ငယ်ငယ်တုန်းကတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ စူပါမန်းဖြစ်ချင်ခဲ့တာ

ငယ်ငယ်တုန်းကတော့ ကမ္ဘာကြီးကို ကယ်တင်ဖို့ စူပါမန်းဖြစ်ချင်ခဲ့တာ အရွယ်ရောက်လာတော့ ကိုယ့်ကိုယ်ကယ်တင်ဖို့တောင် မနည်း ကြိုးစားနေရတာလေ အသက်ရှင်ရပ်တည်ဖို့ ကိုယ့်ပန်းတိုင်ကိုယ် ဆက်ပြီးလျှောက်နေနိုင်ဖို့ အများကြီးပါ . . .

စိတ်ဓာတ်တွေကျခဲ့ဖူးသလို အများကြီးလဲ ဆုံးရှုံးနစ်နာခဲ့ရဖူးပါတယ် ဒီလိုအချိန်တွေမှာတော့ တပါးသူတွေအတွက် ဟီးရိုးဖြစ်ဖို့ နေနေသာသာ ကိုယ်ကိုယ်တိုင်တောင် မနည်းထူမပြီးနေရတာ ငယ်ငယ်ကတော့ အားကျလို့သာ ဖြစ်ချင်ခဲ့တာ တကယ့်ဘ၀က အဲ့ဒီလောက် ခက်ခဲတတ်မှန်း မသိခဲ့ဘူး

ကိုယ့်ချစ်ရ ခင်ရတဲ့သူတွေကို စိတ်မပျက်အောင် ထားနိုင်ဖို့တောင် မနည်းကြိုးစားနေရတာလေ လူတိုင်း လေးစားအားကျရတဲ့ စူပါဟီးရိုးတစ်ယောက်ဖြစ်ဖို့တော့ အိပ်မက်တွေ မက်မနေနေတော့ပါဘူး ကိုယ့်ဘ၀အတွက် ကိုယ်ကိုယ်တိုင် ဟီးရိုးဖြစ်နေဖို့ပဲလိုတယ်

ကိုယ့်မိသားစုအတွက် အားကိုးအားထား ရတဲ့ လူတစ်ယောက် ဖြစ်နေဖို့ပဲလိုတယ် ကိုယ့်ပတ်၀န်းကျင်အတွက် အနှောင့်အယှက်မပေးတတ်တဲ့ လူတစ်တစ်ယောက် ဖြစ်ဖို့ပဲလိုတယ် စွမ်းအားတွေ ပါဝါတွေ ရှိနေမှ စူပါမန်းလို ဟီးရိုးဖြစ်နိုင်တာမဟုတ်ဘူး

ဟီးရိုးဆိုတဲ့ အဓိပ္ပါယ်က လိုအပ်တဲ့အခါ အမြဲရှိနေပြီး ဒုက္ခဖြစ်တဲ့ အမြဲကယ်ဆယ် ကူညီတတ်တာမျိုးပါ အခုလောလောဆယ်တော့ ကိုယ့်ဘ၀ကိုယ် မနည်းဆယ်ယူနေတဲ့ ရိုးရိုးဟီးရိုးပေါ့

နောင်တစ်ချိန်ကျရင် ကိုယ့်စွမ်းအားနဲ့ ကိုယ့်လုပ်အားနဲ့ မိသားစုကိုပဲဖြစ်ဖြစ် ကိုယ့်ပတ်၀န်းကျင်ကိုပဲဖြစ်ဖြစ် ကမ္ဘာကြီးကိုပဲဖြစ်ဖြစ် ကူညီပေးနိုင်တဲ့ ဟီးရိုးဖြစ်အောင် ကြိုးစားနေပါတယ် ဒီလောက်ပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ငယ္ငယ္တုန္းကေတာ့ ကမာၻႀကီးကို ကယ္တင္ဖို႔ စူပါမန္းျဖစ္ခ်င္ခဲ့တာ အ႐ြယ္ေရာက္လာေတာ့ ကိုယ့္ကိုယ္ကယ္တင္ဖို႔ေတာင္ မနည္း ႀကိဳးစားေနရတာေလ အသက္ရွင္ရပ္တည္ဖို႔ ကိုယ့္ပန္းတိုင္ကိုယ္ ဆက္ၿပီးေလွ်ာက္ေနႏိုင္ဖို႔ အမ်ားႀကီးပါ . . .

စိတ္ဓာတ္ေတြက်ခဲ့ဖူးသလို အမ်ားႀကီးလဲ ဆုံးရႈံးနစ္နာခဲ့ရဖူးပါတယ္ ဒီလိုအခ်ိန္ေတြမွာေတာ့ တပါးသူေတြအတြက္ ဟီး႐ိုးျဖစ္ဖို႔ ေနေနသာသာ ကိုယ္ကိုယ္တိုင္ေတာင္ မနည္းထူမၿပီးေနရတာ ငယ္ငယ္ကေတာ့ အားက်လို႔သာ ျဖစ္ခ်င္ခဲ့တာ တကယ့္ဘ၀က အဲ့ဒီေလာက္ ခက္ခဲတတ္မွန္း မသိခဲ့ဘူး

ကိုယ့္ခ်စ္ရ ခင္ရတဲ့သူေတြကို စိတ္မပ်က္ေအာင္ ထားႏိုင္ဖို႔ေတာင္ မနည္းႀကိဳးစားေနရတာေလ လူတိုင္း ေလးစားအားက်ရတဲ့ စူပါဟီး႐ိုးတစ္ေယာက္ျဖစ္ဖို႔ေတာ့ အိပ္မက္ေတြ မက္မေနေနေတာ့ပါဘူး ကိုယ့္ဘ၀အတြက္ ကိုယ္ကိုယ္တိုင္ ဟီး႐ိုးျဖစ္ေနဖို႔ပဲလိုတယ္

ကိုယ့္မိသားစုအတြက္ အားကိုးအားထား ရတဲ့ လူတစ္ေယာက္ ျဖစ္ေနဖို႔ပဲလိုတယ္ ကိုယ့္ပတ္၀န္းက်င္အတြက္ အေႏွာင့္အယွက္မေပးတတ္တဲ့ လူတစ္တစ္ေယာက္ ျဖစ္ဖို႔ပဲလိုတယ္ စြမ္းအားေတြ ပါဝါေတြ ရွိေနမွ စူပါမန္းလို ဟီး႐ိုးျဖစ္ႏိုင္တာမဟုတ္ဘူး

ဟီး႐ိုးဆိုတဲ့ အဓိပၸါယ္က လိုအပ္တဲ့အခါ အၿမဲရွိေနၿပီး ဒုကၡျဖစ္တဲ့ အၿမဲကယ္ဆယ္ ကူညီတတ္တာမ်ိဳးပါ အခုေလာေလာဆယ္ေတာ့ ကိုယ့္ဘ၀ကိုယ္ မနည္းဆယ္ယူေနတဲ့ ႐ိုး႐ိုးဟီး႐ိုးေပါ့

ေနာင္တစ္ခ်ိန္က်ရင္ ကိုယ့္စြမ္းအားနဲ႔ ကိုယ့္လုပ္အားနဲ႔ မိသားစုကိုပဲျဖစ္ျဖစ္ ကိုယ့္ပတ္၀န္းက်င္ကိုပဲျဖစ္ျဖစ္ ကမာၻႀကီးကိုပဲျဖစ္ျဖစ္ ကူညီေပးႏိုင္တဲ့ ဟီး႐ိုးျဖစ္ေအာင္ ႀကိဳးစားေနပါတယ္ ဒီေလာက္ပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း