ကိုယ့်တစ်ယောက်တည်းအတွက်မှ မဟုတ်ရင် ဘယ်အချစ်ကိုမှ မမက်နဲ့

အချစ်နဲ့ပတ်သက်ပြီး မိ်န်းမသားတွေက အတ္တကြီးတယ် တဲ့ ။ ကိုယ်တစ်ယောက်တည်းမှ မပိုင်ရရင် ဘယ်လောက်ချစ်ချစ် ဘယ်လောက်ပဲ အဖိုးတန်တန် လှည့်ထွက်ခဲ့လိုက်ဖို့ ၀န်မလေးတတ်ကြဘူးလေ ။

အချစ်ဆိုတာ ပန်းသီးလေးတစ်လုံးတဲ့ တင်စားတတ်ကြပေမယ့် တကယ့်အချစ်တွေကတော့ ပန်းသီးလေးတစ်လုံးလို ဝေစားမျှစားလို့ရတာမျိုးမှ မဟုတ်တာ ။ လူတစ်ယောက် ကိုယ့်အနားရှိနေပြီးမှ တစ်ခြားတစ်ယောက်စီ စိတ်ရောက်နေတာမျိုးက တွေးမိတဲ့အခါတိုင်း ရင်ကွဲလုမတတ် ခံစားရတဲ့ ငရဲပါ ။

သူမပျော်တော့ရင် ထွက်သွားမှာဆိုတဲ့ စိတ်နဲ့ ဆွဲထားမိတဲ့လက်တွေကိုလဲ အားနာတယ် ။ တကယ်ဆို … ထွက်သွားမယ်ဆိုတဲ့သူကို ဘယ်အရာနဲ့များ တားထားလို့ရမှာလဲ ။ ကိုယ်ကသာ ပျော်ပါစေဆိုတဲ့ ဆုတွေပေးနေတာ သူက ကိုယ်ရှိနေလို့မပျော်ခဲ့တာလေ ကိုယ် … နဲ့မှ မဟုတ်ရင် သူက ပျော်နေမှာပါဆိုတဲ့အတွေးလေး ရှိနေစေချင်တယ် ။

ကိုယ်တစ်ဦးတည်းမှ မပိုင်ရရင် အဲ့တာဟာ ပူလောင်တဲ့အချစ်သက်သက်ပဲ မလိုချင်နဲ့ ။ ကိုယ်က တစ်ယောက်တစ်ယောက်နဲ့ ယှဥ်ပြီးမှ ရွေးချယ်ခံရမယ့် ဘ၀မျိုးတွေလဲ မဖြစ်စေနဲ့ ။ သေလောက်အောင်ချစ်နေပါစေ ။ အဲ့ဒီအချစ်တွေကို ရင်ဘတ်ထဲမှာ သိမ်းထားလိုက်ပါ ။ ကိုယ့်နောက်ကွယ်ရောက်ရင် ဟားစရာဖြစ်အောင် ကိုယ့်တန်ဖိုးတွေ ထပ်မချလိုက်နဲ့တော့ ။

အချစ်ဆိုတာ … ပျော်စရာကောင်းပါတယ် ကြည်နူးဖို့လဲ ကောင်းပါတယ် ။ ကိုယ့်ကို မချစ်မှန်းသိနေရဲ့နဲ့ ကိုယ့်အနားမနေချင်မှန်းသိနေရဲ့နဲ့ ဆက်ချစ်နေရတာတော့ မကောင်းဘူး ။ သေမတတ် နာကျင်ရတယ် ။ အချိန်တိုင်းလဲ ကိုယ့်ပျော်ရွှင်မှုတွေ သေရတယ် ။ ကိုယ့်တစ်ယောက်တည်းအတွက်မှ မဟုတ်ရင် ဘယ်အချစ်ကိုမှ မမက်နဲ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်စ္နဲ႔ပတ္သက္ၿပီး မိ္န္းမသားေတြက အတၱႀကီးတယ္ တဲ့ ။ ကိုယ္တစ္ေယာက္တည္းမွ မပိုင္ရရင္ ဘယ္ေလာက္ခ်စ္ခ်စ္ ဘယ္ေလာက္ပဲ အဖိုးတန္တန္ လွည့္ထြက္ခဲ့လိုက္ဖို႔ ၀န္မေလးတတ္ၾကဘူးေလ ။

