ချစ်ပဲချစ်တတ်ခဲ့ပြီး ဘာကြောင့် နီးစပ်ဖို့ နဲနဲလေးမှ မလုပ်ခဲ့တာလဲ

ရင်နာစရာ ဇာတ်လမ်း …

ဇာတ်လမ်းလို့သာ ခေါင်းစဥ်တပ်ခဲ့ရတာပါ ။ ဒီဇာတ်လမ်းရဲ့အနောက်မှာ ဖြစ်ရပ်မှန်ဆိုတာလေး ကွင်းစကွင်းပိတ်လေးနဲ့ ပါတယ် ။ ဒီဇာတ်လမ်းရဲ့အစက … ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်နဲ့ စတယ် ။

သိပ်ချစ်တယ်လို့ တသွင်သွင်ပြောတတ်တဲ့ ကောင်လေးပေါ့ … ကျွန်မလဲ သိပ်ချစ်တယ် ။ ဒီအချစ်ခရီးလမ်းဟာ သိပ်ကို သာယာတယ် ဖောက်ပြားခြင်းတွေမရှိ … ဖောက်ပြန်ခြင်းမရှိခဲ့ပ​ဲ လက်အတူတွဲလျှောက်ခဲ့တဲ့ လမ်းပေါ့ … ပျော်ခဲ့ဖူးတာတွေ အများကြီးရှိတယ် ။ ဒါပေမယ့် ချစ်ခဲ့ကြရုံပဲရှိတာပါ ဘယ်တော့မှတော့ နီးကြတော့မှာ မဟုတ်ဘူး ။ ပျော်ခဲ့ကြရုံပဲ ရှိတာပါ နောက်ထပ် ဘယ်တော့မှ မျှော်မိတော့မှာ မဟုတ်ဘူး ။

ချစ်သူ ဆိုတဲ့ စကားလုံးဟာ … ပေါင်းစပ်ဖို့ဆိုတဲ့ ရည်မှန်းချက်တွေတူရတယ် ။ ပေါင်းစည်းဖို့ဆိုတဲ့ မျှော်လင့်ချက်တွေ ထားရတယ် ။ သူ နဲ့နီးဖို့ ခြေလှမ်းတစ်ရာ ရှိတယ် ထားပါတော့ … ကျွန်မ ဘက်က ၉၉လှမ်းလောက် လှမ်းခဲ့ပြီးသားပါ ဒါပေမယ့် သူ့ဘက်က ခြေလေးတစ်လှမ်းတောင် မကြွခဲ့ဘူး ။ ဒီအဖြစ်အပျက်ကိုတွေကြည့်တဲ့အခါ ၉၉လှမ်းတောင် လှမ်းခဲ့ပြီးသားပဲလေ ဘာလို့ တစ်လှမ်းလေးဆက်လှမ်းဖို့ တွန့်တိုနေမှာလဲလို့ မေးစရာတွေ ရှိလာခဲ့လိမ့်မယ် ။

အဖြေတွေ ရှိခဲ့ပြီးသားပါ … နှစ်ယောက်အတူတူ ကြိုးစားခဲ့ကြတယ်ဆိုတဲ့ သက်သေလေးတွေထူချင်တယ် ။ ကိုယ့်ဘက်က တစ်ဖက်သတ်ချည်းလုပ်ယူရတဲ့ နီးစပ်မှုမျိုးတွေဟာ … အချိန်တစ်ခုထိပဲ ကြာတတ်တယ်လေ။ ပေါင်းစပ်ပြီးသွားတဲ့အခါမှ ကျွန်မဘက်က ဆက်ပြီး လုပ်မပေးနိုင်တော့ရင်ဆိုတဲ့ အတွေးတွေနဲ့ ကြောက်လာခဲ့မိတယ် ။ ကလေးတစ်ယောက်ကို ကြင်နာဂရုစိုက်သလိုမျိုး ကျွန်မ အချိန်ပြည့်လုပ်ပေးနိုင်မှာ မဟုတ်ဘူးလေ ။ မိန်းမသားဆိုတာ ဘယ်လောက်ပဲသန်မာပါတယ်ပြောပြော ကိုယ်ချစ်တဲ့သူ ပုခုံးကိုတော့ မှီချင်သေးတယ် ။

