ကိုယ်ရခဲ့တဲ့ ဒဏ်ရာတွေကိုရေတွက်ရင်းနဲ့ ကိုယ့်အချိန်တွေကို …မဖြုန်းပစ်လိုက်နဲ့

လူတစ်ယောက်ကြောင့် ကိုယ့်မှာ နာနာကျင်ကျင် ခံစားနေရတဲ့အခါ အဲ့ဒီဒဏ်ရာတွေကို ရေတွက်ရင်းနဲ့ပဲ အချိန်တွေ ကုန်မနေနဲ့ မဖြစ်နိုင်မှန်းသိရင် သတ္တိရှိရှိနဲ့ လွှတ်ချရဲရတယ် ။သူမရှိရင် မဖြစ်ပါဘူးဆိုတဲ့ အတွေးက ခုချိန်မှာပဲ စွဲနေတာပါ သေလူလို့သာ သတ်မှတ်ပြီး ဘ၀ထဲက ထုတ်လိုက် သေသောသူ ကြာရင် မေ့သွားလိမ့်မယ် ။

ဘ၀…က တကယ့်ကို တိုတိုလေးပါ … တစ်နှစ် တစ်နှစ်ဆိုတဲ့အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ပြီးသွားတတ်တာမျိုးပဲလေ …မသိရင် မနေ့တစ်နေ့ကလိုပဲ ။ ဒီလိုတိုတဲ့ ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် နေပျော်အောင်နေဖို့လိုတယ် ။ နေပျော်အောင်နေဖို့ဆိုရင် မလိုတဲ့အရာတွေကို ခေါင်းထဲမထည့်ပဲ နေတတ်ဖို့လိုတယ် ။

လူတစ်ယောက်ကြောင့် နာကျင်နေရတဲ့အခါ ကျွန်မတို့ ကြာကြာနာကျင်နေလို့ မဖြစ်ဘူး … ဘ၀မှာပျော်ဖို့ အချိန်တွေအများကြီးဆုံးရှုံးသွားလိမ့်မယ် ကျွန်မတို့ အရှုံးဆုံးခံလို့ မဖြစ်ဘူးလေ ။ ပျော်အောင်နေတတ်ဖို့ဆိုတာထက် ကိုယ့်ဘ၀နဲ့ကိုယ် ပျော်နေဖို့လိုပါတယ် ။

တစ်ယောက်ယောက်က ဒဏ်ရာတွေပေးတဲ့အခါ သင်ခန်းစာလေးယူပြီး … ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန်လေး ကုစားလိုက်တာ ပိုကောင်းပါတယ် ။ နာကျင်နေပါပြီလို့အော်ပြီး တောင်းပန်နေရုံ ခေါင်းငုံ့နေရုံနဲ့ မစာနာတဲ့သူက ပြန်ပြီးစာနာလာမှာမဟုတ်သလို မကြင်နာတဲ့သူက ပြန်ပြီး ကြင်နာလာမှာမဟုတ်ဘူး ။ အဲ့လိုလုပ်နေတာဟာ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင်ချလိုက်တာနဲ့ပဲတူပါတယ် ။

အမုန်းတွေလဲ ထုတ်ထုတ်မသုံးနဲ့ လူတစ်ယောက်ကို မုန်းနေရခြင်းက ကိုယ်ကိုယ်တိုင် အရင်ဆုံးပူလောင်ရတယ် ။ အပူလောင်မခံနဲ့ . ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်ရတာက အနာကျင်ရဆုံးပဲ ။ တစ်ခါတစ်လေကျတော့ ဘာကိုမှ မတွေးပဲ နေလို့ရရင်နေပါ ။ နေလို့မရတဲ့အခြေအနေရှိနေတဲ့အခါ မမြင်ချင်ယောင်ဆောင်ပြီးပဲဖြစ်ဖြစ် တစ်ဖက်လှည့်ပြီးပဲ ဖြစ်ဖြစ် နေတတ်သလိုလေး နေလိုက်တာ အကောင်းဆုံးပဲ ။

ဘယ်တော့မှ …ကိုယ်ရခဲ့တဲ့ ဒဏ်ရာတွေကိုရေတွက်ရင်းနဲ့ ကိုယ့်အချိန်တွေကို …မဖြုန်းပစ်လိုက်နဲ့ … ကိုယ့်ဘ၀မှာ အရေးမပါမှန်းသိရင် … ကိုယ့်ဘက်က လွှတ်ချရဲတဲ့ သတ္တိလေးလိုတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူတစ္ေယာက္ေၾကာင့္ ကိုယ့္မွာ နာနာက်င္က်င္ ခံစားေနရတဲ့အခါ အဲ့ဒီဒဏ္ရာေတြကို ေရတြက္ရင္းနဲ႔ပဲ အခ်ိန္ေတြ ကုန္မေနနဲ႔ မျဖစ္ႏိုင္မွန္းသိရင္ သတၱိရွိရွိနဲ႔ လႊတ္ခ်ရဲရတယ္ ။သူမရွိရင္ မျဖစ္ပါဘူးဆိုတဲ့ အေတြးက ခုခ်ိန္မွာပဲ စြဲေနတာပါ ေသလူလို႔သာ သတ္မွတ္ၿပီး ဘ၀ထဲက ထုတ္လိုက္ ေသေသာသူ ၾကာရင္ ေမ့သြားလိမ့္မယ္ ။

