ကိုယ့်ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကလဲ အတတ်ပညာပါပဲ

ပျော်ရာမနေရ တော်ရမှာ နေနေရတဲ့ ဘ၀မှာ ကိုယ့်ဘ၀နဲ့ကိုယ် ပျော်အောင် နေတတ်ဖို့လိုပါတယ် ။ အူဝဲဆိုပြီး ငိုခြင်းနဲ့ စခဲ့တဲ့ဘ၀မှာ ပျော်အောင် နေသွားတတ်တယ်ဆိုတာလဲ အတတ်ပညာတစ်ခုပဲလေ။

မွေးကတည်းက တစ်ယောက်တည်းပါပဲ အခုမှ တစ်စုံတစ်ယောက်မရှိတော့လို့ မ​ပျော်တော့ဘူးဆိုတာက အကြောင်းပြချက်သက်သက်ပါ ။ ပျော်အောင် မနေတတ်သေးတာ ကိုယ့်ဘ၀နဲ့ကိုယ် ပျော်အောင် မနေတတ်သေးတာ ။

ကိုယ် စိတ်ညစ်နေတဲ့အခါ ကိုယ် ၀မ်းနည်းနေတဲ့အခါ ကိုယ့်ကို ပျော်အောင်ထားဖို့ဆိုပြီး ဘယ်သူ့မှာမှ တာ၀န်ရှိမနေပါဘူး ကိုယ်ပျော်ဖို့အတွက် ကိုယ့်မှာပဲ တာ၀န်ရှိတာလေ ။ လောကကိုလဲ အပြစ်တင်ပုံမချနဲ့ တစ်ခြားသူတွေကိုလဲ အပြစ်တွေ မမြင်လိုက်နဲ့ ကိုယ့်ဘ၀ဆိုတာ ကိုယ်နဲ့သာ ဆိုင်ပါတယ် ကိုယ်ပျော်ခြင်းမပျော်ခြင်းတွေအတွက်လဲ ကိုယ့်မှာပဲ တာ၀န်ရှိတာပါ ။

ကိုယ်သာ အများကြီး မမျှော်လင့်ခဲ့မိရင် အများကြီး နာကျင်ဖို့ မရှိဘူးလေ ။ ကိုယ်သာ အရမ်းကြီး မစွဲလန်းခဲ့ရင် ခုလောက်ထိ ၀မ်းနည်းစရာမလိုဘူးလေ ။ ကိုယ်သာ မျက်စိ စုံမှိတ်ပြီး မယုံခဲ့ရင် ဒီလောက်ထိ နာကျင်နေရမှာ မဟုတ်ဘူးလေ ။ ဘယ်သူ မပြု မိမိမှုပါ ။

ပျော်ရာမှာ မနေရရုံနဲ့ ပျော်စရာတွေ မဲ့သွားပြီးလားလို့ တစ်ဖက်သတ်တွေ မတွေးနဲ့ ။ ပျော်ချင်ရင် ဘ၀မှာ နေတတ်ဖို့လဲ လိုသေးတယ် ။ အကောင်းမြင်တတ်ဖို့လဲ လိုသေးတယ် ။ ငါ့ကျမှ ဆိုတဲ့ တစ်ဖက်သတ်အတွေးတွေ အပူပေါ်အပူဆင့်အောင် ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်ပါနဲ့ ။

လောကကြီးက ကြက်ဟင်းခါးသီးတွေပေးလာတဲ့အခါ အစပ်အဟပ်တည့်အောင် ချက်တတ်ရင် ဟင်းကောင်းတစ်ခွက်ရပါတယ်ခါးသီးလိုက်တာလို့ မတွေးနဲ့ ။ လောကကြီးက သံပုရာသီးတွေ ပေးလာတဲ့အခါ သံပုရာရည် ဖျော်သောက်တတ်ဖို့လိုတယ် ။ ချည်တယ် ခါးတယ်ဆိုတာလဲ အရသာတစ်မျိုးပဲလေ ။

