စိတ်ပင်ပန်းတဲ့ ဒဏ်ကိုတော့ လုံး၀ခံနိုင်ရည်မရှိတာအမှန်ပါ

အလုပ်ပင်ပန်းတဲ့ ဒဏ်ဆို ဘယ်လောက်ပဲ မောပန်းမောပန်း ခံနိုင်ရည်ရှိပါတယ် ဒါပေမယ့် စိတ်ပင်ပန်းတဲ့ ဒဏ်ကိုတော့ လုံး၀ခံနိုင်ရည်မရှိတာအမှန်ပါ …စိတ်ထောင်းတော့ ကိုယ်ကျေဆိုတဲ့ စကားလိုမျိုးပဲပေါ့ … တကယ် စိတ်ထောင်းတဲ့အခါ ကိုယ်ကျေပါတယ် ။

အလုပ်လုပ်ရင်း ပင်ပန်းလာတဲ့အခါ ခဏလောက် နားလိုက်ရင် သက်သာသွားပေမယ့် တကယ်တမ်း စိတ်ပင်ပန်းတဲ့အခါ … တစ်ခါတစ်လေကျတော့ တစ်သက်လုံးထိ နာကျင်နေရတတ်တယ် ။ ပင်ပန်းနေရတတ်တယ် ။ တစ်နေ့လုံးပဲ ဖြစ်ဖြစ် အချိန်မရွေးပေါ့ ။

ဒါကြောင့် ဒီလို စိတ်ပင်ပန်းမှုဒဏ်တွေကို ကျွန်မ သိပ်ပြီးတော့ ခံနိုင်ရည် မရှိတတ်ဘူး ။ နာကျင်လာပြီလို့ တွေးမိလာတဲ့အခါ များသောအားဖြင့် လွှတ်ချလိုက်ဖို့ကို အရင်ဆုံးပဲ ရွေးဖြစ်တယ် ကျေးဇူးပြုပြီးတော့ ကျွန်မ မောပန်းနေပါစေ ဖြစ်ပါတယ် ကျွန်မစိတ်ကိုတော့ ပင်ပန်းနာကျင်အောင် မလုပ်ပါနဲ့ ။

မခံမရပ်နိုင်အောင် နာကျင်လာရတဲ့အခါ ဘယ်လောက်မြတ်နိုးတဲ့ အရာပဲဖြစ်ဖြစ် ကျွန်မ လွတ်ချချင် လွှတ်ချခဲ့မိမှာလေ ။ ဒါကြောင့်ပဲ ကျွန်မကို တကယ် မြတ်နိုးတယ်ဆိုရင် ကျွန်မကို နာကျင်စရာတွေ ထပ်ခါထပ်ခါမပေးပဲ တစ်ခါတစ်ရံလေး ချွေးသိပ်ပေးပါ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

အလုပ္ပင္ပန္းတဲ့ ဒဏ္ဆို ဘယ္ေလာက္ပဲ ေမာပန္းေမာပန္း ခံႏိုင္ရည္ရွိပါတယ္ ဒါေပမယ့္ စိတ္ပင္ပန္းတဲ့ ဒဏ္ကိုေတာ့ လုံး၀ခံႏိုင္ရည္မရွိတာအမွန္ပါ …စိတ္ေထာင္းေတာ့ ကိုယ္ေက်ဆိုတဲ့ စကားလိုမ်ိဳးပဲေပါ့ … တကယ္ စိတ္ေထာင္းတဲ့အခါ ကိုယ္ေက်ပါတယ္ ။

အလုပ္လုပ္ရင္း ပင္ပန္းလာတဲ့အခါ ခဏေလာက္ နားလိုက္ရင္ သက္သာသြားေပမယ့္ တကယ္တမ္း စိတ္ပင္ပန္းတဲ့အခါ … တစ္ခါတစ္ေလက်ေတာ့ တစ္သက္လုံးထိ နာက်င္ေနရတတ္တယ္ ။ ပင္ပန္းေနရတတ္တယ္ ။ တစ္ေန႔လုံးပဲ ျဖစ္ျဖစ္ အခ်ိန္မေ႐ြးေပါ့ ။

ဒါေၾကာင့္ ဒီလို စိတ္ပင္ပန္းမႈဒဏ္ေတြကို ကြၽန္မ သိပ္ၿပီးေတာ့ ခံႏိုင္ရည္ မရွိတတ္ဘူး ။ နာက်င္လာၿပီလို႔ ေတြးမိလာတဲ့အခါ မ်ားေသာအားျဖင့္ လႊတ္ခ်လိုက္ဖို႔ကို အရင္ဆုံးပဲ ေ႐ြးျဖစ္တယ္ ေက်းဇူးျပဳၿပီးေတာ့ ကြၽန္မ ေမာပန္းေနပါေစ ျဖစ္ပါတယ္ ကြၽန္မစိတ္ကိုေတာ့ ပင္ပန္းနာက်င္ေအာင္ မလုပ္ပါနဲ႔ ။

မခံမရပ္ႏိုင္ေအာင္ နာက်င္လာရတဲ့အခါ ဘယ္ေလာက္ျမတ္ႏိုးတဲ့ အရာပဲျဖစ္ျဖစ္ ကြၽန္မ လြတ္ခ်ခ်င္ လႊတ္ခ်ခဲ့မိမွာေလ ။ ဒါေၾကာင့္ပဲ ကြၽန္မကို တကယ္ ျမတ္ႏိုးတယ္ဆိုရင္ ကြၽန္မကို နာက်င္စရာေတြ ထပ္ခါထပ္ခါမေပးပဲ တစ္ခါတစ္ရံေလး ေခြၽးသိပ္ေပးပါ …

မိန္းမသားတို႔အတြက္
သွ်င္ယြန္း