ဘ၀…က တကယ့္ကို တိုတိုေလးပါ … တစ္ႏွစ္ တစ္ႏွစ္ဆိုတဲ့အခ်ိန္ေတြက မ်က္စိတစ္မွိတ္အတြင္း ၿပီးသြားတတ္တာမ်ိဳးပဲေလ …မသိရင္ မေန႔တစ္ေန႔ကလိုပဲ ။ ဒီလိုတိုတဲ့ ဘ၀မွာ ကိုယ့္ကိုယ္ကိုယ္ ေနေပ်ာ္ေအာင္ေနဖို႔လိုတယ္ ။ ေနေပ်ာ္ေအာင္ေနဖို႔ဆိုရင္ မလိုတဲ့အရာေတြကို ေခါင္းထဲမထည့္ပဲ ေနတတ္ဖို႔လိုတယ္ ။

လူတစ္ေယာက္ေၾကာင့္ နာက်င္ေနရတဲ့အခါ ကြၽန္မတို႔ ၾကာၾကာနာက်င္ေနလို႔ မျဖစ္ဘူး … ဘ၀မွာေပ်ာ္ဖို႔ အခ်ိန္ေတြအမ်ားႀကီးဆုံးရႈံးသြားလိမ့္မယ္ ကြၽန္မတို႔ အရႈံးဆုံးခံလို႔ မျဖစ္ဘူးေလ ။ ေပ်ာ္ေအာင္ေနတတ္ဖို႔ဆိုတာထက္ ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္ေနဖို႔လိုပါတယ္ ။

တစ္ေယာက္ေယာက္က ဒဏ္ရာေတြေပးတဲ့အခါ သင္ခန္းစာေလးယူၿပီး … ဒဏ္ရာေတြကို ျမန္ျမန္ဆန္ဆန္ေလး ကုစားလိုက္တာ ပိုေကာင္းပါတယ္ ။ နာက်င္ေနပါၿပီလို႔ေအာ္ၿပီး ေတာင္းပန္ေန႐ုံ ေခါင္းငုံ႔ေန႐ုံနဲ႔ မစာနာတဲ့သူက ျပန္ၿပီးစာနာလာမွာမဟုတ္သလို မၾကင္နာတဲ့သူက ျပန္ၿပီး ၾကင္နာလာမွာမဟုတ္ဘူး ။ အဲ့လိုလုပ္ေနတာဟာ ကိုယ့္တန္ဖိုးကို ကိုယ္ကိုယ္တိုင္ခ်လိုက္တာနဲ႔ပဲတူပါတယ္ ။

အမုန္းေတြလဲ ထုတ္ထုတ္မသုံးနဲ႔ လူတစ္ေယာက္ကို မုန္းေနရျခင္းက ကိုယ္ကိုယ္တိုင္ အရင္ဆုံးပူေလာင္ရတယ္ ။ အပူေလာင္မခံနဲ႔ . ကိုယ့္အေတြးနဲ႔ကိုယ္ ပူေလာင္ရတာက အနာက်င္ရဆုံးပဲ ။ တစ္ခါတစ္ေလက်ေတာ့ ဘာကိုမွ မေတြးပဲ ေနလို႔ရရင္ေနပါ ။ ေနလို႔မရတဲ့အေျခအေနရွိေနတဲ့အခါ မျမင္ခ်င္ေယာင္ေဆာင္ၿပီးပဲျဖစ္ျဖစ္ တစ္ဖက္လွည့္ၿပီးပဲ ျဖစ္ျဖစ္ ေနတတ္သလိုေလး ေနလိုက္တာ အေကာင္းဆုံးပဲ ။

ဘယ္ေတာ့မွ …ကိုယ္ရခဲ့တဲ့ ဒဏ္ရာေတြကိုေရတြက္ရင္းနဲ႔ ကိုယ့္အခ်ိန္ေတြကို …မျဖဳန္းပစ္လိုက္နဲ႔ … ကိုယ့္ဘ၀မွာ အေရးမပါမွန္းသိရင္ … ကိုယ့္ဘက္က လႊတ္ခ်ရဲတဲ့ သတၱိေလးလိုတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း