တစ်စုံတစ်ယောက်ကြောင့်သာ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖြစ်နေတာပါဆိုတဲ့ အတွေးတွေ ရပ်တန်းက ရပ်ပစ်လိုက်ပါ ဘ၀မှာ မတည်မြဲခြင်းတွေက သိပ်များတယ် နေမြင်ညပျောက်တဲ့ အရာတွေပေါ့ ။ တစ်စုံတစ်ယောက်အပေါ် မှီခိုပြီးမှ တည်ဆောက်ထားတဲ့ ပျော်ရွှင်မှုဆိုတာ ဖန်သားနဲ့ဆောက်ထားတဲ့ နန်းတော်လေးလိုပဲ ပတ်၀န်းကျင်က ဖြစ်ဖြစ် လောကဓံကဖြစ်ဖြစ် ဂဲနဲ့ပေါက်တဲ့အခါ အလွယ်တကူ ပြိုကျ ပျက်စီးသွားရတာမျိုးလေ ။

ကိုယ့်ဘ၀ကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကလဲ အတတ်ပညာပါပဲ ။ ဘ၀မှာ အဓိပ္ပါယ်ရှိချင်ရင် အဲ့ဒီအတတ်ပညာကို ကောင်းကောင်းကြီး ကျေညှက်နေဖို့တော့ လိုတယ်လေ ။ ပျော်ရာမှာမနေရ တော်ရာမှာနေနေရတဲ့ဘ၀မှာ ကိုယ့်ဘ၀နဲ့ကိုယ် ပျော်အောင် နေတတ်ဖို့တော့ လိုတယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေပ်ာ္ရာမေနရ ေတာ္ရမွာ ေနေနရတဲ့ ဘ၀မွာ ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္ေအာင္ ေနတတ္ဖို႔လိုပါတယ္ ။ အူဝဲဆိုၿပီး ငိုျခင္းနဲ႔ စခဲ့တဲ့ဘ၀မွာ ေပ်ာ္ေအာင္ ေနသြားတတ္တယ္ဆိုတာလဲ အတတ္ပညာတစ္ခုပဲေလ။

ေမြးကတည္းက တစ္ေယာက္တည္းပါပဲ အခုမွ တစ္စုံတစ္ေယာက္မရွိေတာ့လို႔ မ​ေပ်ာ္ေတာ့ဘူးဆိုတာက အေၾကာင္းျပခ်က္သက္သက္ပါ ။ ေပ်ာ္ေအာင္ မေနတတ္ေသးတာ ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္ေအာင္ မေနတတ္ေသးတာ ။

ကိုယ္ စိတ္ညစ္ေနတဲ့အခါ ကိုယ္ ၀မ္းနည္းေနတဲ့အခါ ကိုယ့္ကို ေပ်ာ္ေအာင္ထားဖို႔ဆိုၿပီး ဘယ္သူ႔မွာမွ တာ၀န္ရွိမေနပါဘူး ကိုယ္ေပ်ာ္ဖို႔အတြက္ ကိုယ့္မွာပဲ တာ၀န္ရွိတာေလ ။ ေလာကကိုလဲ အျပစ္တင္ပုံမခ်နဲ႔ တစ္ျခားသူေတြကိုလဲ အျပစ္ေတြ မျမင္လိုက္နဲ႔ ကိုယ့္ဘ၀ဆိုတာ ကိုယ္နဲ႔သာ ဆိုင္ပါတယ္ ကိုယ္ေပ်ာ္ျခင္းမေပ်ာ္ျခင္းေတြအတြက္လဲ ကိုယ့္မွာပဲ တာ၀န္ရွိတာပါ ။