ဒါဟာ ဇာတ်လမ်းလေးပါ … သူချစ်တယ်မှန်းသိသိရဲ့နဲ့ ကျွန်မ ကျောခိုင်းခဲ့ဖူးတဲ့ ဇာတ်လမ်းလေးပေါ့ ။ ရင်နာရတယ်ဆိုတာထက် ကျွန်မ … အောင့်သက်သက်နိုင်တာ ပိုပြီးများတယ် ။ ချစ်ပဲချစ်တတ်ခဲ့ပြီး ဘာကြောင့် နီးစပ်ဖို့ နဲနဲလေးမှ မလုပ်ခဲ့တာလဲဆိုတဲ့ မကျေနပ်ချက်တွေနဲ့ ခံပြင်းခဲ့ရတဲ့ ဇာတ်လမ်းပေါ့ …သူ့ဘက်က စပြီးလှမ်းဖို့တောင်းဆိုခဲ့တာမဟုတ်ပဲ ကိုယ်နဲ့အတူ လှမ်းခဲ့တာကို လိုချင်ခဲ့တာပါ ။ အချိန်တွေ အကြာကြီးရပ်နေရင်းနဲ့ သူက ချစ်ပဲချစ်ခဲ့တာ မနီးစပ်ချင်ခဲ့မှန်း ကျွန်မ … ပိုပိုပြီးသိလာရတာပါ ။

ဒီဇာတ်လမ်း … ဒီမှာတင်ပဲ တစ်ခန်းရပ်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ရင္နာစရာ ဇာတ္လမ္း …

ဇာတ္လမ္းလို႔သာ ေခါင္းစဥ္တပ္ခဲ့ရတာပါ ။ ဒီဇာတ္လမ္းရဲ႕အေနာက္မွာ ျဖစ္ရပ္မွန္ဆိုတာေလး ကြင္းစကြင္းပိတ္ေလးနဲ႔ ပါတယ္ ။ ဒီဇာတ္လမ္းရဲ႕အစက … ေကာင္မေလးတစ္ေယာက္နဲ႔ ေကာင္ေလးတစ္ေယာက္နဲ႔ စတယ္ ။

သိပ္ခ်စ္တယ္လို႔ တသြင္သြင္ေျပာတတ္တဲ့ ေကာင္ေလးေပါ့ … ကြၽန္မလဲ သိပ္ခ်စ္တယ္ ။ ဒီအခ်စ္ခရီးလမ္းဟာ သိပ္ကို သာယာတယ္ ေဖာက္ျပားျခင္းေတြမရွိ … ေဖာက္ျပန္ျခင္းမရွိခဲ့ပ​ဲ လက္အတူတြဲေလွ်ာက္ခဲ့တဲ့ လမ္းေပါ့ … ေပ်ာ္ခဲ့ဖူးတာေတြ အမ်ားႀကီးရွိတယ္ ။ ဒါေပမယ့္ ခ်စ္ခဲ့ၾက႐ုံပဲရွိတာပါ ဘယ္ေတာ့မွေတာ့ နီးၾကေတာ့မွာ မဟုတ္ဘူး ။ ေပ်ာ္ခဲ့ၾက႐ုံပဲ ရွိတာပါ ေနာက္ထပ္ ဘယ္ေတာ့မွ ေမွ်ာ္မိေတာ့မွာ မဟုတ္ဘူး ။

