Single mother ဆိုတဲ့ဘ၀က လိုချင်လို့ရလာတာမဟုတ်ပါဘူး

Single Mother …..
အလွန်ဆုံးရှိလှမှ အသက် ၂၄ ၂၅ပေါ့ . . .သူ့ကြည့်တော့ ပိန်ပိန်ပါးပါး ဖြူဖြူလျော့လျော့လေးပါပဲ ဒါပေမယ့် လောကဓံကြောင့်ထင်တယ် မျက်လုံးတွေက နဲနဲလေး ခက်ထန်သယောင်ယောင်လေးဖြစ်နေတယ် ။ အရင်ကဆို . . .မိဘအိမ်မှာ ကျော့ကျော့လေး နေခဲ့ဖူးတယ်လို့မကြာခဏလေးပြောပြတယ် ။ ခုတော့ ကိုယ်ထူပြီး ကိုယ်ထဖို့ရင့်ကျက်နေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါပြီ တဲ့ ။

လွန်ခဲ့သော နှစ်တွေအကြောင်းပြောပြဖြစ်ကြတဲ့အခါ . . . သူနဲ့ကျွန်မ က လွန်ခဲ့တဲ့ နှစ်တွေက အရမ်းကို ချစ်ခဲ့ကြတာနဲ့ စပြောလေ့ရှိတယ် ။ အရမ်းလဲ သည်းခံတတ်သလို ကျွန်မအပေါ်ကိုလဲ သူက အလိုလိုက်တယ် ။ မိဘတွေကတော့ ကျွန်မ ငယ်သေးလို့သဘောမတူဘူး . . .ဒါပေမယ့် ကျွန်မတို့တွေ ခိုးပြေးဖြစ်ခဲ့ကြတယ် ။ အိမ်ထောင်ကျသွားပြီး တစ်နှစ်မှာ ကျွန်မတို အိမ်ထောင်ရေးက အစစအရာရာအဆင်ပြေတယ် ပျော်ရတယ် သူလဲ သူ့အလုပ်လေးကို တစ်စိုက်မတ်မတ်လေးလုပ်ပြီး ကျွန်မကို ဂရုစိုက်ပေးဖို့လဲ မပျက်ကွက်ခဲ့ဘူး ။အဲ့ဒီနေ့ရက်တွေတုန်းက ကျွန်မ ကျွန်မမိဘတွေကို ခြေစုံကန်ခဲ့မိတာ မှားလိုက်တာလို့နောင်တတွေ မရှိခဲ့ဘူး ။ ကျွန်မ တော်တော်လေးကို ပျော်ခဲ့တာပါ ။

ဒါပေမယ့် . . အဲ့ဒီအပျော်လေးတွေက ကြာကြာမခံပါဘူး ။ ကိုယ်၀န်ရှိပြီး သိပ်မကြာခင်မှာ သူ့ဇာတိအမှန်တွေ ပေါ်လာခဲ့တယ် ။တဖြေးဖြေး အိမ်ပြန်နောက်ကျတတ်လာသလို ကျွန်မကို ဂရုစိုက်ဖို့လဲ ပျက်ကွက်လာတယ် ။ ထရံကာ သွပ်မိုး ထားတဲ့ တစ်ထပ်အိမ်လေးထဲမှာ ကျွန်မ မျက်ရည်တွေ စပြီး ကျလာရတော့တာပဲ ။ အိမ်မှာ ကျွန်မ မျှော်နေမှာလားဆိုတဲ့အတွေး သူ့မှာ မရှိတော့ဘူး အိမ်ကို ပြန်လာချင်တဲ့အခါမှ ပြန်လာတယ် ပြန်လာတဲ့အခါတိုင်းလဲ မူးပြီးမှ ပြန်လာတတ်တယ် ။ အလုပ်တွေ အဆင်မပြေလို့ပါဆိုတဲ့အကြောင်းပြချက်တွေနဲ့ အရက်တွေ သောက်တတ်လာသလို အလုပ်တွေ များနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကျွန်မကို ပစ်ထားတတ်လာတယ် ။