ကိုယ္သာ အမ်ားႀကီး မေမွ်ာ္လင့္ခဲ့မိရင္ အမ်ားႀကီး နာက်င္ဖို႔ မရွိဘူးေလ ။ ကိုယ္သာ အရမ္းႀကီး မစြဲလန္းခဲ့ရင္ ခုေလာက္ထိ ၀မ္းနည္းစရာမလိုဘူးေလ ။ ကိုယ္သာ မ်က္စိ စုံမွိတ္ၿပီး မယုံခဲ့ရင္ ဒီေလာက္ထိ နာက်င္ေနရမွာ မဟုတ္ဘူးေလ ။ ဘယ္သူ မျပဳ မိမိမႈပါ ။

ေပ်ာ္ရာမွာ မေနရ႐ုံနဲ႔ ေပ်ာ္စရာေတြ မဲ့သြားၿပီးလားလို႔ တစ္ဖက္သတ္ေတြ မေတြးနဲ႔ ။ ေပ်ာ္ခ်င္ရင္ ဘ၀မွာ ေနတတ္ဖို႔လဲ လိုေသးတယ္ ။ အေကာင္းျမင္တတ္ဖို႔လဲ လိုေသးတယ္ ။ ငါ့က်မွ ဆိုတဲ့ တစ္ဖက္သတ္အေတြးေတြ အပူေပၚအပူဆင့္ေအာင္ ကိုယ့္ကိုယ္ကိုယ္ မႏွိပ္စက္ပါနဲ႔ ။

ေလာကႀကီးက ၾကက္ဟင္းခါးသီးေတြေပးလာတဲ့အခါ အစပ္အဟပ္တည့္ေအာင္ ခ်က္တတ္ရင္ ဟင္းေကာင္းတစ္ခြက္ရပါတယ္ခါးသီးလိုက္တာလို႔ မေတြးနဲ႔ ။ ေလာကႀကီးက သံပုရာသီးေတြ ေပးလာတဲ့အခါ သံပုရာရည္ ေဖ်ာ္ေသာက္တတ္ဖို႔လိုတယ္ ။ ခ်ည္တယ္ ခါးတယ္ဆိုတာလဲ အရသာတစ္မ်ိဳးပဲေလ ။

တစ္စုံတစ္ေယာက္ေၾကာင့္သာ ဘ၀ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ျဖတ္သန္းျဖစ္ေနတာပါဆိုတဲ့ အေတြးေတြ ရပ္တန္းက ရပ္ပစ္လိုက္ပါ ဘ၀မွာ မတည္ၿမဲျခင္းေတြက သိပ္မ်ားတယ္ ေနျမင္ညေပ်ာက္တဲ့ အရာေတြေပါ့ ။ တစ္စုံတစ္ေယာက္အေပၚ မွီခိုၿပီးမွ တည္ေဆာက္ထားတဲ့ ေပ်ာ္႐ႊင္မႈဆိုတာ ဖန္သားနဲ႔ေဆာက္ထားတဲ့ နန္းေတာ္ေလးလိုပဲ ပတ္၀န္းက်င္က ျဖစ္ျဖစ္ ေလာကဓံကျဖစ္ျဖစ္ ဂဲနဲ႔ေပါက္တဲ့အခါ အလြယ္တကူ ၿပိဳက် ပ်က္စီးသြားရတာမ်ိဳးေလ ။

ကိုယ့္ဘ၀ကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းေနတာကလဲ အတတ္ပညာပါပဲ ။ ဘ၀မွာ အဓိပၸါယ္ရွိခ်င္ရင္ အဲ့ဒီအတတ္ပညာကို ေကာင္းေကာင္းႀကီး ေက်ညႇက္ေနဖို႔ေတာ့ လိုတယ္ေလ ။ ေပ်ာ္ရာမွာမေနရ ေတာ္ရာမွာေနေနရတဲ့ဘ၀မွာ ကိုယ့္ဘ၀နဲ႔ကိုယ္ ေပ်ာ္ေအာင္ ေနတတ္ဖို႔ေတာ့ လိုတယ္ေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း