သွေးမထွက်ပေမယ့်လဲ သေမတတ်နာရတဲ့ ဒဏ်ရာတွေ တကယ်ရှိတယ်

သွေးထွက်မှ ဒဏ်ရာမဟုတ်ဘူး တချို့ဒဏ်ရာတွေက ရင်ထဲမှာ နာရတယ် ။ သွေိးမထွက်ခဲ့သလို တစ်သက်လုံးလဲ အနာမကျက်ခဲ့ဘူးလေ ။ နာကျင်နေပါပြီလို့ပြောတဲ့အခါ လူတွေက အပေါ်ယံဒဏ်ရာကို ရှာကြတာများတယ် ။ ဘယ်သူကမှ ရင်ထဲ ၀င်အောင် မကြည့်ကြဘူး ။

စကားလုံးလေးတစ်လုံးကြောင့် ဘာများဖြစ်သွားမှာမို့လို့လဲ တဲ့ အသားတွေ ပဲ့ပါမသွားပေမယ့် အသည်းတွေ ပဲ့ပါသွားခဲ့တာကိုကျ ဘယ်သူမှ မမြင်တတ်ခဲ့ကြဘူးလေ ။ သူတို့ကို မထိခင်အထိတော့ ဘာမှ မဖြစ်ပါဘူး ခွင့်လွှတ်လိုက်ဆိုတဲ့ စကားလုံးကိုမကြာခဏသုံးကြတယ် ။ တကယ်တမ်း နာခဲ့ရတာက ကိုယ်ပါ ။ ပြီးတော့ ကိုယ်ပဲ အမှားဖြစ်ရတယ်

ဓားရှသွားတဲ့ ဒဏ်ရာဆိုတာက အချိန်တန်ရင် ပျောက်ပါတယ် ။ နှလုံးသားမှာ နာရတဲ့ အရာတွေကတော့ သေရင်တောင် ပျောက်ဖို့ ခက်တယ် ။ သွေးတွေရဲထနေမှ သေမတတ် နာကျင်နေပါပြီ မဟုတ်ဘူး ။ မျက်ရည်တွေ ဝဲတက်နေတဲ့အခိုက်အတန့်တွေဟာလဲ သေမတတ် နာကျင်နေပါပြီလို့ ၀န်ခံရာရောက်ပါတယ် ။

အတွင်းမှာ ကြေရတဲ့ ဒဏ်ရာ … အချိန်အကြာကြီး ကုစားဖို့ လိုအပ်သလို အတိတ်ကို ခဏခဏ သတိမရမိဖို့လဲ လိုတယ် ။ တစ်ခါ သတိရတိုင်း တစ်ခါ သွေးပြန်ထွက်ရတတ်တယ်လေ ။

ဒဏ်ရာလို့ ပြောတဲ့အခါ … အပေါ်ယံတွေကိုသာရှာပြီး သွေးမထွက်ရုံနဲ့ အနာမရှိပါဘူးလို့ မထင်ပါနဲ့ ။ ရင်ထဲကို မြင်အောင်ကြည့်ပါ ။ သွေးမထွက်ပေမယ့်လဲ သေမတတ်နာရတဲ့ ဒဏ်ရာတွေ တကယ်ရှိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေသြးထြက္မွ ဒဏ္ရာမဟုတ္ဘူး တခ်ိဳ႕ဒဏ္ရာေတြက ရင္ထဲမွာ နာရတယ္ ။ ေသြိးမထြက္ခဲ့သလို တစ္သက္လုံးလဲ အနာမက်က္ခဲ့ဘူးေလ ။ နာက်င္ေနပါၿပီလို႔ေျပာတဲ့အခါ လူေတြက အေပၚယံဒဏ္ရာကို ရွာၾကတာမ်ားတယ္ ။ ဘယ္သူကမွ ရင္ထဲ ၀င္ေအာင္ မၾကည့္ၾကဘူး ။

စကားလုံးေလးတစ္လုံးေၾကာင့္ ဘာမ်ားျဖစ္သြားမွာမို႔လို႔လဲ တဲ့ အသားေတြ ပဲ့ပါမသြားေပမယ့္ အသည္းေတြ ပဲ့ပါသြားခဲ့တာကိုက် ဘယ္သူမွ မျမင္တတ္ခဲ့ၾကဘူးေလ ။ သူတို႔ကို မထိခင္အထိေတာ့ ဘာမွ မျဖစ္ပါဘူး ခြင့္လႊတ္လိုက္ဆိုတဲ့ စကားလုံးကိုမၾကာခဏသုံးၾကတယ္ ။ တကယ္တမ္း နာခဲ့ရတာက ကိုယ္ပါ ။ ၿပီးေတာ့ ကိုယ္ပဲ အမွားျဖစ္ရတယ္

ဓားရွသြားတဲ့ ဒဏ္ရာဆိုတာက အခ်ိန္တန္ရင္ ေပ်ာက္ပါတယ္ ။ ႏွလုံးသားမွာ နာရတဲ့ အရာေတြကေတာ့ ေသရင္ေတာင္ ေပ်ာက္ဖို႔ ခက္တယ္ ။ ေသြးေတြရဲထေနမွ ေသမတတ္ နာက်င္ေနပါၿပီ မဟုတ္ဘူး ။ မ်က္ရည္ေတြ ဝဲတက္ေနတဲ့အခိုက္အတန္႔ေတြဟာလဲ ေသမတတ္ နာက်င္ေနပါၿပီလို႔ ၀န္ခံရာေရာက္ပါတယ္ ။

အတြင္းမွာ ေၾကရတဲ့ ဒဏ္ရာ … အခ်ိန္အၾကာႀကီး ကုစားဖို႔ လိုအပ္သလို အတိတ္ကို ခဏခဏ သတိမရမိဖို႔လဲ လိုတယ္ ။ တစ္ခါ သတိရတိုင္း တစ္ခါ ေသြးျပန္ထြက္ရတတ္တယ္ေလ ။

ဒဏ္ရာလို႔ ေျပာတဲ့အခါ … အေပၚယံေတြကိုသာရွာၿပီး ေသြးမထြက္႐ုံနဲ႔ အနာမရွိပါဘူးလို႔ မထင္ပါနဲ႔ ။ ရင္ထဲကို ျမင္ေအာင္ၾကည့္ပါ ။ ေသြးမထြက္ေပမယ့္လဲ ေသမတတ္နာရတဲ့ ဒဏ္ရာေတြ တကယ္ရွိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း