၀ဋ်ကြွေးရှိသမျှ ဆက်ပြီး ချစ်နေဦးမယ်

ကိုယ့်အပေါ်မကောင်းမှန်းသိသိရဲ့နဲ့ ဆက်ပြီးဖက်တွယ်ထားတာ ၀ဋ်ကြွေးဆိုရင် အဲ့ဒီ၀ဋ်ကြွေးကို ကျွန်မ ပျော်ပျော်ကြီးဆပ်မယ် ငိုစေချင်တဲ့ အခါ ငိုလိုက်မယ် ရယ်စေချင်တဲ့အခါ ရယ်လိုက်မယ် လက်လွှတ်လိုက်ရင် လွတ်လပ်သွားမယ်ဆိုတာမှန်း ကျွန်မကောင်းကောင်းကြီးသိပါတယ် ဒါပေမယ့် အဲ့ဒီ နာကျင်နေရတဲ့ဘ၀ကို ခုံမင်နေတတ်တာက ကျွန်မ ၀ဋ်ကြွေးပါ

နင့်ကိုကြည့်ပြီး ပင်ပန်းလိုက်တာဆိုတဲ့ စကားလုံးတွေမှာလဲ ကျွန်မ တဖြေးဖြေး နေသားကျနေပါပြီ ဘာတွေများမက်စရာ ရှိနေလဲဆိုတဲ့ အမေးတွေကိုလဲ နားရည်၀နေပါပြီ ကျွန်မကံကိုက ဒီလိုဖြစ်လာဖို့ အကြောင်းဖန်လာတာလေ ။ ကိုယ်ပျော်မယ်ထင်ပြီး ရပ်နေတဲ့အရပ်မှာ ၀မ်းနည်းစွာငိုကြွေးနေရတဲ့ ကံပေါ့ ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါ ကျွန်မ ခရီးဆုံးတဲ့ ထိ ဒါမှမဟုတ် ၀ဋ်ကြွေးကုန်တဲ့အထိ ဆက်လျှောက်ချင်တယ်

လွတ်ချလိုက်ပါ . . . တဲ့ စကားလေးတစ်လုံးထွက်ဖို့လောက် လွယ်ကူခဲ့မယ်ဆိုရင် ကျွန်မ လွတ်လပ်နေတာ ကြာရောပေါ့ စာနာလို့ သနားလို့ပြောတဲ့စကားတွေမှန်း ကျွန်မ ကောင်းကောင်းကြီး နားလည်သဘောပေါက်ပါတယ် တစ်ခါတစ်ရံ ကျွန်မကိုယ်ကျွန်မ နဲ့ သနားခဲ့တာပါပဲ

ဘာကြောင့်လဲ ဆိုတဲ့မေးခွန်းတွေ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါပဲ မေးမေး အဖြေဆိုတာ ထွက်မလာခဲ့ဘူး တစ်နေ့ကျရင်တော့ နားလည်လာမှာပါဆိုတဲ့အတွေးနဲ့ မလွတ်ရက် မပစ်ရက်ခဲ့တဲ့ လက်တစ်စုံမှာ ကျွန်မ ဘ၀တွေ ရှိတယ် မျှော်လင့်ချက်တွေကော ပြီးတော့ အနာဂတ်တွေကော

ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ ရင်းထားခဲ့ရတာလေ လွယ်လွယ်လေး စွန့်ပစ်လိုက်ဖို့ အပြောလောက် မလွယ်ခဲ့တာပါ နာကျင်နေရတာထက်စာရင် ကိုယ့်ဘေးနားမှာရှိနေသေးတယ်ဆိုတဲ့အသိက ပိုပြီးအဆင်ပြေပါတယ်

ကျွန်မ ၀ဋ်ကြီးတယ်လို့ပဲ မှတ်ပါ မကြင်နာမှန်းသိသိရဲ့နဲ့ မနေချင်မှန်းသိသိရဲ့နဲ့ ကျွန်မဆက်ပြီး ဆွဲထားမိတာ တစ်ခါတစ်လေကျတော့ ကိုယ့်ကိုယ်ကိုယ်လဲ ရှက်မိပါတယ် ဒါပေမယ့် မရှိလို့ မဖြစ်ဘူးဆိုတဲ့ စိတ်တစ်ခုနဲ့ ဆက်ပြီး တွယ်တာမိနေတာပါ

