အချိန်တန်တဲ့အခါ အရာအားလုံးဟာ နေသားတကျလေး ဖြစ်သွားလိမ့်မယ်တဲ့

အချိန်တန်တဲ့အခါ အရာအားလုံးဟာ နေသားတကျလေး ဖြစ်သွားလိမ့်မယ်တဲ့ … အဲ့လိုနေသားတကျလေးဖြစ်ဖို့ မျက်ရည်တွေ ဘယ်လောက်ရင်းရဦးမလဲ ဒါမှမဟုတ် နာနေတဲ့ရင်ကိုဖိပြီး ညတွေ ဘယ်လောက်ထိ ဖြတ်သန်းရဦးမလဲ တစ်စုံတစ်ယောက် သိခဲ့ရင် ဖြေခဲ့ပေးပါ ။

ရင်ကွဲနာဆိုတာ … အပြင်ပန်းကကြည့်ရင် လူကောင်းပကတိလိုပါပဲ စိတ်တွေတော့ ဟိုးအောက်ဆုံးထိ ကျနေတတ်တယ် ။ လမ်းတွေ လျှောက်ရင်း လမ်းတွေလဲ ပျောက်ရသလို ကိုယ့်ကိုယ်ကိုယ် ပြုံးနေမိသလား ငိုနေမိသလား တစ်ခါတစ်လေ မသိ ဖြစ်ရတယ် ။

ကိုယ်မျှော်လင့်မိခဲ့လို့ ကိုယ်နာကျင်ခဲ့ရတာဆိုပေမယ့် ကိုယ့်ကို မျှော်လင့်ချက်ပေးခဲ့သူတွေမှာ ကောင်းကောင်းကြီး အပြစ်ရှိပါတယ် ။ ကွဲအက်သွားတဲ့နှလုံးသားကို အရင်လို နေသားတကျလေးဖြစ်သွားဖို့ အချိန်တွေ ဘယ်လောက်လိုအပ်သလဲ …

ပျော်ပျော်နေတတ်တဲ့ ကောင်မလေးတစ်ယောက် အခုဆို အပြုံးတွေ အသက်မဲ့ခဲ့တာ အတော့်ကို ကြာခဲ့ပြီလေ ။ ဒဏ်ရာတွေ ပေးခဲ့သူက သူရောက်တဲ့နေရာမှာ ပျော်အောင်နေတတ်ပေမယ့် ကိုယ်ကတော့ မျှော်နေတတ်တဲ့ အကျင့်လေးကို ခုထိ မဖျောက်နိုင်သေးဘူး ။ ပြီးတော့ အရင်လို မပျော်နိုင်သေးဘူး ။

နေသားတကျတဲ့ … ဒဏ်ရာတွေမှာ ကျင့်သားရသွားတယ်လို့ မရှိပါဘူး ။ အဲ့ဒီဒဏ်ရာတွေကြားမှာ နေသားကျအောင်နေပြီး ပျော်အောင် နေဖြစ်လာရုံပဲ ရှိတာပါ ခုထက်ထိတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပျော်အောင် မထားဖြစ်ခဲ့သေးဘူး ။ တစ်နေ့ ကျရင်တော့ နေသားကျသွားမှာပါဆိုတဲ့ အတွေးနဲ့အတူ အရင်တုန်းက ကျွန်မကို ပြန်လိုချင်မိတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

အခ်ိန္တန္တဲ့အခါ အရာအားလုံးဟာ ေနသားတက်ေလး ျဖစ္သြားလိမ့္မယ္တဲ့ … အဲ့လိုေနသားတက်ေလးျဖစ္ဖို႔ မ်က္ရည္ေတြ ဘယ္ေလာက္ရင္းရဦးမလဲ ဒါမွမဟုတ္ နာေနတဲ့ရင္ကိုဖိၿပီး ညေတြ ဘယ္ေလာက္ထိ ျဖတ္သန္းရဦးမလဲ တစ္စုံတစ္ေယာက္ သိခဲ့ရင္ ေျဖခဲ့ေပးပါ ။

ရင္ကြဲနာဆိုတာ … အျပင္ပန္းကၾကည့္ရင္ လူေကာင္းပကတိလိုပါပဲ စိတ္ေတြေတာ့ ဟိုးေအာက္ဆုံးထိ က်ေနတတ္တယ္ ။ လမ္းေတြ ေလွ်ာက္ရင္း လမ္းေတြလဲ ေပ်ာက္ရသလို ကိုယ့္ကိုယ္ကိုယ္ ၿပဳံးေနမိသလား ငိုေနမိသလား တစ္ခါတစ္ေလ မသိ ျဖစ္ရတယ္ ။

ကိုယ္ေမွ်ာ္လင့္မိခဲ့လို႔ ကိုယ္နာက်င္ခဲ့ရတာဆိုေပမယ့္ ကိုယ့္ကို ေမွ်ာ္လင့္ခ်က္ေပးခဲ့သူေတြမွာ ေကာင္းေကာင္းႀကီး အျပစ္ရွိပါတယ္ ။ ကြဲအက္သြားတဲ့ႏွလုံးသားကို အရင္လို ေနသားတက်ေလးျဖစ္သြားဖို႔ အခ်ိန္ေတြ ဘယ္ေလာက္လိုအပ္သလဲ …

ေပ်ာ္ေပ်ာ္ေနတတ္တဲ့ ေကာင္မေလးတစ္ေယာက္ အခုဆို အၿပဳံးေတြ အသက္မဲ့ခဲ့တာ အေတာ့္ကို ၾကာခဲ့ၿပီေလ ။ ဒဏ္ရာေတြ ေပးခဲ့သူက သူေရာက္တဲ့ေနရာမွာ ေပ်ာ္ေအာင္ေနတတ္ေပမယ့္ ကိုယ္ကေတာ့ ေမွ်ာ္ေနတတ္တဲ့ အက်င့္ေလးကို ခုထိ မေဖ်ာက္ႏိုင္ေသးဘူး ။ ၿပီးေတာ့ အရင္လို မေပ်ာ္ႏိုင္ေသးဘူး ။

ေနသားတက်တဲ့ … ဒဏ္ရာေတြမွာ က်င့္သားရသြားတယ္လို႔ မရွိပါဘူး ။ အဲ့ဒီဒဏ္ရာေတြၾကားမွာ ေနသားက်ေအာင္ေနၿပီး ေပ်ာ္ေအာင္ ေနျဖစ္လာ႐ုံပဲ ရွိတာပါ ခုထက္ထိေတာ့ ကြၽန္မ ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ မထားျဖစ္ခဲ့ေသးဘူး ။ တစ္ေန႔ က်ရင္ေတာ့ ေနသားက်သြားမွာပါဆိုတဲ့ အေတြးနဲ႔အတူ အရင္တုန္းက ကြၽန္မကို ျပန္လိုခ်င္မိတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း