စေတနာက လူတိုင်းနဲ့ ထိုက်တန်ပါတယ် လူတိုင်းကတော့ စေတနာနဲ့ မထိုက်တန်ကြဘူး

အလကားရတဲ့စေတနာတွေကို တန်ဖိုးမထားတတ်တဲ့ သူမမှားဘူး ပေါပေါပဲပဲပေးခဲ့မိတဲ့ ကိုယ်ပဲ မှားတာပါ ။

လူတွေဆိုတာ ခက်ခက်ရတာမျိုးကိုမှ တန်ဖိုးရှိတယ်လို့ ထင်တတ်ကြတာလေ ကိုယ်က ပေါပေါပဲပဲ နဲ့ လိုသလောက်တွေ ပေးနေမိတာကိုး ဘယ်လိုလုပ် တန်ဖိုးထားချင်စရာ ကောင်းတော့မလဲ

ကူညီပါလို့ မပြောခင်ကတည်းက ကူညီပေးဖို့ အသင့်ရှိနေခဲ့တာတွေ လာပါလို့ မခေါ်ခင်ကတည်းက လိုအပ်မယ်အထင်နဲ့ ကြိုပြီးရောက်နှင့်ခဲ့တာတွေ ဘယ်အရာရာပဲလိုလို ဘယ်နေရာပဲ လိုလို ကိုယ်ဟာ အမြဲ အဆင်သင့်ရှိနေခဲ့တာတွေ

အမြဲတစေ လိုတိုင်းတလိုက်ရုံနဲ့ ကိုယ်မကူညီခဲ့ဘူးဆိုတာ မရှိခဲ့ဘူးလေ စေတနာလို့ မမြင်လာတော့ပဲ ကိုယ်ဆိုတာ သူ့အတွက် လူဖြစ်လာသလိုလိုပဲ ထင်လာကြတယ် တန်ဖိုးရှိမှန်းလဲ မသိတော့သလို တန်ဖိုးထားရကောင်းမှန်းလဲ နားမလည်တော့ဘူး

စေတနာက လူတိုင်းနဲ့ ထိုက်တန်ပါတယ် လူတိုင်းကတော့ စေတနာနဲ့ မထိုက်တန်ကြဘူး စေတနာထားလို့မရတဲ့သူက စေတနာထားလို့ကို မရတာ အနည်းနဲ့အများ ပြန်ပြီး စော်ကားချင်ကြတယ်လေ

နောက်ဆုံး စေတနာထားမိတဲ့ကိုယ်ပဲ မှားသလိုလို နဲ့ အရာရာမှာ ကူညီရမှာ ကြောက်ကြောက်လာတယ်

မိန်းမသားတို့အတွက်
သျှင်ယွန်း







မိန်းမသားတို့အတွက်
သျှင်ယွန်း