ကျွန်မ. . .ကိုယ်၀န်ခြောက်လလောက်မှာ . . . သူရဲ့ ဖောက်လွဲဖောက်ပြန်တွေအကြောင်း စပြီး သိလာရတယ် ။ သူ့ရဲ့နောက်လူက တော်တော်လေးချစ်ဖို့ကောင်းတယ်တဲ့ ပြီးတော့ သူ့ကို အရမ်းကို နားလည်တတ်တာပါတဲ့ ဘယ်လောက်ရက်စက်တဲ့ ယောက်ျားလဲ ကျွန်မမှာ ငိုဖို့ကလွဲလို့ဘာဆိုဘာမှ မတတ်နိုင်ခဲ့ဘူး လူ့လောကထဲကို ရောက်မလာသေးတဲ့ ကိုယ့်ရဲ့သားလား သမီးလားမသိသေးတဲ့ ကလေးလေးကို အဖေမမဲ့စေချင်တဲ့စိတ်နဲ့ အတတ်နိုင်ဆုံးတောင်းပန်ခဲ့ပါတယ် ပြီးတော့ တတ်နိုင်တာတွေထက်ပိုပြီးလဲ ခွင့်လွှတ်ခဲ့ပါတယ် ။

ကျွန်မ မွေးခန်းထဲရောက်နေတဲ့အခါတောင် ကျွန်မအနားကို သူမရောက်လာခဲ့ဘူး ။ ကျွန်မခြေစုံကန်ခဲ့တဲ့အဖေနဲ့အမေကပဲ ကျွန်မအနားရှိနေပေးခဲ့တာပါ ။ ကျွန်မ ဘ၀ထဲမှာ တွယ်တာစရာလေးအဖြစ် သမီးလေး လောကထဲ ချောချောမွေ့မွေ့လေး ရောက်လာခဲ့ပါတယ် ဒါပေမယ့် ကျွန်မ ဆုံးဖြတ်ချက်တစ်ခုကို ခက်ခက်ခဲခဲလေးချခဲ့ရပါတယ် သူဆီ ပြန်မသွားခဲ့သလို သူ လိုချင်တဲ့ ကွာရှင်းစာချုပ်လေး လူကြုံပါးပေးလိုက်တယ် ။ ကျွန်မသမီးလေး မျက်နှာကို မြင်ပြီးသွားတဲ့အခါ အရာရာကို ရှေ့ဆက်ဖို့အားအင်တွေ ရှိလာတယ် ကျွန်မ . . .ဘဝတွေ ခက်ခဲလာရင်တောင် ကျွန်မ သမီးလေးအတွက် ရှေ့ဆက်ဖို့ပဲတွေးတယ် နာက်ကြောင်းတွေ ပြန်လှည့်ပြီး လွမ်းဆွေးနေဖို့အချိန်မရတော့ဘူး ။

Single mother ဆိုတဲ့ဘ၀က လိုချင်လို့ရလာတာမဟုတ်ပါဘူး မလိုချင်ပဲ ရလာတဲ့ဘ၀မှာအရင်ကထက်ပိုပြီး သန်မာအောင်နေပါတယ် ။ တစ်ခုလပ် တဲ့ ပတ်၀န်းကျင်က ထိကပါးရိကပါးလေး ပြောချင်ကြသေးတာ ဒါပေမယ့် ကျွန်မသမီးလေးအတွက် အဖေနေရာကော အမေနေရာကော မလစ်လပ်ဖို့အတတ်နိုင်ဆုံးကြိုးစားပါတယ်ဆိုတာထက် အတတ်နိုင်ဆုံးရုန်းကန်ပါတယ် ပြိုလဲကျစရာတွေရှိလာတဲ့အခါ သမီးလေးရဲ့ မျက်နှာက အကောင်းဆုံး အားဆေးတစ်ခွက်ပါပဲ ။ သမီးလေးရဲ့ ပြုံးခြင်းရယ်ခြင်းတွေက ကျွန်မအတွက် အားအင်တွေပါပဲ ။ Single Mother တဲ့ ကျွန်မ ခုဆို အဲ့နာမည်လေးကို တဖြေးဖြေးလေး သဘောကျတတ်လာပြီ ။ ကျွန်မက Single mother တစ်ယောက်ပါလို့ပြောဖို့မရှက်တော့ဘူး ။

ပုခက်ကိုင်သောလက်သည် ကမ္ဘာမြေကို ကိုင်လှုပ်နိုင်တဲ့အကြောင်း သက်သေပြနိုင်ကြပါစေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

