အသက်ဝင်နေတဲ့ နှလုံးသားကို သူကိုယ်တိုင်ပဲ ရေခဲရိုက်ခဲ့တာပါ

ကျွန်မ နေနိုင်နေပါပြီ အရင်လို ဖုန်းမဆက်လို့လဲ သိပ်ပြီး ၀မ်းမနည်းတော့ဘူး မအားတာပဲ နေမှာပါလို့လဲ ဖြည့်မတွေးဖြစ်တော့ဘူး သတိရတဲ့အခါပဲ ဖြစ်ဖြစ် ဆက်ချင်တဲ့အခါဖြစ်ဖြစ် ဆက်လာလိမ့်မယ်ဆိုတာလောက်ပဲ တွေးဖြစ်တော့တယ် အရင်လို ဖုန်းဘေးနား ငုတ်တုတ်ထိုင်ပြီး မျှော်မနေတော့ဘူး

ကျွန်မ ရင့်ကျက်စပြုလာပါပြီ . . . အရင်လိုခဏခဏ မတမ်းတဖြစ်တော့ဘူး တစ်ခုခုဖြစ်တိုင်း တိုက်ဆိုင်တိုင်း ကိုယ့်ဘက်ကသာ အမောတကောနဲ့ သတိတွေရလိုက်ရတာ သူ့ကတော့ ဘာကိုမှ မှတ်မှတ်ရရမရှိဘူး ခုကျွန်မလဲ ဒီလိုပါပဲ အမှတ်တရတွေ ရှိလာရင်တောင် အမှတ်တမဲ့လေး နေနိုင်လာတဲ့အထိ ကျွန်မ ရင့်ကျက်နေပါပြီ ။

ကျွန်မ အဆင်ပြေနေပါပြီ . . . အရင်လို အများကြီး မမျှော်လင့်ဖြစ်တော့ဘူး ကတိတွေကိုပဲ ဖြစ်ဖြစ် လုပ်ပေးမယ်လို့ ပြောထားတာတွေကိုပဲဖြစ်ဖြစ် ကျွန်မ သိပ်ပြီး မျှော်လင့်မထားတော့ဘူး ဖြစ်ချိန်တန်မှ ဖြစ်လာရောပေါ့ ဖြစ်မလာလို့လဲ သိပ်ပြီး ကြီးကြီးမားမားခံစားမနေတော့ဘူး အရင်တုန်းကစိတ်နဲ့သာဆိုရင် ဖြစ်မလာတိုင်း ဖြစ်မလာတိုင်း ကျွန်မမှာ သေမတတ်ကို နာကျင်ရခဲ့တာ ။

ကျွန်မ လွတ်လပ်စပြုလာပါပြီ . . . အရင်လို အများကြီး မချစ်မိတော့ဘူး ချစ်တယ်ဆိုတဲ့စကားကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပြောခဲ့တဲ့ ကျွန်မ ထပ်မချစ်အောင် ဆိုတာထက် အများကြီးမချစ်မိအောင် ဆင်ခြင်နေတယ်

ဒီလူတော့ ငါ့အနားမှာ တစ်သက်လုံးရှိနေမှာပဲဆိုတဲ့အတွေးတွေ ခေါင်းထဲမှာ မရှိတော့ဘူးရေစက်ပါသလောက် ချစ်နေမယ် ၀ဋ်ကြွေးပါသလောက်ဆပ်မယ် ဒီလောက်ပါပဲ ဒါနဲ့ ကျွန်မ ရက်စက်တယ်ဆိုတဲ့ ခေါင်းစဥ်တပ်မလား . . .

တကယ်တော့ အသက်၀င်နေတဲ့ နှလုံးသားကို သူကိုယ်တိုင်ပဲ ရေခဲရိုက်ပြီး အသက်မဲ့စေခဲ့တာပါ အခုလို အေးတိအေးစက်နိုင်သွားကာမှ ကျွန်မကို ရက်စက်လိုက်တာဆိုတဲ့ ခေါင်းစဥ်တပ်လိုက်တာက ကျွန်မအတွက် ပိုပြီး ရက်စက်ရာ မရောက်ဘူးလား ဖြေပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ေနႏိုင္ေနပါၿပီ အရင္လို ဖုန္းမဆက္လို႔လဲ သိပ္ၿပီး ၀မ္းမနည္းေတာ့ဘူး မအားတာပဲ ေနမွာပါလို႔လဲ ျဖည့္မေတြးျဖစ္ေတာ့ဘူး သတိရတဲ့အခါပဲ ျဖစ္ျဖစ္ ဆက္ခ်င္တဲ့အခါျဖစ္ျဖစ္ ဆက္လာလိမ့္မယ္ဆိုတာေလာက္ပဲ ေတြးျဖစ္ေတာ့တယ္ အရင္လို ဖုန္းေဘးနား ငုတ္တုတ္ထိုင္ၿပီး ေမွ်ာ္မေနေတာ့ဘူး

