ကျွန်မ ရင်ထဲမှာလဲ ဆက်ထုံးတွေများလာတဲ့အခါ

အမှားတစ်ခုကို ခွင့်လွှတ်လိုက်ရင်တောင် အရင်လို ပြန်ပြီး ယုံကြည်လို့မရတော့ဘူးဆိုတာ သိတယ်မလား

ကြိုးလေးတစ်ချောင်း ပျက်သွားပြီးမှ ပြန်ပြီး ဆက်ထားသလိုပါပဲ ဘယ်လောက်ပဲ ခိုင်ပါတယ်ပြောပြော ဆက်ထုံးလေးတော့ ရှိသင့်သလောက်ရှိပါတယ် ကြိုးတစ်ချောင်းရဲ့ဆက်ထုံးက ဘာမှ မပြောပြပေမယ့် ရင်ဘတ်ထဲက ဖြစ်တဲ့ ဆက်ထုံးလေးက တစ်သက်လုံး အဖုအထစ်တွေအဖြစ် ကျန်ရှိနေတတ်တယ်

ယုံကြည်ချင်ပေမယ့် ယုံကြည့်လို့ မရတော့တာမျိုး ဘယ်လောက်ပဲကြိုးစားကြိုးစာ အရင်လို့စိတ်ပြန်ပြီး ထားလို့မရသလိုမျိုးပေါ့ တိုက်ဆိုင်တာတွေ ရှိလာတဲ့အခါတိုင်းမှာလဲ ပြန်ပြီး အဲ့ဒီရင်ဘတ်ထဲက အဖုအထစ်လေးတွေက တစ်ဆစ်ဆစ်နဲ့ ပြန်ပြီးနာရပါတယ် ။

အမှားတစ်ခုကို လွယ်လွယ်လေး ခွင့်လွှတ်လိုက်ဖို့လွယ်ပေမယ့် အဲ့ဒီအမှားကို မေ့ပစ်လိုက်ဖို့ကျ ခက်ခဲတတ်တယ်လေ ကိုယ်တစ်ယောက်တည်းမှမဟုတ်ပါဘူး ဒါ လူတိုင်းနီးပါး ဖြစ်လေ့ဖြစ်ထရှိကြတာမျိုးပါ အဖုအထစ်တွေများလာတာနဲ့အမျှ ဆက်ဆံရတာ အဆင်မပြေတော့ဘူး

အရင်ပြန်ပြီး ယုံကြည်ဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား ယုံကြည်လို့ မရခဲ့ဘူး ဒါ ကျွန်မ အပြစ်ရယ်လို့လဲ မဟုတ်ပါဘူး ကျွန်မအပေါ် မထောက်မထားပဲ မှားခဲ့တာတွေကြောင့် ယုံကြည်ချင်တာတောင် ယုံကြည်ဖို့ မလွယ်တော့ဘူးဒါကြောင့် . . . လူတစ်ယောက်ကို ချစ်ရင် ဒဏ်ရာတွေ ခဏခဏမပေးနဲ့

အမှားတွေ ခဏခဏ မလုပ်နဲ့ ရင်ဘတ်ထဲမှာ ဆက်ထုံးတွေများသွားတဲ့အခါ အရင်လိုပြန်ဖြစ်ချင်လို့လဲ အရင်အတိုင်း ဘယ်နည်းနဲ့မှ ပြန်မဖြစ်နိုင်တော့ဘူး ဆက်ထုံး . . . ကြိုးတစ်ချောင်းမှာတောင် ဆက်ထုံးတွေပါလာရင် မခိုင်နိုင်ဘူးလို့ ထင်တတ်ကြတာမျိုးလေ

ကျွန်မ ရင်ထဲမှာလဲ ဆက်ထုံးတွေများလာတဲ့အခါ ဘယ်လိုအင်အားမျိုးနဲ့ ဆက်ပြီး ယုံကြည်ဝံ့ပါ့မလဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အမွားတစ္ခုကို ခြင့္လႊတ္လိုက္ရင္ေတာင္ အရင္လို ျပန္ၿပီး ယုံၾကည္လို႔မရေတာ့ဘူးဆိုတာ သိတယ္မလား

