.ဒီဆက်ဆံရေးဟာ ကျွန်မ လျော့ပေးနေလို့သာ မပြတ်သေးတာပါ

တချို့ ဆက်ဆံရေးတွေဟာ … ကိုယ့်ဘက်မှ စခေါ်လိုက်မှ အသက်၀င်လာတတ်သလို တချို့ တည်မြဲမှုတွေဟာ ကိုယ်ဆွဲထားလို့သာ မြဲနေကြတာပါ ။ ဒီအရာတွေကို တချို့ အပေါ်ယံပဲ မြင်တတ်တဲ့ ပတ်၀န်းကျင်က မသိခဲ့ပဲ အားကျလိုက်တာ ပျော်စရာကောင်းလိုက်တာလို့ ထင်တတ်ကြတယ် ။

တင်းလွန်းရင် ပျက်တတ်တယ်တဲ့ ဆိုတာတွေကြောင့် မပြတ်အောင် လိုက်ပြီး လျှော့ရတဲ့အခါတွေ ရှိတယ် ။ တစ်ဖက်ကတော့ တင်းဖို့ပဲ တွေးတတ်သလို ပြတ်ချင်လဲ ပြတ်ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ့ မပြတ်ချင်တဲ့ ကိုယ်က စပြီးဆက်ရတယ် ။

တချို့ ဆက်ဆံရေးကတော့ … အေးစက်တယ် ။ သူတစ်ခွန်းကိုယ်တစ်ခွန်းနဲ့ တစ်ရက်တာ ပြီးသွားတဲလ ရက်တွေလဲ အများသားပဲ ကိုယ်မှ စမခေါ်ရင် မပြောဘူးဆိုတဲ့ မာနတွေ ရှိပုံရတယ် ။ တစ်ခါတစ်လေ ခေါ်လာမလားဆိုတဲ့ အတွေးနဲ့စောင့်ရင်း တစ်ရက်ကုန်သွားတာတွေလဲ ရှိတယ် ။ Message တွေက အစ Phone Call တွေအဆုံးပေါ့ ။

ဒီလိုဆက်ဆံရေးတွေကြားမှာ ကျွန်မ ပျော်နေတဲ့ပုံများ ပေါက်လား အပြင်လူမြင်ရင်တော့ ပျော်နေလိမ့်မယ်လို့ ထင်လိမ့်မယ် ဒါပေမယ့် တကယ်တမ်းကျတော့ ကျွန်မ သိပ်ကို ပင်ပန်းရပါတယ် ။ တခြားသူတွေအမြင်မှာ မပျော်ဘူးလို့ ထင်မှာစိုးလို့ ဟန်ဆောင်နေရတာတွေကော ပြီးတော့ ကိုယ့်ဘက်က စမှ အသက်၀င်လာတဲ့ဆက်ဆံရေးတွေကို စိတ်ကုန်လာတာတွေရော

တင်းလွန်းနဲ့ ကြိုးဟာ ပျက်တတ်တယ်တဲ့ ။ တကယ်တော့ …ဒီဆက်ဆံရေးဟာ ကျွန်မ လျော့ပေးနေလို့သာ မပြတ်သေးတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တခ်ိဳ႕ ဆက္ဆံေရးေတြဟာ … ကိုယ့္ဘက္မွ စေခၚလိုက္မွ အသက္၀င္လာတတ္သလို တခ်ိဳ႕ တည္ၿမဲမႈေတြဟာ ကိုယ္ဆြဲထားလို႔သာ ၿမဲေနၾကတာပါ ။ ဒီအရာေတြကို တခ်ိဳ႕ အေပၚယံပဲ ျမင္တတ္တဲ့ ပတ္၀န္းက်င္က မသိခဲ့ပဲ အားက်လိုက္တာ ေပ်ာ္စရာေကာင္းလိုက္တာလို႔ ထင္တတ္ၾကတယ္ ။

တင္းလြန္းရင္ ပ်က္တတ္တယ္တဲ့ ဆိုတာေတြေၾကာင့္ မျပတ္ေအာင္ လိုက္ၿပီး ေလွ်ာ့ရတဲ့အခါေတြ ရွိတယ္ ။ တစ္ဖက္ကေတာ့ တင္းဖို႔ပဲ ေတြးတတ္သလို ျပတ္ခ်င္လဲ ျပတ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ေပါ့ မျပတ္ခ်င္တဲ့ ကိုယ္က စၿပီးဆက္ရတယ္ ။

တခ်ိဳ႕ ဆက္ဆံေရးကေတာ့ … ေအးစက္တယ္ ။ သူတစ္ခြန္းကိုယ္တစ္ခြန္းနဲ႔ တစ္ရက္တာ ၿပီးသြားတဲလ ရက္ေတြလဲ အမ်ားသားပဲ ကိုယ္မွ စမေခၚရင္ မေျပာဘူးဆိုတဲ့ မာနေတြ ရွိပုံရတယ္ ။ တစ္ခါတစ္ေလ ေခၚလာမလားဆိုတဲ့ အေတြးနဲ႔ေစာင့္ရင္း တစ္ရက္ကုန္သြားတာေတြလဲ ရွိတယ္ ။ Message ေတြက အစ Phone Call ေတြအဆုံးေပါ့ ။

ဒီလိုဆက္ဆံေရးေတြၾကားမွာ ကြၽန္မ ေပ်ာ္ေနတဲ့ပုံမ်ား ေပါက္လား အျပင္လူျမင္ရင္ေတာ့ ေပ်ာ္ေနလိမ့္မယ္လို႔ ထင္လိမ့္မယ္ ဒါေပမယ့္ တကယ္တမ္းက်ေတာ့ ကြၽန္မ သိပ္ကို ပင္ပန္းရပါတယ္ ။ တျခားသူေတြအျမင္မွာ မေပ်ာ္ဘူးလို႔ ထင္မွာစိုးလို႔ ဟန္ေဆာင္ေနရတာေတြေကာ ၿပီးေတာ့ ကိုယ့္ဘက္က စမွ အသက္၀င္လာတဲ့ဆက္ဆံေရးေတြကို စိတ္ကုန္လာတာေတြေရာ

တင္းလြန္းနဲ႔ ႀကိဳးဟာ ပ်က္တတ္တယ္တဲ့ ။ တကယ္ေတာ့ …ဒီဆက္ဆံေရးဟာ ကြၽန္မ ေလ်ာ့ေပးေနလို႔သာ မျပတ္ေသးတာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း