ဒီကပ်ဆိုးကြီး ပြီးသွားတဲ့အခါ

ဒီကပ်ဆိုးကြီး ပြီးသွားတဲ့အခါ . . . . ခရီးတွေ ထွက်ဖို့ တွန့်ဆုတ်နေတဲ့ စိတ်လေးကို ပြင်မယ်ကျောပိုးအိတ်လေးလွယ် ပြီးရင် ကင်မရာလေးတစ်လုံးကိုင်ပြီး ကိုယ်မရောက်ဖူးတဲ့ နေရာတွေ အများကြီးကို မရောက်ရောက်အောင်သွားမယ် ။

ဒီကပ်ဆိုးကြီး ပြီးသွားတဲ့အခါ . . . . ကိုယ်မစားဖြစ်ခဲ့တဲ့ အသစ်အဆန်းလေးတွေကို မကြိုက်ဖူးလို့ မငြင်းမိ​အောင် စားကြည့်ကြည့်မယ် ။ ဝိတ်ချတာ မချတာကနောက် . . . စားလို့ရတဲ့ အခိုက်အတန့်လေးမှာ စားချင်တဲ့အရာလေးတွေ စားမယ် ။

ဒီကပ်ဆိုးကြီး ပြီးသွားတဲ့အခါ . . . အမေရှိတဲ့ အိမ်လေးကို အလုပ်တွေဘယ်လောက်များများ မရောက်ရောက်အောင်သွားမယ် ။ ပြီးရင် စကားတွေ အများကြီးပြောမယ် အမေ့ကို ချစ်တယ်လို့ပြောပြီး အကြာကြီးဖတ်ထားမယ် အိမ်မှာ . . . အချိန်တွေ အကြာကြီး နေမယ် ။

ဒီကပ်ဆိုးကြီး ပြီးသွားတဲ့အခါ . . . သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Night out ထွက်မယ် သူငယ်ချင်းတွေ အများကြီးစုပြီး ခရီးတွေ ထွက်မယ် အရင်လို ပေါတောတောလေး ပျော်ချင်တယ်

ဒီ ကပ်ဆိုးကြီး ပြီးသွားတဲ့အခါ . . . . တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေးလေး ပွေ့ဖက်ကြမယ် ။ အလှဆုံးအပြုံးတွေနဲ့ နှုတ်ဆက်မယ် ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် အနီးကပ်ဆုံး ရှိနေကြမယ် ။

ဒီကပ်ဆိုးကြီးပြီးသွားတဲ့ အခါ. . . ချစ်ရတဲ့သူရဲ့အနားမှာ အလွမ်းတွေ သယ်မယ် ပြီးရင် အရင်ကထက် ပိုပြီး ချစ်ကြမယ် တစ်ယောက်မရှိရင် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ခက်ခဲတဲ့အကြောင်းတွေ ပြောပြီး တစ်ယောက်လက်ကို တစ်ယောက် ဆုတ်ကိုင်ထားပြမယ် ။

ဒီကပ်ဆိုးကြီး ပြီးသွားတဲ့အခါမှာပေါ့ . . . . .

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါ . . . . ခရီးေတြ ထြက္ဖို႔ တြန္႔ဆုတ္ေနတဲ့ စိတ္ေလးကို ျပင္မယ္ေက်ာပိုးအိတ္ေလးလြယ္ ၿပီးရင္ ကင္မရာေလးတစ္လုံးကိုင္ၿပီး ကိုယ္မေရာက္ဖူးတဲ့ ေနရာေတြ အမ်ားႀကီးကို မေရာက္ေရာက္ေအာင္သြားမယ္ ။

ဒီကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါ . . . . ကိုယ္မစားျဖစ္ခဲ့တဲ့ အသစ္အဆန္းေလးေတြကို မႀကိဳက္ဖူးလို႔ မျငင္းမိ​ေအာင္ စားၾကည့္ၾကည့္မယ္ ။ ဝိတ္ခ်တာ မခ်တာကေနာက္ . . . စားလို႔ရတဲ့ အခိုက္အတန္႔ေလးမွာ စားခ်င္တဲ့အရာေလးေတြ စားမယ္ ။

ဒီကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါ . . . အေမရွိတဲ့ အိမ္ေလးကို အလုပ္ေတြဘယ္ေလာက္မ်ားမ်ား မေရာက္ေရာက္ေအာင္သြားမယ္ ။ ၿပီးရင္ စကားေတြ အမ်ားႀကီးေျပာမယ္ အေမ့ကို ခ်စ္တယ္လို႔ေျပာၿပီး အၾကာႀကီးဖတ္ထားမယ္ အိမ္မွာ . . . အခ်ိန္ေတြ အၾကာႀကီး ေနမယ္ ။

ဒီကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါ . . . သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ Night out ထြက္မယ္ သူငယ္ခ်င္းေတြ အမ်ားႀကီးစုၿပီး ခရီးေတြ ထြက္မယ္ အရင္လို ေပါေတာေတာေလး ေပ်ာ္ခ်င္တယ္

ဒီ ကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါ . . . . တစ္ေယာက္နဲ႔တစ္ေယာက္ ေႏြးေႏြးေထြးေထြးေလး ေပြ႕ဖက္ၾကမယ္ ။ အလွဆုံးအၿပဳံးေတြနဲ႔ ႏႈတ္ဆက္မယ္ ၿပီးရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ အနီးကပ္ဆုံး ရွိေနၾကမယ္ ။

ဒီကပ္ဆိုးႀကီးၿပီးသြားတဲ့ အခါ. . . ခ်စ္ရတဲ့သူရဲ႕အနားမွာ အလြမ္းေတြ သယ္မယ္ ၿပီးရင္ အရင္ကထက္ ပိုၿပီး ခ်စ္ၾကမယ္ တစ္ေယာက္မရွိရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ဘယ္ေလာက္ခက္ခဲတဲ့အေၾကာင္းေတြ ေျပာၿပီး တစ္ေယာက္လက္ကို တစ္ေယာက္ ဆုတ္ကိုင္ထားျပမယ္ ။

ဒီကပ္ဆိုးႀကီး ၿပီးသြားတဲ့အခါမွာေပါ့ . . . . .

မိန္းမသားတို႔အတြက္
သွ်င္ယြန္း