ရပါတယ် ဆိုတဲ့စကားလုံးကို အသွင်သွင်သုံးခဲ့တဲ့အခါ

ရပါတယ် ဆိုတဲ့စကားလုံးကို အသွင်သွင်သုံးခဲ့တဲ့အခါ အားနာလို့ပဲ ဖြစ်ဖြစ် မငြင်းရက်လို့ပဲ ဖြစ်ဖြစ် အမြဲတမ်း ကိုယ်အဆင်ပြေသည်ဖြစ်စေ မပြေဘူးဖြစ်စေ အကူညီလာတောင်းတဲ့အခါတိုင်း ရပါတယ်ဆိုတဲ့စကားလေးတစ်ခွန်း အမြဲတမ်းပြောဖြစ်တယ် ငြင်းဖို့ သတိမရခဲ့ဘူး အမြဲတမ်းဆိုမှ အမြဲတမ်းနီးပါးပါပဲ

ရပါတယ် ဆိုတဲ့စကားလုံးဟာ ကိုယ်လက်စွဲသုံးနေတဲ့ စကားလေးတစ်ခွန်းလိုတောင် ဖြစ်ခဲ့တယ် အားနားတတ်လွန်းခဲ့တာလေ ကျေးဇူးပြု၍ဆိုတဲ့ စကားလုံးတွေ မဆုံးခင်မှာ ကိုယ့်ဘက်က ရပါတယ်နော် ဆိုတာလေးပဲ ပြန်ဖြေဖြစ်ခဲ့တာ

အဆုံးသတ် ရလာဒ်ကတော့ ကိုယ်က ဘာပဲဖြစ်ဖြစ် အားနာတတ်လွန်းပြီး မငြင်းတတ်တဲ့အခါ နောက်ဆုံး ခက်ခဲပြီးကျန်ရစ်ခဲ့တဲ့လူဟာ ကိုယ်ကိုယ်တိုင်ဖြစ်လာခဲ့တယ်

အဲ့လို ကိုယ်ခက်ခဲလွန်းလို့ ကိုယ် အကူအညီလေး ပြန်တောင်းတဲ့ အခါ မအားသေးလို့ပါဆိုတာတွေ အဆင်​မပြေသေးလို့ပါဆိုတဲ့စကားတွေ နောက်တစ်ခါပေါ့ဆိုတဲ့ စကားတွေကို နေသားကျတဲ့အထိ သုံးသွားကြတာ

ကိုယ့်ဟာနဲ့ကိုယ်ဆိုရင် ဘာကြောင့်မှ ခက်ခဲစရာမရှိပါဘူး ကိုယ့်မှာ တခြားသူတွေကို ကူညီရင်း ကူညီရင်းနဲ့ ကိုယ်ကိုယ်တိုင် ဒုက္ခ ဖြစ်ရတာတွေပဲ အဖတ်တင်ရပါတယ် ဒါကြောင့် ရပါတယ်ဆိုတဲ့စကားလုံးကို ခဏခဏ မသုံးနဲ့တော့

ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့အခါ ငြင်းတတ်တဲ့ အကျင့်လေး ရှိအောင်လုပ်ပါ ။ဘယ်သူပဲ ဖြစ်နေဖြစ်နေပါ ကိုယ်အဆင်မပြေရင် ငြင်းသာငြင်း ငြင်းရမှာကို အားမနာနဲ့ ကျွန်မတို့ဟာ ရပါတယ်ဆိုတဲ့ စကားလုံးနဲ့ အမြဲတမ်းခေါင်းငြိမ့်လွန်းနေလို့ မဖြစ်တော့ပါဘူး ခေါင်းခါတတ်အောင်လဲ လုပ်ပါ

ကိုယ်တကယ် ဒုက္ခဖြစ်တဲ့အခါ ဘယ်သူ့လက်မှ လှမ်းဆွဲစရာ မရှိဘူးလေ ကိုယ့်ဒုက္ခတွေ ကိုယ်နဲ့သာ ဆိုင်တယ်လို့မှတ်ပြီး ကိုယ်ကိုယ်တိုင်ပဲ အဆင်ပြေသလို ဖြေရှင်းရမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကိုယ့်လို စာနာလိမ့်မှာ မဟုတ်ဘူး သူတို့လိုချင်တာ ရပြီးသွားရင် ပေါ်လာချင်မှ ပေါ်လာတတ်တော့တာလေ ။