ႀကိဳးေလးတစ္ေခ်ာင္း ပ်က္သြားၿပီးမွ ျပန္ၿပီး ဆက္ထားသလိုပါပဲ ဘယ္ေလာက္ပဲ ခိုင္ပါတယ္ေျပာေျပာ ဆက္ထုံးေလးေတာ့ ရွိသင့္သေလာက္ရွိပါတယ္ ႀကိဳးတစ္ေခ်ာင္းရဲ႕ဆက္ထုံးက ဘာမွ မေျပာျပေပမယ့္ ရင္ဘတ္ထဲက ျဖစ္တဲ့ ဆက္ထုံးေလးက တစ္သက္လုံး အဖုအထစ္ေတြအျဖစ္ က်န္ရွိေနတတ္တယ္

ယုံၾကည္ခ်င္ေပမယ့္ ယုံၾကည့္လို႔ မရေတာ့တာမ်ိဳး ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစာ အရင္လို႔စိတ္ျပန္ၿပီး ထားလို႔မရသလိုမ်ိဳးေပါ့ တိုက္ဆိုင္တာေတြ ရွိလာတဲ့အခါတိုင္းမွာလဲ ျပန္ၿပီး အဲ့ဒီရင္ဘတ္ထဲက အဖုအထစ္ေလးေတြက တစ္ဆစ္ဆစ္နဲ႔ ျပန္ၿပီးနာရပါတယ္ ။

အမွားတစ္ခုကို လြယ္လြယ္ေလး ခြင့္လႊတ္လိုက္ဖို႔လြယ္ေပမယ့္ အဲ့ဒီအမွားကို ေမ့ပစ္လိုက္ဖို႔က် ခက္ခဲတတ္တယ္ေလ ကိုယ္တစ္ေယာက္တည္းမွမဟုတ္ပါဘူး ဒါ လူတိုင္းနီးပါး ျဖစ္ေလ့ျဖစ္ထရွိၾကတာမ်ိဳးပါ အဖုအထစ္ေတြမ်ားလာတာနဲ႔အမွ် ဆက္ဆံရတာ အဆင္မေျပေတာ့ဘူး

အရင္ျပန္ၿပီး ယုံၾကည္ဖို႔ ဘယ္ေလာက္ပဲႀကိဳးစားႀကိဳးစား ယုံၾကည္လို႔ မရခဲ့ဘူး ဒါ ကြၽန္မ အျပစ္ရယ္လို႔လဲ မဟုတ္ပါဘူး ကြၽန္မအေပၚ မေထာက္မထားပဲ မွားခဲ့တာေတြေၾကာင့္ ယုံၾကည္ခ်င္တာေတာင္ ယုံၾကည္ဖို႔ မလြယ္ေတာ့ဘူးဒါေၾကာင့္ . . . လူတစ္ေယာက္ကို ခ်စ္ရင္ ဒဏ္ရာေတြ ခဏခဏမေပးနဲ႔

အမွားေတြ ခဏခဏ မလုပ္နဲ႔ ရင္ဘတ္ထဲမွာ ဆက္ထုံးေတြမ်ားသြားတဲ့အခါ အရင္လိုျပန္ျဖစ္ခ်င္လို႔လဲ အရင္အတိုင္း ဘယ္နည္းနဲ႔မွ ျပန္မျဖစ္ႏိုင္ေတာ့ဘူး ဆက္ထုံး . . . ႀကိဳးတစ္ေခ်ာင္းမွာေတာင္ ဆက္ထုံးေတြပါလာရင္ မခိုင္ႏိုင္ဘူးလို႔ ထင္တတ္ၾကတာမ်ိဳးေလ

ကြၽန္မ ရင္ထဲမွာလဲ ဆက္ထုံးေတြမ်ားလာတဲ့အခါ ဘယ္လိုအင္အားမ်ိဳးနဲ႔ ဆက္ၿပီး ယုံၾကည္ဝံ့ပါ့မလဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း