ကြၽန္မ ရင့္က်က္စျပဳလာပါၿပီ . . . အရင္လိုခဏခဏ မတမ္းတျဖစ္ေတာ့ဘူး တစ္ခုခုျဖစ္တိုင္း တိုက္ဆိုင္တိုင္း ကိုယ့္ဘက္ကသာ အေမာတေကာနဲ႔ သတိေတြရလိုက္ရတာ သူ႔ကေတာ့ ဘာကိုမွ မွတ္မွတ္ရရမရွိဘူး ခုကြၽန္မလဲ ဒီလိုပါပဲ အမွတ္တရေတြ ရွိလာရင္ေတာင္ အမွတ္တမဲ့ေလး ေနႏိုင္လာတဲ့အထိ ကြၽန္မ ရင့္က်က္ေနပါၿပီ ။

ကြၽန္မ အဆင္ေျပေနပါၿပီ . . . အရင္လို အမ်ားႀကီး မေမွ်ာ္လင့္ျဖစ္ေတာ့ဘူး ကတိေတြကိုပဲ ျဖစ္ျဖစ္ လုပ္ေပးမယ္လို႔ ေျပာထားတာေတြကိုပဲျဖစ္ျဖစ္ ကြၽန္မ သိပ္ၿပီး ေမွ်ာ္လင့္မထားေတာ့ဘူး ျဖစ္ခ်ိန္တန္မွ ျဖစ္လာေရာေပါ့ ျဖစ္မလာလို႔လဲ သိပ္ၿပီး ႀကီးႀကီးမားမားခံစားမေနေတာ့ဘူး အရင္တုန္းကစိတ္နဲ႔သာဆိုရင္ ျဖစ္မလာတိုင္း ျဖစ္မလာတိုင္း ကြၽန္မမွာ ေသမတတ္ကို နာက်င္ရခဲ့တာ ။

ကြၽန္မ လြတ္လပ္စျပဳလာပါၿပီ . . . အရင္လို အမ်ားႀကီး မခ်စ္မိေတာ့ဘူး ခ်စ္တယ္ဆိုတဲ့စကားကို ရင္ဘတ္ႀကီးနဲ႔ ရင္းၿပီး ေျပာခဲ့တဲ့ ကြၽန္မ ထပ္မခ်စ္ေအာင္ ဆိုတာထက္ အမ်ားႀကီးမခ်စ္မိေအာင္ ဆင္ျခင္ေနတယ္

ဒီလူေတာ့ ငါ့အနားမွာ တစ္သက္လုံးရွိေနမွာပဲဆိုတဲ့အေတြးေတြ ေခါင္းထဲမွာ မရွိေတာ့ဘူးေရစက္ပါသေလာက္ ခ်စ္ေနမယ္ ၀ဋ္ေႂကြးပါသေလာက္ဆပ္မယ္ ဒီေလာက္ပါပဲ ဒါနဲ႔ ကြၽန္မ ရက္စက္တယ္ဆိုတဲ့ ေခါင္းစဥ္တပ္မလား . . .

တကယ္ေတာ့ အသက္၀င္ေနတဲ့ ႏွလုံးသားကို သူကိုယ္တိုင္ပဲ ေရခဲ႐ိုက္ၿပီး အသက္မဲ့ေစခဲ့တာပါ အခုလို ေအးတိေအးစက္ႏိုင္သြားကာမွ ကြၽန္မကို ရက္စက္လိုက္တာဆိုတဲ့ ေခါင္းစဥ္တပ္လိုက္တာက ကြၽန္မအတြက္ ပိုၿပီး ရက္စက္ရာ မေရာက္ဘူးလား ေျဖပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း