ဘာကြောင့်လဲ ….ဒီမေးခွန်းနဲ့ ကိုယ့်ကိုယ်ကို ဘယ်နှခါများ နာကျင်စေခဲ့ပြီးပြီလဲ

ဘာကြောင့်လဲ ….ဒီမေးခွန်းနဲ့ ကိုယ့်ကိုယ်ကို ဘယ်နှခါများ နာကျင်စေခဲ့ပြီးပြီလဲ ။

တစ်ယောက်ယောက်က ကိုယ့်ကို ထားသွားတဲ့အခါ ငါ့မှာ ဘာများအပြစ်ရှိလို့လဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တတ်ကြတယ် ။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တတ်ကြတယ် ။ တစ်ဖက်က မကောင်းတာကို ကျွန်မတို့မြင်အောင် မကြည့်တတ်ခဲ့ကြဘူး ချစ်တဲ့စိတ်တစ်ခုနဲ့ ဖုံးထားဖိထားကြတာလေ ။ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေနဲ့ပဲ နေ့ရော ညရော နှိပ်စက်နေမိတတ်တာ ။

တစ်ယောက်ယောက်က မကောင်းမြင်တဲ့အခါ … ကိုယ်ကောင်းအောင်နေနေပါရဲ့နဲ့ ဘာကြောင့်များ မကောင်းပဲထင်နေတာလဲဆိုပြီး တွေးပြီး ၀မ်းနည်းနေတတ်ကြတယ် ။ အမှန်က … ကိုယ်ကောင်းအောင်နေနေရင် မကောင်းမြင်တဲ့လူကို လျစ်လျူရှုပစ်လိုက်သင့်တာ။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ်လျှောက်နေတဲ့လမ်းမှာ တွေဝေမနေသင့်ဘူး ။

ဘာကြောင့်လဲ ….အဲ့ဒီမေးခွန်းမှာ တစ်ခါတစ်ရံ အဖြေတွေမရှိတတ်ဘူး အပင်ပန်းခံပြီးရှာမနေနဲ့ ။ မကောင်းထင်နေတဲ့သူက ကိုယ်ဘာပဲလုပ်လုပ် မကောင်းမြင်နေမှာပါပဲ ။ တစ်လောကလုံးက ထောက်ခံရင်တောင် အမြင်မကြည်တဲ့သူတစ်ယောက်က ကိုယ့်ကို ဆန့်ကျင်လိမ့်မယ် ။ ဒါ သဘာ၀တရားပဲ လက်သင့်ခံနိုင်ဖို့လိုတယ် ။

ကိုယ်ဘယ်လောက်ပဲ ချစ်ချစ်ပါ ။ တန်ဖိုးမသိတဲ့သူကတော့ တန်ဖ်ိုးမထားတတ်တာ သဘာ၀ပဲ အဲ့ဒီသဘာဝကို ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ထုတ်ပြီး အဖြေမရှိတဲ့ ပုစ္ဆာတွေမှာ ခေါင်းတိုးပြီး အဖြေတွေရှာမနေနဲ့တော့ ။ မချစ်တဲ့သူကတော့ မချစ်တာပါပဲ ဒါကို လက်သင့်ခံဖို့ပဲ ကြိုးစားပါ ။

ဒီနေ့ကစပြီး …. ဘာပဲဖြစ်လာဖြစ်လာ …ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တွေ တင်မနေနဲ့တော့ ။ ဘာကြောင့်လဲ တွေးပြီး အိပ်ရေးတွေ အပျက်မခံနဲ့တော့ ။

တချို့အဖြစ်အပျက်တွေက ဖြစ်ချိန်တန်လို့ ဖြစ်သွားတာ ဖြစ်ရမယ့်ကံပါလို့ ဖြစ်သွားတာ ။ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေ​ကြောင့် အဖြေရလာမှာမဟုတ်ဘူး ။ ကိုယ်ပဲ ပင်ပန်းရလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဘာေၾကာင့္လဲ ….ဒီေမးခြန္းနဲ႔ ကိုယ့္ကိုယ္ကို ဘယ္ႏွခါမ်ား နာက်င္ေစခဲ့ၿပီးၿပီလဲ ။

