မိန်းကလေးတစ်ယောက်ရဲ့ သည်းခံနိုင်မှုကို ခဏခဏ မစမ်းသပ်ပါနဲ့

မိန်းကလေးတစ်ယောက်ရဲ့ သည်းခံနိုင်မှုကို ခဏခဏ မစမ်းသပ်ပါနဲ့ … ချစ်လို့ သည်းခံနေတာပဲဖြစ်ဖြစ် တွယ်တာလွန်းလို့ သည်းခံနေတာပဲ ဖြစ်ဖြစ် သည်းခံမှုမှာလဲ သူ့အတိုင်းအတာနဲ့ သူ ရှိပါတယ် ။ ခဏခဏ မစမ်းသပ်ကောင်းဘူး ။

ဒီလိုသည်းခံတတ်တဲ့ မိန်းကလေးတစ်ယောက် ပေါက်ကွဲတတ်လာတဲ့ တစ်နေ့ရောက်တဲ့အခါ နောင်တရနေတဲ့သူက ကိုယ်ကိုယ်တိုင် ဖြစ်နေမှာစိုးတယ် ။ အရင်က ငါ လှည့်မကြည့်ခဲ့မိလေခြင်းဆိုတဲ့ နောင်တတွေရယ် အရင်က ငါ … တန်ဖိုးမထားမိလေခြင်းဆိုတဲ့ နောင်တတွေပဲ ကျန်နေခဲ့လိမ့်မယ် ။

ဘာကြောင့်လဲလို့ မေးရင် … အဆုံးစွန်ထိ သည်းခံခဲ့ပြီးတာတောင် သူ့ဖက် နည်းနည်းလေးမှ မကြည့်တတ်တဲ့ လူတွေအတွက် ထိုက်တန်တဲ့အရာအဖြစ် အဆုံးစွန်ထိ ပေါက်ကွဲပစ်လိုက်တော့မှာလေ ။ ဘယ်သူ့ကမှလဲ သူ့ကို ငဲ့မကြည့်ခဲ့သလို ဘယ်သူ့ကိုမှလဲ သူ ငဲ့ကြည့်နေစရာ မလိုတော့ဘူးလေ ။

သည်းခံတတ်တာပဲဆိုတိုင်း အဲ့ဒီသည်းခံမှုတွေကို ခဏခဏ မစမ်းသပ်ပါနဲ့ .. နောက်ဆုံး ဆုံးရှုံးလိုက်ရတာပဲ အဖတ်တင်ကျန်ခဲ့လိမ့်မယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

မိန္းကေလးတစ္ေယာက္ရဲ႕ သည္းခံႏိုင္မႈကို ခဏခဏ မစမ္းသပ္ပါနဲ႔ …ခ်စ္လို႔ သည္းခံေနတာပဲျဖစ္ျဖစ္ တြယ္တာလြန္းလို႔ သည္းခံေနတာပဲ ျဖစ္ျဖစ္ သည္းခံမႈမွာလဲ သူ႔အတိုင္းအတာနဲ႔ သူ ရွိပါတယ္ ။ ခဏခဏ မစမ္းသပ္ေကာင္းဘူး ။

ဒီလိုသည္းခံတတ္တဲ့ မိန္းကေလးတစ္ေယာက္ ေပါက္ကြဲတတ္လာတဲ့ တစ္ေန႔ေရာက္တဲ့အခါ ေနာင္တရေနတဲ့သူက ကိုယ္ကိုယ္တိုင္ ျဖစ္ေနမွာစိုးတယ္ ။ အရင္က ငါ လွည့္မၾကည့္ခဲ့မိေလျခင္းဆိုတဲ့ ေနာင္တေတြရယ္ အရင္က ငါ … တန္ဖိုးမထားမိေလျခင္းဆိုတဲ့ ေနာင္တေတြပဲ က်န္ေနခဲ့လိမ့္မယ္ ။

ဘာေၾကာင့္လဲလို႔ ေမးရင္ … အဆုံးစြန္ထိ သည္းခံခဲ့ၿပီးတာေတာင္ သူ႔ဖက္ နည္းနည္းေလးမွ မၾကည့္တတ္တဲ့ လူေတြအတြက္ ထိုက္တန္တဲ့အရာအျဖစ္ အဆုံးစြန္ထိ ေပါက္ကြဲပစ္လိုက္ေတာ့မွာေလ ။ ဘယ္သူ႔ကမွလဲ သူ႔ကို ငဲ့မၾကည့္ခဲ့သလို ဘယ္သူ႔ကိုမွလဲ သူ ငဲ့ၾကည့္ေနစရာ မလိုေတာ့ဘူးေလ ။

သည္းခံတတ္တာပဲဆိုတိုင္း အဲ့ဒီသည္းခံမႈေတြကို ခဏခဏ မစမ္းသပ္ပါနဲ႔ .. ေနာက္ဆုံး ဆုံးရႈံးလိုက္ရတာပဲ အဖတ္တင္က်န္ခဲ့လိမ့္မယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း