ကိုယ်မျက်နှာမများချင်ပဲ အချစ်ကံတွေခေခဲ့တာပါ

မိန်းကလေးဆိုတာကလေ စချစ်ပြီဆိုကတည်းက ငါတို့တွေ လက်ထပ်ကြရင်ဆိုတဲ့အဆုံးကို ကြိုပြီးတွေးတတ်ကြတာမျိုးပါ ။ မိန်းကလေး တော်တော်များများက မျက်နှာမများချင်ကြပါဘူး ဒါပေမယ့် ကံတရားက မျက်နှာသာ မပေးတဲ့အခါ မျက်နှာမများချင်ပါပဲ နဲ့ မျက်နှာများခဲ့ရတဲ့အခါတွေရှိပါတယ် ကျွန်မကလေ တစ်သက်မှာ တစ်ယောက်တည်းကိုပဲ တစ်စိုက်မတ်မတ်ချစ်ချင်ခဲ့တာပါ ။

ဒါပေမယ့် ကျွန်မဆန္ဒတွေ မပြည့်၀ခဲ့ဘူး ။ ချစ်လို့ပါဆိုပြီး ကိုယ့်နှလုံးသားကို ခေါက်ခဲ့တဲ့ တချို့လက်တွေက ကိုယ်မျှော်လင့်ထားသလို မဖြူစင်ခဲ့ကြဘူး …ကျွန်မမျှော်လင့်ခဲ့သလို ကျွန်မယုံကြည်ခဲ့သလို အချစ်တွေပါမလာခဲ့ဘူး ။ တကယ်တော့ အလိမ်အညာတွေပဲရှိနေခဲ့တာပါ ။

တချို့အချစ်တွေကကျတော့ ကိုယ်မျှော်လင့်ထားသလို မရိုးသားခဲ့ဘူး ။ သူတို့အချစ်တွေအပြင် ဖောက်ပြားခြင်းတွေပါ ရလာခဲ့တယ် သစ္စာတရားဆိုတာ ဘာမှန်းသူတို့မသိကြဘူး ။ ခွင့်လွှတ်ခြင်းတွေ ပေးသည့်တိုင် တန်ဖိုးထားရကောင်းမှန်းနားမလည်ဘူး အမှားတွေကို ထပ်ပြီးလုပ်တဲ့အခါလဲ သူငါ့ကို မစွန့်လွှတ်နိုင်ပါဘူး ထပ်ပြီး ခွင့်လွှတ်နေဦးမှာပဲလို့လွယ်လွယ်လေးတွေးပစ်လိုက်တာများတယ် ။

တချို့အချစ်တွေက လမ်းကြုံလို့နားသွားတဲ့အချစ်လိုမျိုးပေါ့ ။ ဥပမာ – ရည်စားနဲ့ပြတ်သွားလို့ကိုယ့်ကိုသူ့နေရာမှာ အစားထိုးလိုက်တာရုံလေးပဲ ။ အစားထိုးခံရရတယ်ဆိုတာ လူမှားပြီး ဓားနဲ့ အထိုးခံရသလိုပါပဲ ဒီဒဏ်ရာက သွေးမထွက်တာတစ်ခုပဲရှိတာပါ သေတတ်ပါတယ် ။ ဒါပေမယ့် ဒါတွေ နားမလည်ကြဘူး မိန်းကလေးတစ်ယောက်ကို တစ်စိုက်မတ်မတ်ချစ်ပေးကြဖို့လဲ မတွေးတတ်ကြဘူး

မိန်းကလေးဆိုတာမျိုးကလေ တစ်သက်မှာ တစ်ယောက်ကိုပဲချစ်ပြီး အဲ့တစ်ယောက်နဲ့အတူ အိုမင်းသွားချင်ကြတာကြီးပါ ဒါပေမယ့် ကံကြမ္မာက အဲ့လောက် မျက်နှာသာမပေးဘူး ။ မျက်နှာများလိုက်တာဆိုတဲ့စကားက ကျွန်မ လိုလိုချင်ချင်နဲ့ ရလာတာမျိုးမဟုတ်ပဲ ကိုယ်မျက်နှာမများချင်ပဲ အချစ်ကံတွေခေခဲ့တာပါဆိုရင် …ယုံနိုင်မှာလား ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းကေလးဆိုတာကေလ စခ်စ္ၿပီဆိုကတည္းက ငါတို႔ေတြ လက္ထပ္ၾကရင္ဆိုတဲ့အဆုံးကို ႀကိဳၿပီးေတြးတတ္ၾကတာမ်ိဳးပါ ။ မိန္းကေလး ေတာ္ေတာ္မ်ားမ်ားက မ်က္ႏွာမမ်ားခ်င္ၾကပါဘူး ဒါေပမယ့္ ကံတရားက မ်က္ႏွာသာ မေပးတဲ့အခါ မ်က္ႏွာမမ်ားခ်င္ပါပဲ နဲ႔ မ်က္ႏွာမ်ားခဲ့ရတဲ့အခါေတြရွိပါတယ္ ကြၽန္မကေလ တစ္သက္မွာ တစ္ေယာက္တည္းကိုပဲ တစ္စိုက္မတ္မတ္ခ်စ္ခ်င္ခဲ့တာပါ ။

