ဒီမိန်းကလေးသန်မာလိုက်တာ တဲ့…

ဒီမိန်းကလေးသန်မာလိုက်တာ တဲ့… တစ်ယောက်တည်း ဘ၀မှာလျှောက်နေလိုက်တယ်ဆိုတဲ့ စကားတွေ ကြားရတဲ့အခါ ကျွန်မ ပိုပြီး ၀မ်းနည်းရတယ် ။ ဒီလမ်း ကျွန်မ သန်မာလို့ လျှောက်နေတာမှ မဟုတ်တာ ။ တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင်မှ မလျှောက်ရင် မရောက်တော့လို့ ကျွန်မ လျှောက်နေတာပါ ။

ကျွန်မ အမြဲတမ်း သန်မာနေခဲ့တာတော့ မဟုတ်ပါဘူး ။ တစ်ခါတစ်လေမှာ လဲကျချင်တဲ့ စိတ်လေးတွေ တကယ်ရှိခဲ့ဖူးပါတယ် ။ ဒါပေမယ့် ငိုချလိုက်ရုံနဲ့ ပြေလည်သွားမယ့်အရာတွေ မဟုတ်တော့တဲ့အတွက် ကျွန်မ မငိုဖြစ်တော့တာပါ ။

မိန်းမသားတစ်ယောက်တည်း ဘ၀လမ်းကို လျှောက်တဲ့အခါ ပုံမှန်ထက် ပိုကြမ်းတမ်းရတတ်သလို ပုံမှန်ထက် ပိုပြီး သန်မာချင်ယောင် ဆောင်ရတာပါပဲ ။ ဒါပေမယ့် တစ်ခါတစ်လေ အဲ့လို သန်မာချင်ယောင်ဆောင်ရတာတွေက တကယ်နာကျင်ဖို့ ​ကောင်းတယ် ။ ဒီမိန်းကလေး သန်မာနေတာပဲဆိုပြီး ဘယ်သူကမှ ဂရုစိုက်ဖို့ မတွေးကြတော့ဘူး ။

ဒီမိန်းကလေးရဲ့ ဘ၀လမ်းမှာ လျှောက်ရင်း ရခဲ့တဲ့ ဒဏ်ရာတွေကိုပဲ ဖြစ်ဖြစ် ကျနေတဲ့ မျက်ရည်တွေကိုပဲ ဖြစ်ဖြစ် ဘယ်သူကမှ မစာနာကျတော့ဘူး ။ တကယ်တမ်းကျတော့ … လဲကျလို့မရတော့လို့သာ သန်မာချင်ယောင်ဆောင်လိုက်တာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီမိန္းကေလးသန္မာလိုက္တာ တဲ့… တစ္ေယာက္တည္း ဘ၀မွာေလွ်ာက္ေနလိုက္တယ္ဆိုတဲ့ စကားေတြ ၾကားရတဲ့အခါ ကြၽန္မ ပိုၿပီး ၀မ္းနည္းရတယ္ ။ ဒီလမ္း ကြၽန္မ သန္မာလို႔ ေလွ်ာက္ေနတာမွ မဟုတ္တာ ။ တကယ္တမ္းက်ေတာ့ ကိုယ္ကိုယ္တိုင္မွ မေလွ်ာက္ရင္ မေရာက္ေတာ့လို႔ ကြၽန္မ ေလွ်ာက္ေနတာပါ ။

ကြၽန္မ အၿမဲတမ္း သန္မာေနခဲ့တာေတာ့ မဟုတ္ပါဘူး ။ တစ္ခါတစ္ေလမွာ လဲက်ခ်င္တဲ့ စိတ္ေလးေတြ တကယ္ရွိခဲ့ဖူးပါတယ္ ။ ဒါေပမယ့္ ငိုခ်လိုက္႐ုံနဲ႔ ေျပလည္သြားမယ့္အရာေတြ မဟုတ္ေတာ့တဲ့အတြက္ ကြၽန္မ မငိုျဖစ္ေတာ့တာပါ ။

မိန္းမသားတစ္ေယာက္တည္း ဘ၀လမ္းကို ေလွ်ာက္တဲ့အခါ ပုံမွန္ထက္ ပိုၾကမ္းတမ္းရတတ္သလို ပုံမွန္ထက္ ပိုၿပီး သန္မာခ်င္ေယာင္ ေဆာင္ရတာပါပဲ ။ ဒါေပမယ့္ တစ္ခါတစ္ေလ အဲ့လို သန္မာခ်င္ေယာင္ေဆာင္ရတာေတြက တကယ္နာက်င္ဖို႔ ​ေကာင္းတယ္ ။ ဒီမိန္းကေလး သန္မာေနတာပဲဆိုၿပီး ဘယ္သူကမွ ဂ႐ုစိုက္ဖို႔ မေတြးၾကေတာ့ဘူး ။

ဒီမိန္းကေလးရဲ႕ ဘ၀လမ္းမွာ ေလွ်ာက္ရင္း ရခဲ့တဲ့ ဒဏ္ရာေတြကိုပဲ ျဖစ္ျဖစ္ က်ေနတဲ့ မ်က္ရည္ေတြကိုပဲ ျဖစ္ျဖစ္ ဘယ္သူကမွ မစာနာက်ေတာ့ဘူး ။ တကယ္တမ္းက်ေတာ့ … လဲက်လို႔မရေတာ့လို႔သာ သန္မာခ်င္ေယာင္ေဆာင္လိုက္တာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း