ဘာ​ရယ်ကြောင့်မှန်းမသိ ၀မ်းနည်းသလိုလို ငိုချင်သလိုလို

တစ်ခါတစ်လေကျတော့ … ဘာ​ရယ်ကြောင့်မှန်းမသိ ၀မ်းနည်းသလိုလို ငိုချင်သလိုလိုတွေ ဖြစ်နေခဲ့ဖူးလား ။ ကျွန်မတော့ မကြာခဏဆိုသလို ဖြစ်ခဲ့ဖူးသလို များသောအားဖြင့် ဘာမှ မလုပ်ဖြစ်မကိုင်ဖြစ်ခဲ့တဲ့ အချိန်တွေမှာ ပိုပြီး အဖြစ်များခဲ့တယ် ။

ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာကြည့်ရင်း ပြန်မြင်ရတဲ့သူဟာ ကိုယ်မဟုတ်တော့သလိုဖြစ်ခဲ့ဖူးတယ် ။ အဲ့ဒီအချိန် ငိုချင်နေရုံကလွဲလို့ တခြား ဘာနဲ့မှ ဖြေလို့မှ မရခဲ့ဘူး ။ ဘာကြောင့်လဲဆိုပြန်တော့လဲ အကြောင်းပြချက်တွေ ရေရေရာရာ မရှိခဲ့ဘူးလေ ။ ကျွန်မ သိတာ ကျွန်မ အားငယ်နေတယ် ဆိုရုံလောက်ပါပဲ ။

ဒီလိုအချိန်တွေမှာ … အတွေးတွေ အများကြီး၀င်လာတတ်သလို များသောအားဖြင့် ကိုယ်ဟာ ဘယ်သူ့အတွက်မှ အရေးပါမနေပါလားဆိုတဲ့အတွေးဟာ အဆိုးဆုံးပါပဲ ။ ဒီလိုအချိန်တွေမှာ ကိုယ့်ကို အပြစ်မတင်ပဲ ကိုယ် မှီထားလို့ရမယ် ပုခုံးလေး လိုချင်တယ် ကိုယ်ငိုမယ်လို့ပြောတဲ့အခါ မငိုနဲ့လို့ တားမယ့်အစား ငိုပါ လို့ပြောပေးမယ့် နှုတ်ခမ်းလေးကို လိုချင်တယ် ။

အသက်၀၀ရှုပေမယ့် ရင်ထဲမှာ ဟာတာတာနဲ့ မသိရင် တစ်ခုခုကို ဆုံးရှုံးခဲ့ရသလို ဒါမှမဟုတ် ဆုံးရှုံးခံနီးပြီဆိုတာ သိနေသလိုမျိုး ခံစားချက်ကြီးက တော်တော်ကြီးကို ဆိုးရွားတယ် ။ တကယ်တမ်းကျတော့ ကိုယ့်မှာ ဘယ်အရာကိုမှ မပိုင်ဆိုင်ခဲ့ရသလို ဘယ်အရာကိုမှ ဆုံးရှုံးဖို့ရာတွေ ရှိမနေခဲ့ဘူး ။

ဒီလိုပါပဲ … တစ်ခါတစ်လေကျတော့ … ဘယ်ရယ်ကြောင့်မှန်းမသိ ဝမ်းနည်းနေမိနေတယ် ။ ဘာကြောင့်လဲဆိုပြန်တော့ အကြောင်းပြချက် တွေ ရေရေရာရာ မရှိခဲ့ဘူး ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ခါတစ္ေလက်ေတာ့ … ဘာ​ရယ္ေၾကာင့္မွန္းမသိ ၀မ္းနည္းသလိုလို ငိုခ်င္သလိုလိုေတြ ျဖစ္ေနခဲ့ဖူးလား ။ ကြၽန္မေတာ့ မၾကာခဏဆိုသလို ျဖစ္ခဲ့ဖူးသလို မ်ားေသာအားျဖင့္ ဘာမွ မလုပ္ျဖစ္မကိုင္ျဖစ္ခဲ့တဲ့ အခ်ိန္ေတြမွာ ပိုၿပီး အျဖစ္မ်ားခဲ့တယ္ ။

ကိုယ့္ကိုယ္ကိုယ္ မွန္ထဲမွာၾကည့္ရင္း ျပန္ျမင္ရတဲ့သူဟာ ကိုယ္မဟုတ္ေတာ့သလိုျဖစ္ခဲ့ဖူးတယ္ ။ အဲ့ဒီအခ်ိန္ ငိုခ်င္ေန႐ုံကလြဲလို႔ တျခား ဘာနဲ႔မွ ေျဖလို႔မွ မရခဲ့ဘူး ။ ဘာေၾကာင့္လဲဆိုျပန္ေတာ့လဲ အေၾကာင္းျပခ်က္ေတြ ေရေရရာရာ မရွိခဲ့ဘူးေလ ။ ကြၽန္မ သိတာ ကြၽန္မ အားငယ္ေနတယ္ ဆို႐ုံေလာက္ပါပဲ ။

ဒီလိုအခ်ိန္ေတြမွာ … အေတြးေတြ အမ်ားႀကီး၀င္လာတတ္သလို မ်ားေသာအားျဖင့္ ကိုယ္ဟာ ဘယ္သူ႔အတြက္မွ အေရးပါမေနပါလားဆိုတဲ့အေတြးဟာ အဆိုးဆုံးပါပဲ ။ ဒီလိုအခ်ိန္ေတြမွာ ကိုယ့္ကို အျပစ္မတင္ပဲ ကိုယ္ မွီထားလို႔ရမယ္ ပုခုံးေလး လိုခ်င္တယ္ ကိုယ္ငိုမယ္လို႔ေျပာတဲ့အခါ မငိုနဲ႔လို႔ တားမယ့္အစား ငိုပါ လို႔ေျပာေပးမယ့္ ႏႈတ္ခမ္းေလးကို လိုခ်င္တယ္ ။

အသက္၀၀ရႈေပမယ့္ ရင္ထဲမွာ ဟာတာတာနဲ႔ မသိရင္ တစ္ခုခုကို ဆုံးရႈံးခဲ့ရသလို ဒါမွမဟုတ္ ဆုံးရႈံးခံနီးၿပီဆိုတာ သိေနသလိုမ်ိဳး ခံစားခ်က္ႀကီးက ေတာ္ေတာ္ႀကီးကို ဆိုး႐ြားတယ္ ။ တကယ္တမ္းက်ေတာ့ ကိုယ့္မွာ ဘယ္အရာကိုမွ မပိုင္ဆိုင္ခဲ့ရသလို ဘယ္အရာကိုမွ ဆုံးရႈံးဖို႔ရာေတြ ရွိမေနခဲ့ဘူး ။

ဒီလိုပါပဲ … တစ္ခါတစ္ေလက်ေတာ့ … ဘယ္ရယ္ေၾကာင့္မွန္းမသိ ဝမ္းနည္းေနမိေနတယ္ ။ ဘာေၾကာင့္လဲဆိုျပန္ေတာ့ အေၾကာင္းျပခ်က္ ေတြ ေရေရရာရာ မရွိခဲ့ဘူး ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း