္ၿပီး နာက်င္ရတတ္တယ္ ျဖစ္ႏိုင္ရင္ ဘာအတြက္ေၾကာင့္မွ မနာက်င္ေစလိုဘူး ကိုယ့္ကို မလိုအပ္ရင္ ကိုယ္ကလဲ မလိုအပ္ဘူးဆိုတဲ့ မာနေလးေတာ့ထား အတင္းတြယ္ကပ္သလိုမ်ိဳးျဖစ္ေနရင္ ကိုယ့္အတြက္ အလိုလို တန္ဖိုးေတြ က်သြားတတ္တယ္

လူတိုင္း အခ်စ္နဲ႔ မကင္းသလို အခ်စ္နဲ႔ပတ္သက္မိသူတိုင္းလဲ ဒဏ္ရာ ဒဏ္ခ်က္ မကင္းတတ္ပါဘူး လြယ္လြယ္ေလး ယုံမိတဲ့သူက ပိုၿပီး ဒဏ္ရာနက္႐ုံကလြဲလို႔ လူတိုင္း ဒဏ္ရာ ဒဏ္ခ်က္ကိုယ္စီနဲ႔ပါပဲ ပိုၿပီး ေမွ်ာ္လင့္ထားတဲ့လူေတြက ပိုၿပီး ဒဏ္ရာ ဒဏ္ခ်က္ ျပင္းတာပဲ ရွိတာပါ

တကယ္ေတာ့ အခ်စ္က လူကို ပူေလာင္ေစတာမဟုတ္ဘူး မခ်စ္သင့္တဲ့လူအေပၚ ႐ူး႐ူးမိုက္မိုက္ခ်စ္ေနမိျခင္းက လူကို နာက်င္ေစတာပါအဲ့ဒီနာက်င္မႈေတြ လမ္းဆုံးမွာ အမုန္းနဲ႔ပဲ အဆုံးသတ္ေလ့ရွိတယ္

ဒါေၾကာင့္ ခ်စ္တယ္ဆိုတဲ့စကားကို ရင္ဘတ္ထဲက မပါပဲအေပ်ာ္သေဘာသက္သက္ မေျပာနဲ႔ တခ်ိဳ႕ေတြက ဘ၀ေတြနဲ႔ရင္းၿပီးခ်စ္တတ္လို႔ပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း