လူတစ်ယောက်ကို ဘယ်သောအခါမှ အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့

စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးက အဲ့ဒီစာအုပ်ရဲ့ အဖုံးမဟုတ်ဘူး အထဲမှာ ရှိတဲ့ စာတွေကိုကြည့်ပြီးမှ တန်ဖိုးဖြတ်လို့ရတာပါ

ဒီလိုပါပဲ . . . လူတွေကိုလဲ အပေါ်ယံ အ၀တ်အစားတွေကို ကြည့်ပြီးပဲဖြစ်ဖြစ် နေပုံထိုင်ပုံကို ကြည့်ပြီး လူတစ်ယောက်ကို တန်ဖိုးကို လွယ်လွယ်လေး ကောက်ချက်ချလိုက်လို့မရဘူး လူတစ်ယောက်ရဲ့ ကောင်းခြင်းဆိုးခြင်းကို သိဖို့ အချိန်လိုပါတယ်

လူတချို့က အပေါ်ယံအမြင်အရ အရမ်းကြည့်လို့ရှုလို့ကောင်းတယ် တကယ်ပေါင်းတဲ့အခါကျ စိတ်ဓာတ်က ပုတ်သိုးနေတာပဲ အပြောချိုချိုလေးနဲ့ အစစအရာရာ အလျှော့ပေးနေတိုင်း ကိုယ့်ကို ချစ်လွန်းလို့ ကြင်နာလွန်းလို့ ဆိုပြီး တစ်ယူသန်လဲ မတွေးစေချင်ဘူး

အဲ့ဒီ အပြောချိုချိုလေးတွေနောက်မှာ ဘာစေတနာမှ မပါဘူး ကိုယ့်ဘ၀ကို ပျက်စီးရာ ပျက်စီးကြောင်းတွေပဲ တွေ့ရတတ်တယ် တချို့စကားတွေကျ နားထောင်ရ နဲနဲခက်တတ်တယ် ဒါပေမယ့် အမှန်ကို မြင်တတ်ရင် စေတနာတွေပါမှန်း အသေအချာမြင်နိုင်ပါတယ်

ကိုယ့်ဘ၀ကောင်းဖို့ သူ့ကို မုန်းချင်လဲ မုန်းပါစေ အရှိကို အရှိအတိုင်းပြောရဲတဲ့ သတ္တိ လူတိုင်းမှာ မရှိကြဘူး လူတစ်ယောက်အကြောင်းကို လွယ်လွယ်လေး ကောက်ချက်ချမပစ်လိုက်တာ ကောင်းပါတယ်

ကြာကြာပေါင်းကြည့် မကောင်းမှန်းသိရင် ကိုယ့်ဘက်က ဆင်ခြင် ဘယ်လိုမျက်နှာဖုံးမျိုးမဆို အချိန်တန်ရင်တော့ ကွာကျလာတတ်ပါတယ် ဥပမာ – အလှဆုံး ပြုံးပြတတ်တဲ့ နှုတ်ခမ်းတွေက ကိုယ်ဒုက္ခလို့ မဟသေးခင် မျက်နှာ လွဲသွားကြသလိုမျိုးပေါ့ ။

အတွင်းစိတ်က ပုတ်နေတဲ့အခါ ဘယ်လောက်ပဲဖုံးဖိထား ဖုံးဖိထား အချိန်တန်ရင်တော့ အပုတ်နံ့က သင်းလာမှာပါပဲ ။ဒါကြောင့် . . . လူတစ်ယောက်ကို ဘယ်သောအခါမှ အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့ သူကောင်းတယ် ဆိုးတယ်ဆိုတာ အချိန်တန်တော့ သရုပ်မှန်ပြတတ်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

စာအုပ္တစ္အုပ္ရဲ႕ တန္ဖိုးက အဲ့ဒီစာအုပ္ရဲ႕ အဖုံးမဟုတ္ဘူး အထဲမွာ ရွိတဲ့ စာေတြကိုၾကည့္ၿပီးမွ တန္ဖိုးျဖတ္လို႔ရတာပါ