Single Mother …..
အလြန္ဆုံးရွိလွမွ အသက္ ၂၄ ၂၅ေပါ့ . . .သူ႔ၾကည့္ေတာ့ ပိန္ပိန္ပါးပါး ျဖဴျဖဴေလ်ာ့ေလ်ာ့ေလးပါပဲ ဒါေပမယ့္ ေလာကဓံေၾကာင့္ထင္တယ္ မ်က္လုံးေတြက နဲနဲေလး ခက္ထန္သေယာင္ေယာင္ေလးျဖစ္ေနတယ္ ။ အရင္ကဆို . . .မိဘအိမ္မွာ ေက်ာ့ေက်ာ့ေလး ေနခဲ့ဖူးတယ္လို႔မၾကာခဏေလးေျပာျပတယ္ ။ ခုေတာ့ ကိုယ္ထူၿပီး ကိုယ္ထဖို႔ရင့္က်က္ေနတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေနပါၿပီ တဲ့ ။

လြန္ခဲ့ေသာ ႏွစ္ေတြအေၾကာင္းေျပာျပျဖစ္ၾကတဲ့အခါ . . . သူနဲ႔ကြၽန္မ က လြန္ခဲ့တဲ့ ႏွစ္ေတြက အရမ္းကို ခ်စ္ခဲ့ၾကတာနဲ႔ စေျပာေလ့ရွိတယ္ ။ အရမ္းလဲ သည္းခံတတ္သလို ကြၽန္မအေပၚကိုလဲ သူက အလိုလိုက္တယ္ ။ မိဘေတြကေတာ့ ကြၽန္မ ငယ္ေသးလို႔သေဘာမတူဘူး . . .ဒါေပမယ့္ ကြၽန္မတို႔ေတြ ခိုးေျပးျဖစ္ခဲ့ၾကတယ္ ။ အိမ္ေထာင္က်သြားၿပီး တစ္ႏွစ္မွာ ကြၽန္မတို အိမ္ေထာင္ေရးက အစစအရာရာအဆင္ေျပတယ္ ေပ်ာ္ရတယ္ သူလဲ သူ႔အလုပ္ေလးကို တစ္စိုက္မတ္မတ္ေလးလုပ္ၿပီး ကြၽန္မကို ဂ႐ုစိုက္ေပးဖို႔လဲ မပ်က္ကြက္ခဲ့ဘူး ။အဲ့ဒီေန႔ရက္ေတြတုန္းက ကြၽန္မ ကြၽန္မမိဘေတြကို ေျခစုံကန္ခဲ့မိတာ မွားလိုက္တာလို႔ေနာင္တေတြ မရွိခဲ့ဘူး ။ ကြၽန္မ ေတာ္ေတာ္ေလးကို ေပ်ာ္ခဲ့တာပါ ။

ဒါေပမယ့္ . . အဲ့ဒီအေပ်ာ္ေလးေတြက ၾကာၾကာမခံပါဘူး ။ ကိုယ္၀န္ရွိၿပီး သိပ္မၾကာခင္မွာ သူ႔ဇာတိအမွန္ေတြ ေပၚလာခဲ့တယ္ ။တေျဖးေျဖး အိမ္ျပန္ေနာက္က်တတ္လာသလို ကြၽန္မကို ဂ႐ုစိုက္ဖို႔လဲ ပ်က္ကြက္လာတယ္ ။ ထရံကာ သြပ္မိုး ထားတဲ့ တစ္ထပ္အိမ္ေလးထဲမွာ ကြၽန္မ မ်က္ရည္ေတြ စၿပီး က်လာရေတာ့တာပဲ ။ အိမ္မွာ ကြၽန္မ ေမွ်ာ္ေနမွာလားဆိုတဲ့အေတြး သူ႔မွာ မရွိေတာ့ဘူး အိမ္ကို ျပန္လာခ်င္တဲ့အခါမွ ျပန္လာတယ္ ျပန္လာတဲ့အခါတိုင္းလဲ မူးၿပီးမွ ျပန္လာတတ္တယ္ ။ အလုပ္ေတြ အဆင္မေျပလို႔ပါဆိုတဲ့အေၾကာင္းျပခ်က္ေတြနဲ႔ အရက္ေတြ ေသာက္တတ္လာသလို အလုပ္ေတြ မ်ားေနတယ္ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ ကြၽန္မကို ပစ္ထားတတ္လာတယ္ ။