တစ္ေယာက္ေယာက္က ကိုယ့္ကို ထားသြားတဲ့အခါ ငါ့မွာ ဘာမ်ားအျပစ္ရွိလို႔လဲ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းေတြနဲ႔ပဲ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္တတ္ၾကတယ္ ။ ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္တတ္ၾကတယ္ ။ တစ္ဖက္က မေကာင္းတာကို ကြၽန္မတို႔ျမင္ေအာင္ မၾကည့္တတ္ခဲ့ၾကဘူး ခ်စ္တဲ့စိတ္တစ္ခုနဲ႔ ဖုံးထားဖိထားၾကတာေလ ။ ဘာေၾကာင့္လဲဆိုတဲ့ေမးခြန္းေတြနဲ႔ပဲ ေန႔ေရာ ညေရာ ႏွိပ္စက္ေနမိတတ္တာ ။

တစ္ေယာက္ေယာက္က မေကာင္းျမင္တဲ့အခါ … ကိုယ္ေကာင္းေအာင္ေနေနပါရဲ႕နဲ႔ ဘာေၾကာင့္မ်ား မေကာင္းပဲထင္ေနတာလဲဆိုၿပီး ေတြးၿပီး ၀မ္းနည္းေနတတ္ၾကတယ္ ။ အမွန္က … ကိုယ္ေကာင္းေအာင္ေနေနရင္ မေကာင္းျမင္တဲ့လူကို လ်စ္လ်ဴရႈပစ္လိုက္သင့္တာ။ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းေတြနဲ႔ ကိုယ္ေလွ်ာက္ေနတဲ့လမ္းမွာ ေတြေဝမေနသင့္ဘူး ။

ဘာေၾကာင့္လဲ ….အဲ့ဒီေမးခြန္းမွာ တစ္ခါတစ္ရံ အေျဖေတြမရွိတတ္ဘူး အပင္ပန္းခံၿပီးရွာမေနနဲ႔ ။ မေကာင္းထင္ေနတဲ့သူက ကိုယ္ဘာပဲလုပ္လုပ္ မေကာင္းျမင္ေနမွာပါပဲ ။ တစ္ေလာကလုံးက ေထာက္ခံရင္ေတာင္ အျမင္မၾကည္တဲ့သူတစ္ေယာက္က ကိုယ့္ကို ဆန္႔က်င္လိမ့္မယ္ ။ ဒါ သဘာ၀တရားပဲ လက္သင့္ခံႏိုင္ဖို႔လိုတယ္ ။

ကိုယ္ဘယ္ေလာက္ပဲ ခ်စ္ခ်စ္ပါ ။ တန္ဖိုးမသိတဲ့သူကေတာ့ တန္ဖ္ိုးမထားတတ္တာ သဘာ၀ပဲ အဲ့ဒီသဘာဝကို ဘာေၾကာင့္လဲဆိုတဲ့ေမးခြန္းေတြ ထုတ္ၿပီး အေျဖမရွိတဲ့ ပုစာၦေတြမွာ ေခါင္းတိုးၿပီး အေျဖေတြရွာမေနနဲ႔ေတာ့ ။ မခ်စ္တဲ့သူကေတာ့ မခ်စ္တာပါပဲ ဒါကို လက္သင့္ခံဖို႔ပဲ ႀကိဳးစားပါ ။

ဒီေန႔ကစၿပီး …. ဘာပဲျဖစ္လာျဖစ္လာ …ဘာေၾကာင့္လဲဆိုတဲ့ေမးခြန္းေတြ ကိုယ့္ကိုယ္ကိုယ္ ျပန္ေမးၿပီး ကိုယ့္ကိုယ္ကိုယ္ အျပစ္ေတြ တင္မေနနဲ႔ေတာ့ ။ ဘာေၾကာင့္လဲ ေတြးၿပီး အိပ္ေရးေတြ အပ်က္မခံနဲ႔ေတာ့ ။

တခ်ိဳ႕အျဖစ္အပ်က္ေတြက ျဖစ္ခ်ိန္တန္လို႔ ျဖစ္သြားတာ ျဖစ္ရမယ့္ကံပါလို႔ ျဖစ္သြားတာ ။ ဘာေၾကာင့္လဲဆိုတဲ့ ေမးခြန္းေတြ​ေၾကာင့္ အေျဖရလာမွာမဟုတ္ဘူး ။ ကိုယ္ပဲ ပင္ပန္းရလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း