ဒီလိုပါပဲ . . . လူေတြကိုလဲ အေပၚယံ အ၀တ္အစားေတြကို ၾကည့္ၿပီးပဲျဖစ္ျဖစ္ ေနပုံထိုင္ပုံကို ၾကည့္ၿပီး လူတစ္ေယာက္ကို တန္ဖိုးကို လြယ္လြယ္ေလး ေကာက္ခ်က္ခ်လိုက္လို႔မရဘူး လူတစ္ေယာက္ရဲ႕ ေကာင္းျခင္းဆိုးျခင္းကို သိဖို႔ အခ်ိန္လိုပါတယ္

လူတခ်ိဳ႕က အေပၚယံအျမင္အရ အရမ္းၾကည့္လို႔ရႈလို႔ေကာင္းတယ္ တကယ္ေပါင္းတဲ့အခါက် စိတ္ဓာတ္က ပုတ္သိုးေနတာပဲ အေျပာခ်ိဳခ်ိဳေလးနဲ႔ အစစအရာရာ အေလွ်ာ့ေပးေနတိုင္း ကိုယ့္ကို ခ်စ္လြန္းလို႔ ၾကင္နာလြန္းလို႔ ဆိုၿပီး တစ္ယူသန္လဲ မေတြးေစခ်င္ဘူး

အဲ့ဒီ အေျပာခ်ိဳခ်ိဳေလးေတြေနာက္မွာ ဘာေစတနာမွ မပါဘူး ကိုယ့္ဘ၀ကို ပ်က္စီးရာ ပ်က္စီးေၾကာင္းေတြပဲ ေတြ႕ရတတ္တယ္ တခ်ိဳ႕စကားေတြက် နားေထာင္ရ နဲနဲခက္တတ္တယ္ ဒါေပမယ့္ အမွန္ကို ျမင္တတ္ရင္ ေစတနာေတြပါမွန္း အေသအခ်ာျမင္ႏိုင္ပါတယ္

ကိုယ့္ဘ၀ေကာင္းဖို႔ သူ႔ကို မုန္းခ်င္လဲ မုန္းပါေစ အရွိကို အရွိအတိုင္းေျပာရဲတဲ့ သတၱိ လူတိုင္းမွာ မရွိၾကဘူး လူတစ္ေယာက္အေၾကာင္းကို လြယ္လြယ္ေလး ေကာက္ခ်က္ခ်မပစ္လိုက္တာ ေကာင္းပါတယ္

ၾကာၾကာေပါင္းၾကည့္ မေကာင္းမွန္းသိရင္ ကိုယ့္ဘက္က ဆင္ျခင္ ဘယ္လိုမ်က္ႏွာဖုံးမ်ိဳးမဆို အခ်ိန္တန္ရင္ေတာ့ ကြာက်လာတတ္ပါတယ္ ဥပမာ – အလွဆုံး ၿပဳံးျပတတ္တဲ့ ႏႈတ္ခမ္းေတြက ကိုယ္ဒုကၡလို႔ မဟေသးခင္ မ်က္ႏွာ လြဲသြားၾကသလိုမ်ိဳးေပါ့ ။

အတြင္းစိတ္က ပုတ္ေနတဲ့အခါ ဘယ္ေလာက္ပဲဖုံးဖိထား ဖုံးဖိထား အခ်ိန္တန္ရင္ေတာ့ အပုတ္နံ႔က သင္းလာမွာပါပဲ ။ဒါေၾကာင့္ . . . လူတစ္ေယာက္ကို ဘယ္ေသာအခါမွ အေပၚယံၾကည့္ၿပီး မဆုံးျဖတ္ပါနဲ႔ သူေကာင္းတယ္ ဆိုးတယ္ဆိုတာ အခ်ိန္တန္ေတာ့ သ႐ုပ္မွန္ျပတတ္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း