၀ဋ်ကြွေးကုန်သွားတဲ့အခါ ကျွန်မ ပျော်အောင် နေတတ်လာမယ်လို့ပဲထင်ပါတယ် အခုလောလောဆယ်တော့ တစ်ချက်ပြုံးပြလိုက်ရရုံနဲ့ နာခဲ့ရသမျှအားလုံး မေ့သွားတဲ့အထိ ဆက်ပြီး ရူးမိုက်နေမိတုန်းပဲ

တစ်နေ့ကျရင် နားလည်လာမှာပါဆိုတဲ့ အတွေးနဲ့ ဆက်ပြီးဆွဲထားနေမိတုန်းပဲ စိတ်မနာချင်ခဲ့တာမဟုတ်ပါဘူး စိတ်မနာတတ်ခဲ့တာပါ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပါစေ ကျွန်မတော့ ဆက်ပြီး နာကျင်နေလဲ ဆက်ပြီး ဆွဲထားမိနေဦးမှာပါ

ကျွန်မကိုအဖြစ်ကို ဘယ်သူမှ ချွတ်ဖို့ မကြိုးစားနဲ့ ၀ဋ်ကြွေးကြီးလိုက်တာလို့ပဲ မှတ်ပါ ပြီးတော့ အပြစ်တင်ပါ မသနားနဲ့ ကိုယ့်အမှားနဲ့ကိုယ်ပဲလေ ကျွန်မတော့ ၀ဋ်ကြွေးရှိသမျှ ဆက်ပြီး ချစ်နေဦးမယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ့္အေပၚမေကာင္းမွန္းသိသိရဲ႕နဲ႔ ဆက္ၿပီးဖက္တြယ္ထားတာ ၀ဋ္ေႂကြးဆိုရင္ အဲ့ဒီ၀ဋ္ေႂကြးကို ကြၽန္မ ေပ်ာ္ေပ်ာ္ႀကီးဆပ္မယ္ ငိုေစခ်င္တဲ့ အခါ ငိုလိုက္မယ္ ရယ္ေစခ်င္တဲ့အခါ ရယ္လိုက္မယ္ လက္လႊတ္လိုက္ရင္ လြတ္လပ္သြားမယ္ဆိုတာမွန္း ကြၽန္မေကာင္းေကာင္းႀကီးသိပါတယ္ ဒါေပမယ့္ အဲ့ဒီ နာက်င္ေနရတဲ့ဘ၀ကို ခုံမင္ေနတတ္တာက ကြၽန္မ ၀ဋ္ေႂကြးပါ

နင့္ကိုၾကည့္ၿပီး ပင္ပန္းလိုက္တာဆိုတဲ့ စကားလုံးေတြမွာလဲ ကြၽန္မ တေျဖးေျဖး ေနသားက်ေနပါၿပီ ဘာေတြမ်ားမက္စရာ ရွိေနလဲဆိုတဲ့ အေမးေတြကိုလဲ နားရည္၀ေနပါၿပီ ကြၽန္မကံကိုက ဒီလိုျဖစ္လာဖို႔ အေၾကာင္းဖန္လာတာေလ ။ ကိုယ္ေပ်ာ္မယ္ထင္ၿပီး ရပ္ေနတဲ့အရပ္မွာ ၀မ္းနည္းစြာငိုေႂကြးေနရတဲ့ ကံေပါ့ ကိုယ့္ေ႐ြးခ်ယ္မႈနဲ႔ ကိုယ္ပါ ကြၽန္မ ခရီးဆုံးတဲ့ ထိ ဒါမွမဟုတ္ ၀ဋ္ေႂကြးကုန္တဲ့အထိ ဆက္ေလွ်ာက္ခ်င္တယ္