ရပါတယ် ဆိုတဲ့စကားလုံးကို ခဏခဏ မသုံးပါနဲ့ သူ့အခက်အခဲတွေ အဆင်ပြေအောင် ကြိုးစားပေးရင်း ကိုယ်ကိုယ်တိုင် ခက်ခဲသွားလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ရပါတယ္ ဆိုတဲ့စကားလုံးကို အသြင္သြင္သုံးခဲ့တဲ့အခါ အားနာလို႔ပဲ ျဖစ္ျဖစ္ မျငင္းရက္လို႔ပဲ ျဖစ္ျဖစ္ အၿမဲတမ္း ကိုယ္အဆင္ေျပသည္ျဖစ္ေစ မေျပဘူးျဖစ္ေစ အကူညီလာေတာင္းတဲ့အခါတိုင္း ရပါတယ္ဆိုတဲ့စကားေလးတစ္ခြန္း အၿမဲတမ္းေျပာျဖစ္တယ္ ျငင္းဖို႔ သတိမရခဲ့ဘူး အၿမဲတမ္းဆိုမွ အၿမဲတမ္းနီးပါးပါပဲ

ရပါတယ္ ဆိုတဲ့စကားလုံးဟာ ကိုယ္လက္စြဲသုံးေနတဲ့ စကားေလးတစ္ခြန္းလိုေတာင္ ျဖစ္ခဲ့တယ္ အားနားတတ္လြန္းခဲ့တာေလ ေက်းဇူးျပဳ၍ဆိုတဲ့ စကားလုံးေတြ မဆုံးခင္မွာ ကိုယ့္ဘက္က ရပါတယ္ေနာ္ ဆိုတာေလးပဲ ျပန္ေျဖျဖစ္ခဲ့တာ

အဆုံးသတ္ ရလာဒ္ကေတာ့ ကိုယ္က ဘာပဲျဖစ္ျဖစ္ အားနာတတ္လြန္းၿပီး မျငင္းတတ္တဲ့အခါ ေနာက္ဆုံး ခက္ခဲၿပီးက်န္ရစ္ခဲ့တဲ့လူဟာ ကိုယ္ကိုယ္တိုင္ျဖစ္လာခဲ့တယ္

အဲ့လို ကိုယ္ခက္ခဲလြန္းလို႔ ကိုယ္ အကူအညီေလး ျပန္ေတာင္းတဲ့ အခါ မအားေသးလို႔ပါဆိုတာေတြ အဆင္​မေျပေသးလို႔ပါဆိုတဲ့စကားေတြ ေနာက္တစ္ခါေပါ့ဆိုတဲ့ စကားေတြကို ေနသားက်တဲ့အထိ သုံးသြားၾကတာ

ကိုယ့္ဟာနဲ႔ကိုယ္ဆိုရင္ ဘာေၾကာင့္မွ ခက္ခဲစရာမရွိပါဘူး ကိုယ့္မွာ တျခားသူေတြကို ကူညီရင္း ကူညီရင္းနဲ႔ ကိုယ္ကိုယ္တိုင္ ဒုကၡ ျဖစ္ရတာေတြပဲ အဖတ္တင္ရပါတယ္ ဒါေၾကာင့္ ရပါတယ္ဆိုတဲ့စကားလုံးကို ခဏခဏ မသုံးနဲ႔ေတာ့

ကိုယ့္အတြက္ အဆင္မေျပႏိုင္တဲ့အခါ ျငင္းတတ္တဲ့ အက်င့္ေလး ရွိေအာင္လုပ္ပါ ။ဘယ္သူပဲ ျဖစ္ေနျဖစ္ေနပါ ကိုယ္အဆင္မေျပရင္ ျငင္းသာျငင္း ျငင္းရမွာကို အားမနာနဲ႔ ကြၽန္မတို႔ဟာ ရပါတယ္ဆိုတဲ့ စကားလုံးနဲ႔ အၿမဲတမ္းေခါင္းၿငိမ့္လြန္းေနလို႔ မျဖစ္ေတာ့ပါဘူး ေခါင္းခါတတ္ေအာင္လဲ လုပ္ပါ

ကိုယ္တကယ္ ဒုကၡျဖစ္တဲ့အခါ ဘယ္သူ႔လက္မွ လွမ္းဆြဲစရာ မရွိဘူးေလ ကိုယ့္ဒုကၡေတြ ကိုယ္နဲ႔သာ ဆိုင္တယ္လို႔မွတ္ၿပီး ကိုယ္ကိုယ္တိုင္ပဲ အဆင္ေျပသလို ေျဖရွင္းရမွာ ဘယ္သူတစ္ဦးတစ္ေယာက္ကမွ ကိုယ့္လို စာနာလိမ့္မွာ မဟုတ္ဘူး သူတို႔လိုခ်င္တာ ရၿပီးသြားရင္ ေပၚလာခ်င္မွ ေပၚလာတတ္ေတာ့တာေလ ။

ရပါတယ္ ဆိုတဲ့စကားလုံးကို ခဏခဏ မသုံးပါနဲ႔ သူ႔အခက္အခဲေတြ အဆင္ေျပေအာင္ ႀကိဳးစားေပးရင္း ကိုယ္ကိုယ္တိုင္ ခက္ခဲသြားလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း

Item added to cart.
0 items - Ks0.00