ကြၽန္မ. . .ကိုယ္၀န္ေျခာက္လေလာက္မွာ . . . သူရဲ႕ ေဖာက္လြဲေဖာက္ျပန္ေတြအေၾကာင္း စၿပီး သိလာရတယ္ ။ သူ႔ရဲ႕ေနာက္လူက ေတာ္ေတာ္ေလးခ်စ္ဖို႔ေကာင္းတယ္တဲ့ ၿပီးေတာ့ သူ႔ကို အရမ္းကို နားလည္တတ္တာပါတဲ့ ဘယ္ေလာက္ရက္စက္တဲ့ ေယာက္်ားလဲ ကြၽန္မမွာ ငိုဖို႔ကလြဲလို႔ဘာဆိုဘာမွ မတတ္ႏိုင္ခဲ့ဘူး လူ႔ေလာကထဲကို ေရာက္မလာေသးတဲ့ ကိုယ့္ရဲ႕သားလား သမီးလားမသိေသးတဲ့ ကေလးေလးကို အေဖမမဲ့ေစခ်င္တဲ့စိတ္နဲ႔ အတတ္ႏိုင္ဆုံးေတာင္းပန္ခဲ့ပါတယ္ ၿပီးေတာ့ တတ္ႏိုင္တာေတြထက္ပိုၿပီးလဲ ခြင့္လႊတ္ခဲ့ပါတယ္ ။

ကြၽန္မ ေမြးခန္းထဲေရာက္ေနတဲ့အခါေတာင္ ကြၽန္မအနားကို သူမေရာက္လာခဲ့ဘူး ။ ကြၽန္မေျခစုံကန္ခဲ့တဲ့အေဖနဲ႔အေမကပဲ ကြၽန္မအနားရွိေနေပးခဲ့တာပါ ။ ကြၽန္မ ဘ၀ထဲမွာ တြယ္တာစရာေလးအျဖစ္ သမီးေလး ေလာကထဲ ေခ်ာေခ်ာေမြ႕ေမြ႕ေလး ေရာက္လာခဲ့ပါတယ္ ဒါေပမယ့္ ကြၽန္မ ဆုံးျဖတ္ခ်က္တစ္ခုကို ခက္ခက္ခဲခဲေလးခ်ခဲ့ရပါတယ္ သူဆီ ျပန္မသြားခဲ့သလို သူ လိုခ်င္တဲ့ ကြာရွင္းစာခ်ဳပ္ေလး လူႀကဳံပါးေပးလိုက္တယ္ ။ ကြၽန္မသမီးေလး မ်က္ႏွာကို ျမင္ၿပီးသြားတဲ့အခါ အရာရာကို ေရွ႕ဆက္ဖို႔အားအင္ေတြ ရွိလာတယ္ ကြၽန္မ . . .ဘဝေတြ ခက္ခဲလာရင္ေတာင္ ကြၽန္မ သမီးေလးအတြက္ ေရွ႕ဆက္ဖို႔ပဲေတြးတယ္ နာက္ေၾကာင္းေတြ ျပန္လွည့္ၿပီး လြမ္းေဆြးေနဖို႔အခ်ိန္မရေတာ့ဘူး ။

Single mother ဆိုတဲ့ဘ၀က လိုခ်င္လို႔ရလာတာမဟုတ္ပါဘူး မလိုခ်င္ပဲ ရလာတဲ့ဘ၀မွာအရင္ကထက္ပိုၿပီး သန္မာေအာင္ေနပါတယ္ ။ တစ္ခုလပ္ တဲ့ ပတ္၀န္းက်င္က ထိကပါးရိကပါးေလး ေျပာခ်င္ၾကေသးတာ ဒါေပမယ့္ ကြၽန္မသမီးေလးအတြက္ အေဖေနရာေကာ အေမေနရာေကာ မလစ္လပ္ဖို႔အတတ္ႏိုင္ဆုံးႀကိဳးစားပါတယ္ဆိုတာထက္ အတတ္ႏိုင္ဆုံး႐ုန္းကန္ပါတယ္ ၿပိဳလဲက်စရာေတြရွိလာတဲ့အခါ သမီးေလးရဲ႕ မ်က္ႏွာက အေကာင္းဆုံး အားေဆးတစ္ခြက္ပါပဲ ။ သမီးေလးရဲ႕ ၿပဳံးျခင္းရယ္ျခင္းေတြက ကြၽန္မအတြက္ အားအင္ေတြပါပဲ ။ Single Mother တဲ့ ကြၽန္မ ခုဆို အဲ့နာမည္ေလးကို တေျဖးေျဖးေလး သေဘာက်တတ္လာၿပီ ။ ကြၽန္မက Single mother တစ္ေယာက္ပါလို႔ေျပာဖို႔မရွက္ေတာ့ဘူး ။

ပုခက္ကိုင္ေသာလက္သည္ ကမာၻေျမကို ကိုင္လႈပ္ႏိုင္တဲ့အေၾကာင္း သက္ေသျပႏိုင္ၾကပါေစ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း