ဘယ္သူကမ်ား ေလာကႀကီးကို တစ္ေယာက္တည္းျဖတ္သန္းခ်င္ပါ့မလဲ

အထီးကျန်မှုဆိုတာ အဓိကအားဖြင့် ကိုယ်တန်ဖိုးထားရတဲ့လူတစ်ယောက်ရဲ့ အလေးမထားခြင်းတွေကနေ စတင်ဖြစ်ပေါ်တတ်တာပါ ကိုယ့်ဘေးနား ဘယ်သူ့မှ ရှိမနေရုံနဲ့ အထီးကျန်လာတတ်တာ မဟုတ်ဘူး

တကယ်တော့ ကိုယ်ချစ်ရတဲ့ ချစ်သူကပဲ ဖြစ်ဖြစ် မိသားစုကပဲ ဖြစ်ဖြစ် သူငယ်ချင်း မိတ်ဆွေတွေကပဲဖြစ်ဖြစ် ကိုယ့်ကို အလေးမထားတဲ့အခါ အထီးကျန်တတ်ပါတယ်

အထီးကျန်မှုဆိုတာ ခံစားလို့ ကောင်းတဲ့ အရာတစ်ခုမဟုတ်ဘူးပေါ့ ကိုယ်တစ်ခုခုဖြစ်တဲ့အခါ ပိုပြီး စိတ်ဓာတ်ကျရတယ် ငါ တစ်ခုခုဖြစ်တဲ့ ငါ့ဘေးနားမှာ ဘယ်သူမှ မရှိပါလားဆိုတဲ့အသိက ပိုလို့တောင် နာကျင်ရပါတယ်

အထီးကျန်မှုကို ကုစားဖို့ လူတွေအများကြီးရှိနေဖို့ မလိုဘူး လမ်းမီးတိုင်အောင်မှာ ရပ်ပြီး အလင်းပျောက်နေတဲ့ ခံစားချက်မျိုးကို ကြုံတွေ့ဖူးလား အထီးကျန်နေတဲ့လူတစ်ယောက်အတွက်ကတော့ မကြာခဏ ကြုံရဆုံရဖူးလိမ့်မယ် လူတွေ အများကြီးရှိနေတာ မှန်ပေမယ့် တစ်ဦးတစ်ယောက်မှ ကိုယ့်ကို နားလည်မှုမပေးနိုင်တာ ဘာထူးမှာလဲပေါ့

ပြီးရင် ဘယ်သူကများ လောကကြီးကို တစ်ယောက်တည်းဖြတ်သန်းချင်ပါ့မလဲ ကိုယ်၀မ်းနည်းတဲ့အခါ ကိုယ့် ၀မ်းနည်းမှုတွေကို စာနာနားလည်ပေးတတ်တဲ့သူ ဘယ်သူမဆို အလိုရှိတာပဲလေ ပျော်ရွှင်ရတဲ့အခါလဲ အတူတူ ရယ်မောကူမယ့်လူကို လိုအပ်ကြစမြဲပါ လောကမှာ ဘယ်လောက်ပဲသန်မာတယ်ပြောပြော

ကိုယ့်အပေါ်ယုံကြည်ပြီး ကိုယ်ကလဲ ယုံကြည်တဲ့လူတစ်ယောက်ရဲ့လက်ကို အနဲ နဲ့အများတော့ တောင့်တကြတာချည်းပါ အထီးကျန်မှုကို ကုစားဖို့ မူးပြီးမှောက်သွားတဲ့တတ်တဲ့ အရက်တွေ မလိုဘူး တိတ်ဆိတ်ငြိမ်သက်တဲ့ အရပ်တွေ မလိုဘူး ကိုယ် အလေးထားရတဲ့ လူတစ်ယောက်ရဲ့ ဂရုစိုက်မှုလေးပဲလိုတာပါ ဘယ်သူမှ အနားနားရှိနေဖို့ မလိုပါဘူး

တစ်ခုခုဖြစ်တိုင်း ငါ ရှိနေပေးမယ်နော်ဆိုတဲ့ အားပေးစကားလေးပဲ လိုတာပါ အများကြီးလဲ မဟုတ်ပါဘူး ပင်ပင်ပန်းပန်းကြီးလဲ မဟုတ်ပြန်ဘူး အဲ့တာကိုမှ မလုပ်ပေးနိုင်ကြဘူးဆိုရင်လဲ ကိုယ် အထီးကျန်ရမှာ ထိုက်တန်လို့ပဲ နေမှာပါ ထုံးစံအတိုင်းပေါ့ ဘယ်သူမှ မရှိလဲ ဖြစ်တယ်ဆိုတဲ့စကားကို မျက်ရည်ဝဲဝဲနဲ့ ကုန်းရုန်း အော်ရုံပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အထီးက်န္မႈဆိုတာ အဓိကအားျဖင့္ ကိုယ္တန္ဖိုးထားရတဲ့လူတစ္ေယာက္ရဲ႕ အေလးမထားျခင္းေတြကေန စတင္ျဖစ္ေပၚတတ္တာပါ ကိုယ့္ေဘးနား ဘယ္သူ႔မွ ရွိမေန႐ုံနဲ႔ အထီးက်န္လာတတ္တာ မဟုတ္ဘူး