လြတ္ခ်လိုက္ပါ . . . တဲ့ စကားေလးတစ္လုံးထြက္ဖို႔ေလာက္ လြယ္ကူခဲ့မယ္ဆိုရင္ ကြၽန္မ လြတ္လပ္ေနတာ ၾကာေရာေပါ့ စာနာလို႔ သနားလို႔ေျပာတဲ့စကားေတြမွန္း ကြၽန္မ ေကာင္းေကာင္းႀကီး နားလည္သေဘာေပါက္ပါတယ္ တစ္ခါတစ္ရံ ကြၽန္မကိုယ္ကြၽန္မ နဲ႔ သနားခဲ့တာပါပဲ

ဘာေၾကာင့္လဲ ဆိုတဲ့ေမးခြန္းေတြ ဘယ္ႏွစ္ႀကိမ္ ဘယ္ႏွစ္ခါပဲ ေမးေမး အေျဖဆိုတာ ထြက္မလာခဲ့ဘူး တစ္ေန႔က်ရင္ေတာ့ နားလည္လာမွာပါဆိုတဲ့အေတြးနဲ႔ မလြတ္ရက္ မပစ္ရက္ခဲ့တဲ့ လက္တစ္စုံမွာ ကြၽန္မ ဘ၀ေတြ ရွိတယ္ ေမွ်ာ္လင့္ခ်က္ေတြေကာ ၿပီးေတာ့ အနာဂတ္ေတြေကာ

ရင္ဘတ္ႀကီးတစ္ခုလုံးနဲ႔ ရင္းထားခဲ့ရတာေလ လြယ္လြယ္ေလး စြန္႔ပစ္လိုက္ဖို႔ အေျပာေလာက္ မလြယ္ခဲ့တာပါ နာက်င္ေနရတာထက္စာရင္ ကိုယ့္ေဘးနားမွာရွိေနေသးတယ္ဆိုတဲ့အသိက ပိုၿပီးအဆင္ေျပပါတယ္

ကြၽန္မ ၀ဋ္ႀကီးတယ္လို႔ပဲ မွတ္ပါ မၾကင္နာမွန္းသိသိရဲ႕နဲ႔ မေနခ်င္မွန္းသိသိရဲ႕နဲ႔ ကြၽန္မဆက္ၿပီး ဆြဲထားမိတာ တစ္ခါတစ္ေလက်ေတာ့ ကိုယ့္ကိုယ္ကိုယ္လဲ ရွက္မိပါတယ္ ဒါေပမယ့္ မရွိလို႔ မျဖစ္ဘူးဆိုတဲ့ စိတ္တစ္ခုနဲ႔ ဆက္ၿပီး တြယ္တာမိေနတာပါ

၀ဋ္ေႂကြးကုန္သြားတဲ့အခါ ကြၽန္မ ေပ်ာ္ေအာင္ ေနတတ္လာမယ္လို႔ပဲထင္ပါတယ္ အခုေလာေလာဆယ္ေတာ့ တစ္ခ်က္ၿပဳံးျပလိုက္ရ႐ုံနဲ႔ နာခဲ့ရသမွ်အားလုံး ေမ့သြားတဲ့အထိ ဆက္ၿပီး ႐ူးမိုက္ေနမိတုန္းပဲ

တစ္ေန႔က်ရင္ နားလည္လာမွာပါဆိုတဲ့ အေတြးနဲ႔ ဆက္ၿပီးဆြဲထားေနမိတုန္းပဲ စိတ္မနာခ်င္ခဲ့တာမဟုတ္ပါဘူး စိတ္မနာတတ္ခဲ့တာပါ ဘယ္သူေတြ ဘယ္လိုပဲ ေျပာေနပါေစ ကြၽန္မေတာ့ ဆက္ၿပီး နာက်င္ေနလဲ ဆက္ၿပီး ဆြဲထားမိေနဦးမွာပါ

ကြၽန္မကိုအျဖစ္ကို ဘယ္သူမွ ခြၽတ္ဖို႔ မႀကိဳးစားနဲ႔ ၀ဋ္ေႂကြးႀကီးလိုက္တာလို႔ပဲ မွတ္ပါ ၿပီးေတာ့ အျပစ္တင္ပါ မသနားနဲ႔ ကိုယ့္အမွားနဲ႔ကိုယ္ပဲေလ ကြၽန္မေတာ့ ၀ဋ္ေႂကြးရွိသမွ် ဆက္ၿပီး ခ်စ္ေနဦးမယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း