အခ်စ္ဆိုတာ ပန္းသီးေလးတစ္လုံးတဲ့ တင္စားတတ္ၾကေပမယ့္ တကယ့္အခ်စ္ေတြကေတာ့ ပန္းသီးေလးတစ္လုံးလို ေဝစားမွ်စားလို႔ရတာမ်ိဳးမွ မဟုတ္တာ ။ လူတစ္ေယာက္ ကိုယ့္အနားရွိေနၿပီးမွ တစ္ျခားတစ္ေယာက္စီ စိတ္ေရာက္ေနတာမ်ိဳးက ေတြးမိတဲ့အခါတိုင္း ရင္ကြဲလုမတတ္ ခံစားရတဲ့ ငရဲပါ ။

သူမေပ်ာ္ေတာ့ရင္ ထြက္သြားမွာဆိုတဲ့ စိတ္နဲ႔ ဆြဲထားမိတဲ့လက္ေတြကိုလဲ အားနာတယ္ ။ တကယ္ဆို … ထြက္သြားမယ္ဆိုတဲ့သူကို ဘယ္အရာနဲ႔မ်ား တားထားလို႔ရမွာလဲ ။ ကိုယ္ကသာ ေပ်ာ္ပါေစဆိုတဲ့ ဆုေတြေပးေနတာ သူက ကိုယ္ရွိေနလို႔မေပ်ာ္ခဲ့တာေလ ကိုယ္ … နဲ႔မွ မဟုတ္ရင္ သူက ေပ်ာ္ေနမွာပါဆိုတဲ့အေတြးေလး ရွိေနေစခ်င္တယ္ ။

ကိုယ္တစ္ဦးတည္းမွ မပိုင္ရရင္ အဲ့တာဟာ ပူေလာင္တဲ့အခ်စ္သက္သက္ပဲ မလိုခ်င္နဲ႔ ။ ကိုယ္က တစ္ေယာက္တစ္ေယာက္နဲ႔ ယွဥ္ၿပီးမွ ေ႐ြးခ်ယ္ခံရမယ့္ ဘ၀မ်ိဳးေတြလဲ မျဖစ္ေစနဲ႔ ။ ေသေလာက္ေအာင္ခ်စ္ေနပါေစ ။ အဲ့ဒီအခ်စ္ေတြကို ရင္ဘတ္ထဲမွာ သိမ္းထားလိုက္ပါ ။ ကိုယ့္ေနာက္ကြယ္ေရာက္ရင္ ဟားစရာျဖစ္ေအာင္ ကိုယ့္တန္ဖိုးေတြ ထပ္မခ်လိုက္နဲ႔ေတာ့ ။

အခ်စ္ဆိုတာ … ေပ်ာ္စရာေကာင္းပါတယ္ ၾကည္ႏူးဖို႔လဲ ေကာင္းပါတယ္ ။ ကိုယ့္ကို မခ်စ္မွန္းသိေနရဲ႕နဲ႔ ကိုယ့္အနားမေနခ်င္မွန္းသိေနရဲ႕နဲ႔ ဆက္ခ်စ္ေနရတာေတာ့ မေကာင္းဘူး ။ ေသမတတ္ နာက်င္ရတယ္ ။ အခ်ိန္တိုင္းလဲ ကိုယ့္ေပ်ာ္႐ႊင္မႈေတြ ေသရတယ္ ။ ကိုယ့္တစ္ေယာက္တည္းအတြက္မွ မဟုတ္ရင္ ဘယ္အခ်စ္ကိုမွ မမက္နဲ႔ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း