တကယ္ေတာ့ ကိုယ္ခ်စ္ရတဲ့ ခ်စ္သူကပဲ ျဖစ္ျဖစ္ မိသားစုကပဲ ျဖစ္ျဖစ္ သူငယ္ခ်င္း မိတ္ေဆြေတြကပဲျဖစ္ျဖစ္ ကိုယ့္ကို အေလးမထားတဲ့အခါ အထီးက်န္တတ္ပါတယ္

အထီးက်န္မႈဆိုတာ ခံစားလို႔ ေကာင္းတဲ့ အရာတစ္ခုမဟုတ္ဘူးေပါ့ ကိုယ္တစ္ခုခုျဖစ္တဲ့အခါ ပိုၿပီး စိတ္ဓာတ္က်ရတယ္ ငါ တစ္ခုခုျဖစ္တဲ့ ငါ့ေဘးနားမွာ ဘယ္သူမွ မရွိပါလားဆိုတဲ့အသိက ပိုလို႔ေတာင္ နာက်င္ရပါတယ္

အထီးက်န္မႈကို ကုစားဖို႔ လူေတြအမ်ားႀကီးရွိေနဖို႔ မလိုဘူး လမ္းမီးတိုင္ေအာင္မွာ ရပ္ၿပီး အလင္းေပ်ာက္ေနတဲ့ ခံစားခ်က္မ်ိဳးကို ႀကဳံေတြ႕ဖူးလား အထီးက်န္ေနတဲ့လူတစ္ေယာက္အတြက္ကေတာ့ မၾကာခဏ ႀကဳံရဆုံရဖူးလိမ့္မယ္ လူေတြ အမ်ားႀကီးရွိေနတာ မွန္ေပမယ့္ တစ္ဦးတစ္ေယာက္မွ ကိုယ့္ကို နားလည္မႈမေပးႏိုင္တာ ဘာထူးမွာလဲေပါ့

ၿပီးရင္ ဘယ္သူကမ်ား ေလာကႀကီးကို တစ္ေယာက္တည္းျဖတ္သန္းခ်င္ပါ့မလဲ ကိုယ္၀မ္းနည္းတဲ့အခါ ကိုယ့္ ၀မ္းနည္းမႈေတြကို စာနာနားလည္ေပးတတ္တဲ့သူ ဘယ္သူမဆို အလိုရွိတာပဲေလ ေပ်ာ္႐ႊင္ရတဲ့အခါလဲ အတူတူ ရယ္ေမာကူမယ့္လူကို လိုအပ္ၾကစၿမဲပါ ေလာကမွာ ဘယ္ေလာက္ပဲသန္မာတယ္ေျပာေျပာ

ကိုယ့္အေပၚယုံၾကည္ၿပီး ကိုယ္ကလဲ ယုံၾကည္တဲ့လူတစ္ေယာက္ရဲ႕လက္ကို အနဲ နဲ႔အမ်ားေတာ့ ေတာင့္တၾကတာခ်ည္းပါ အထီးက်န္မႈကို ကုစားဖို႔ မူးၿပီးေမွာက္သြားတဲ့တတ္တဲ့ အရက္ေတြ မလိုဘူး တိတ္ဆိတ္ၿငိမ္သက္တဲ့ အရပ္ေတြ မလိုဘူး ကိုယ္ အေလးထားရတဲ့ လူတစ္ေယာက္ရဲ႕ ဂ႐ုစိုက္မႈေလးပဲလိုတာပါ ဘယ္သူမွ အနားနားရွိေနဖို႔ မလိုပါဘူး

တစ္ခုခုျဖစ္တိုင္း ငါ ရွိေနေပးမယ္ေနာ္ဆိုတဲ့ အားေပးစကားေလးပဲ လိုတာပါ အမ်ားႀကီးလဲ မဟုတ္ပါဘူး ပင္ပင္ပန္းပန္းႀကီးလဲ မဟုတ္ျပန္ဘူး အဲ့တာကိုမွ မလုပ္ေပးႏိုင္ၾကဘူးဆိုရင္လဲ ကိုယ္ အထီးက်န္ရမွာ ထိုက္တန္လို႔ပဲ ေနမွာပါ ထုံးစံအတိုင္းေပါ့ ဘယ္သူမွ မရွိလဲ ျဖစ္တယ္ဆိုတဲ့စကားကို မ်က္ရည္ဝဲဝဲနဲ႔ ကုန္း႐ုန္း ေအာ္႐ုံေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း