သူမကို တကယ်ချစ်ရင် ဒါတွေ မလုပ်နဲ့

တကယ်ချစ်ရင် … မလိမ်ပါနဲ့ ။
ကိုယ့်ချစ်သူနဲ့ ပတ်သက်တဲ့ ဘယ်အရာကိုမဆို သိချင်ကြတာဟာ မိ်န်းကလေးတွေရဲ့ သဘာ၀ပါ ပျော်စရာပဲ ဖြစ်ဖြစ် ၀မ်းနည်းစရာပဲ ဖြစ်ဖြစ် အတူတူမျှဝေချင်ကြတာချည်းပါပဲ ။ ဘယ်လိုအမှန်တရားမျိုးကိုမဆို ကိုယ့်ချစ်သူ ပြောပြတဲ့အခါမှ ပိုပြီး သိချင်ကြတယ် ကျွန်မကို လိမ်ထားတဲ့အရာကို တစ်ခြားတစ်ယောက်က ပြန်ပြောမှ သိရတဲ့အဖြစ်ဟာ တကယ်တမ်းကျတော့ ကိုယ့်ကို တန်ဖိုးမထားရာ ရောက်ပါတယ် ။

တကယ်ချစ်ရင် …. ပြီးပြီးရောရော ပေါ့ပျက်ပျက်မပြောနဲ့
စိတ်ဆိုးနေတဲ့အခါပဲဖြစ်ဖြစ် စိတ်ကောက်နေတဲ့အခါ ပဲဖြစ်ဖြစ် စိတ်ဆိုးပြေရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့ ကတိတွေကို ပေါ့ပျက်ပျက်မပေးနဲ့ စကားတွေကို ပြီးပြီးရောရောမပြောနဲ့ မိနိးကလေးဆိုတာမျိုးက ဘာမဟုတ်တာလေးက အစ အလေးအနက်ထားပြီး မျှော်လင့်တတ်ကြတာလေ ။ ဖြစ်မလာတဲ့အခါ ပိုပြီးအယုံအကြည်မဲ့သွားတတ်တယ်

တကယ်ချစ်ရင် … တခြားမိန်းကလေးနဲ့ မနှိုင်းနဲ့ …
တခြားတစ်ယောက်အကြောင်းကို ကိုယ့်ချစ်သူ က ကိုယ့်ကို ပြောနေတဲ့အခါ ဘယ်လို အင်အားမျိုးန​ဲ့ နားထောင်ရမလဲ ဆိုတာ စာနာပါ ။ မိန်းကလေးဆိုတာမျိုးက တခြားသူတွေ ဘာတွေပဲ ပြောပြော ခံနိုင်ရည်ရှိတတ်ကြပေမယ့် တခြားတစ်ယောက်နဲ့ အနှိုင်းယှဥ် ခံနိုင်လောက်တဲ့အထိ မသန်မာကြဘူး ။

တကယ်ချစ်ရင် …. ခံစားချက်တွေကို မလှောင်ပါနဲ့
မိန်းကလေးတစ်ယောက်မှာ တကယ် အတည်ပေါက်နဲ့ ခံစားချက်တွေကို ရင်ဖွင့်တဲ့အခိုက်အတန့်တွေ ရှိတယ် ။ အဲ့ဒီအချိန်လေးခဏမှာ ခဏလောက်ပဲဖြစ်ဖြစ် လေးလေးနက်နက်လေး နားထောင်ပေးပါ ။ ကျေးဇူးပြုပြီးတော့ မလှောင်ပါနဲ့ နောက်တစ်ခေါက် ဘာအကြောင်းမှ မပြောပဲ နှုတ်ဆိတ်နေမိလိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တကယ္ခ်စ္ရင္ … မလိမ္ပါနဲ႔ ။
ကိုယ့္ခ်စ္သူနဲ႔ ပတ္သက္တဲ့ ဘယ္အရာကိုမဆို သိခ်င္ၾကတာဟာ မိ္န္းကေလးေတြရဲ႕ သဘာ၀ပါ ေပ်ာ္စရာပဲ ျဖစ္ျဖစ္ ၀မ္းနည္းစရာပဲ ျဖစ္ျဖစ္ အတူတူမွ်ေဝခ်င္ၾကတာခ်ည္းပါပဲ ။ ဘယ္လိုအမွန္တရားမ်ိဳးကိုမဆို ကိုယ့္ခ်စ္သူ ေျပာျပတဲ့အခါမွ ပိုၿပီး သိခ်င္ၾကတယ္ ကြၽန္မကို လိမ္ထားတဲ့အရာကို တစ္ျခားတစ္ေယာက္က ျပန္ေျပာမွ သိရတဲ့အျဖစ္ဟာ တကယ္တမ္းက်ေတာ့ ကိုယ့္ကို တန္ဖိုးမထားရာ ေရာက္ပါတယ္ ။

တကယ္ခ်စ္ရင္ …. ၿပီးၿပီးေရာေရာ ေပါ့ပ်က္ပ်က္မေျပာနဲ႔
စိတ္ဆိုးေနတဲ့အခါပဲျဖစ္ျဖစ္ စိတ္ေကာက္ေနတဲ့အခါ ပဲျဖစ္ျဖစ္ စိတ္ဆိုးေျပရင္ၿပီးေရာဆိုတဲ့ပုံစံမ်ိဳးနဲ႔ ကတိေတြကို ေပါ့ပ်က္ပ်က္မေပးနဲ႔ စကားေတြကို ၿပီးၿပီးေရာေရာမေျပာနဲ႔ မိနိးကေလးဆိုတာမ်ိဳးက ဘာမဟုတ္တာေလးက အစ အေလးအနက္ထားၿပီး ေမွ်ာ္လင့္တတ္ၾကတာေလ ။ ျဖစ္မလာတဲ့အခါ ပိုၿပီးအယုံအၾကည္မဲ့သြားတတ္တယ္

တကယ္ခ်စ္ရင္ … တျခားမိန္းကေလးနဲ႔ မႏႈိင္းနဲ႔ …
တျခားတစ္ေယာက္အေၾကာင္းကို ကိုယ့္ခ်စ္သူ က ကိုယ့္ကို ေျပာေနတဲ့အခါ ဘယ္လို အင္အားမ်ိဳးန​ဲ့ နားေထာင္ရမလဲ ဆိုတာ စာနာပါ ။ မိန္းကေလးဆိုတာမ်ိဳးက တျခားသူေတြ ဘာေတြပဲ ေျပာေျပာ ခံႏိုင္ရည္ရွိတတ္ၾကေပမယ့္ တျခားတစ္ေယာက္နဲ႔ အႏႈိင္းယွဥ္ ခံႏိုင္ေလာက္တဲ့အထိ မသန္မာၾကဘူး ။

တကယ္ခ်စ္ရင္ …. ခံစားခ်က္ေတြကို မေလွာင္ပါနဲ႔
မိန္းကေလးတစ္ေယာက္မွာ တကယ္ အတည္ေပါက္နဲ႔ ခံစားခ်က္ေတြကို ရင္ဖြင့္တဲ့အခိုက္အတန္႔ေတြ ရွိတယ္ ။ အဲ့ဒီအခ်ိန္ေလးခဏမွာ ခဏေလာက္ပဲျဖစ္ျဖစ္ ေလးေလးနက္နက္ေလး နားေထာင္ေပးပါ ။ ေက်းဇူးျပဳၿပီးေတာ့ မေလွာင္ပါနဲ႔ ေနာက္တစ္ေခါက္ ဘာအေၾကာင္းမွ မေျပာပဲ ႏႈတ္ဆိတ္ေနမိလိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း