ခ်စ္သူ ဆိုတဲ့ စကားလုံးဟာ … ေပါင္းစပ္ဖို႔ဆိုတဲ့ ရည္မွန္းခ်က္ေတြတူရတယ္ ။ ေပါင္းစည္းဖို႔ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထားရတယ္ ။ သူ နဲ႔နီးဖို႔ ေျခလွမ္းတစ္ရာ ရွိတယ္ ထားပါေတာ့ … ကြၽန္မ ဘက္က ၉၉လွမ္းေလာက္ လွမ္းခဲ့ၿပီးသားပါ ဒါေပမယ့္ သူ႔ဘက္က ေျခေလးတစ္လွမ္းေတာင္ မႂကြခဲ့ဘူး ။ ဒီအျဖစ္အပ်က္ကိုေတြၾကည့္တဲ့အခါ ၉၉လွမ္းေတာင္ လွမ္းခဲ့ၿပီးသားပဲေလ ဘာလို႔ တစ္လွမ္းေလးဆက္လွမ္းဖို႔ တြန္႔တိုေနမွာလဲလို႔ ေမးစရာေတြ ရွိလာခဲ့လိမ့္မယ္ ။

အေျဖေတြ ရွိခဲ့ၿပီးသားပါ … ႏွစ္ေယာက္အတူတူ ႀကိဳးစားခဲ့ၾကတယ္ဆိုတဲ့ သက္ေသေလးေတြထူခ်င္တယ္ ။ ကိုယ့္ဘက္က တစ္ဖက္သတ္ခ်ည္းလုပ္ယူရတဲ့ နီးစပ္မႈမ်ိဳးေတြဟာ … အခ်ိန္တစ္ခုထိပဲ ၾကာတတ္တယ္ေလ။ ေပါင္းစပ္ၿပီးသြားတဲ့အခါမွ ကြၽန္မဘက္က ဆက္ၿပီး လုပ္မေပးႏိုင္ေတာ့ရင္ဆိုတဲ့ အေတြးေတြနဲ႔ ေၾကာက္လာခဲ့မိတယ္ ။ ကေလးတစ္ေယာက္ကို ၾကင္နာဂ႐ုစိုက္သလိုမ်ိဳး ကြၽန္မ အခ်ိန္ျပည့္လုပ္ေပးႏိုင္မွာ မဟုတ္ဘူးေလ ။ မိန္းမသားဆိုတာ ဘယ္ေလာက္ပဲသန္မာပါတယ္ေျပာေျပာ ကိုယ္ခ်စ္တဲ့သူ ပုခုံးကိုေတာ့ မွီခ်င္ေသးတယ္ ။

ဒါဟာ ဇာတ္လမ္းေလးပါ … သူခ်စ္တယ္မွန္းသိသိရဲ႕နဲ႔ ကြၽန္မ ေက်ာခိုင္းခဲ့ဖူးတဲ့ ဇာတ္လမ္းေလးေပါ့ ။ ရင္နာရတယ္ဆိုတာထက္ ကြၽန္မ … ေအာင့္သက္သက္ႏိုင္တာ ပိုၿပီးမ်ားတယ္ ။ ခ်စ္ပဲခ်စ္တတ္ခဲ့ၿပီး ဘာေၾကာင့္ နီးစပ္ဖို႔ နဲနဲေလးမွ မလုပ္ခဲ့တာလဲဆိုတဲ့ မေက်နပ္ခ်က္ေတြနဲ႔ ခံျပင္းခဲ့ရတဲ့ ဇာတ္လမ္းေပါ့ …သူ႔ဘက္က စၿပီးလွမ္းဖို႔ေတာင္းဆိုခဲ့တာမဟုတ္ပဲ ကိုယ္နဲ႔အတူ လွမ္းခဲ့တာကို လိုခ်င္ခဲ့တာပါ ။ အခ်ိန္ေတြ အၾကာႀကီးရပ္ေနရင္းနဲ႔ သူက ခ်စ္ပဲခ်စ္ခဲ့တာ မနီးစပ္ခ်င္ခဲ့မွန္း ကြၽန္မ … ပိုပိုၿပီးသိလာရတာပါ ။

ဒီဇာတ္လမ္း … ဒီမွာတင္ပဲ တစ္ခန္းရပ္တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း