ဒါေပမယ့္ ကြၽန္မဆႏၵေတြ မျပည့္၀ခဲ့ဘူး ။ ခ်စ္လို႔ပါဆိုၿပီး ကိုယ့္ႏွလုံးသားကို ေခါက္ခဲ့တဲ့ တခ်ိဳ႕လက္ေတြက ကိုယ္ေမွ်ာ္လင့္ထားသလို မျဖဴစင္ခဲ့ၾကဘူး …ကြၽန္မေမွ်ာ္လင့္ခဲ့သလို ကြၽန္မယုံၾကည္ခဲ့သလို အခ်စ္ေတြပါမလာခဲ့ဘူး ။ တကယ္ေတာ့ အလိမ္အညာေတြပဲရွိေနခဲ့တာပါ ။

တခ်ိဳ႕အခ်စ္ေတြကက်ေတာ့ ကိုယ္ေမွ်ာ္လင့္ထားသလို မ႐ိုးသားခဲ့ဘူး ။ သူတို႔အခ်စ္ေတြအျပင္ ေဖာက္ျပားျခင္းေတြပါ ရလာခဲ့တယ္ သစၥာတရားဆိုတာ ဘာမွန္းသူတို႔မသိၾကဘူး ။ ခြင့္လႊတ္ျခင္းေတြ ေပးသည့္တိုင္ တန္ဖိုးထားရေကာင္းမွန္းနားမလည္ဘူး အမွားေတြကို ထပ္ၿပီးလုပ္တဲ့အခါလဲ သူငါ့ကို မစြန္႔လႊတ္ႏိုင္ပါဘူး ထပ္ၿပီး ခြင့္လႊတ္ေနဦးမွာပဲလို႔လြယ္လြယ္ေလးေတြးပစ္လိုက္တာမ်ားတယ္ ။

တခ်ိဳ႕အခ်စ္ေတြက လမ္းႀကဳံလို႔နားသြားတဲ့အခ်စ္လိုမ်ိဳးေပါ့ ။ ဥပမာ – ရည္စားနဲ႔ျပတ္သြားလို႔ကိုယ့္ကိုသူ႔ေနရာမွာ အစားထိုးလိုက္တာ႐ုံေလးပဲ ။ အစားထိုးခံရရတယ္ဆိုတာ လူမွားၿပီး ဓားနဲ႔ အထိုးခံရသလိုပါပဲ ဒီဒဏ္ရာက ေသြးမထြက္တာတစ္ခုပဲရွိတာပါ ေသတတ္ပါတယ္ ။ ဒါေပမယ့္ ဒါေတြ နားမလည္ၾကဘူး မိန္းကေလးတစ္ေယာက္ကို တစ္စိုက္မတ္မတ္ခ်စ္ေပးၾကဖို႔လဲ မေတြးတတ္ၾကဘူး

မိန္းကေလးဆိုတာမ်ိဳးကေလ တစ္သက္မွာ တစ္ေယာက္ကိုပဲခ်စ္ၿပီး အဲ့တစ္ေယာက္နဲ႔အတူ အိုမင္းသြားခ်င္ၾကတာႀကီးပါ ဒါေပမယ့္ ကံၾကမၼာက အဲ့ေလာက္ မ်က္ႏွာသာမေပးဘူး ။ မ်က္ႏွာမ်ားလိုက္တာဆိုတဲ့စကားက ကြၽန္မ လိုလိုခ်င္ခ်င္နဲ႔ ရလာတာမ်ိဳးမဟုတ္ပဲ ကိုယ္မ်က္ႏွာမမ်ားခ်င္ပဲ အခ်စ္ကံေတြေခခဲ့တာပါဆိုရင္ …ယုံႏိုင္မွာလား ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း