ဒီကံပါလာတော့လဲ ဒီဒုက္ခတွေအတွက် အထူးအဆန်းလုပ်ပြီး ငြီးတွားမနေတော့ပါဘူး

ကိုယ့်ခြေကိုယ့်လက်နဲ့မှ မဟုတ်ရင် ဘယ်အရာမှ ကိုယ့်အတွက်မဟုတ်ဘူးဆိုတဲ့ ကံ ပါလာတယ်ထင်တယ် ကံစမ်းမဲ နှိုက်တဲ့အခါပဲ ဖြစ်ဖြစ် လူသုံးယောက် ဗလာတစ်မဲပဲပါတယ် ကဒ်သုံးကဒ်မှာ ကျွန်မသာ ဗလာရတယ်

ထီထိုးတဲ့အခါ ကိုယ်ထိုးတဲ့ နံပါတ်နဲ့ တက်တက်စင်အောင် လွဲပြီးမှ ထွက်တယ် အဲ့လိုမျိုးတွေပေါ့ ကိုယ်ကိုယ်တိုင် မကြိုးစားပဲနဲ့ ဘယ်အရာမှ အလကားရမလာတတ်ဘူး ကျွန်မ ကံကိုက အဲ့လိုပါလာပြီးသားပဲ ထင်ပါတယ် သိပ်ပြီးထွေထွေထူးထူးတော့ ၀မ်းမနည်းမိဘူး

ကိုယ်လိုချင်တာ တစ်ခုခုရှိလာတဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားယူရတယ် ဘယ်သူ့ကိုမှ ပူဆာခွင့်မရှိခဲ့ဘူး ပူဆာလို့လဲ မရခဲ့ဖူးဘူး ကိုယ့်ချွေးနဲစာနဲ့ကိုယ် ဖဲ့ပြီး၀ယ်ရတာပဲ

လောကမှာ မလိုချင်ပဲ ရလာတာတွေပဲများတယ် ဥပမာ ဒုက္ခတွေ သောကတွေပေါ့ တစ်ပုံတစ်ပင်ပဲ ၀င်မလာပါနဲ့လို့ တားတဲ့ကြားက ထားစရာမရှိလောက်အောင်ကို ပေါများတာ ကိုယ် လိုလိုချင်ချင် တောင့်တောင့်တတ ရှိတဲ့ အရာတွေကျတော့ ဆုဘယ်လောက်တောင်းတောင်း ရမလာတတ်ဘူး ကိုယ့်ခြေကိုယ့်လက်နဲ့ မနည်းကြိုးစားယူမှ ပိုင်ဆိုင်ခဲ့တာတွေချည်းပါပဲ

သူငယ်ချင်းအပေါင်းအသင်းပဲဖြစ်ဖြစ် ကိုယ့်ဘက်ကပဲ စေတနာတွေ ပေါပေါပဲပဲ ပေးရတယ်ကျွန်မကိုကျ တစ်ချက်မှ သတိမရကြဘူး အဲ့လိုမျိုးတွေပေါ့ ကံဆိုးလိုက်တာဆိုပြီး ကိုယ့်ဘ၀ကိုယ်လဲ ငြီးတွားမနေတတ်တော့ ခက်တယ်

လိုချင်တာတွေ ရလာတဲ့အခါ ဖုံးမရ ဖိမရအောင်​ပျော်တတ်ပေမယ့် လိုချင်တာတွေ ရမလာတဲ့အခါ ပြုံးပြုံးလေးနဲ့ ကျွန်မ မလိုချင်ယောင်ဆောင်တတ်ပါတယ် ဘယ်အရာမှာမဆို ကိုယ်ကိုယ်တိုင် ကြိုးစားယူမှ ရတဲ့ဘ၀မှာ တစ်ခါတစ်ခါ တော်တော်လေး ပင်ပန်းရတယ် ။

ဒီကံပါလာတော့လဲ ဒီဒုက္ခတွေအတွက် အထူးအဆန်းလုပ်ပြီး ငြီးတွားမနေတော့ပါဘူး ကျွန်မ ခံနိုင်ရည်ရှိပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း








မိန်းမသားတို့အတွက်
သျှင်ယွန်း