ပို့ချင်တဲ့စိတ်လေး ရှိနေဖို့ပဲ လိုပါတယ်

ဒီစကားလေးကို စပြီးပြောျပတုန်းက ကျွန်မကို နားလည်မှုမရှိလိုက်တာဆိုပြီး ပြောခဲ့ဖူးတယ် ။

တကယ်တမ်းကျတော့ ကျွန်မ နားလည်ပေးနိုင်တာတွေထက်တောင် ပိုပြီးနားလည်ပေးခဲ့တဲ့မိန်းမပါ ။ အရာရာကို ဂရုစိုက်ပြီးကြည့်နေတတ်တဲ့အတွက် ဘယ်အချိန်မှာ ဘာတွေလုပ်နေမလဲဆိုတာကို ပြေးကြည့်စရာမလိုပဲ တွေးကြည့်ရုံနဲ့ သိပါတယ် ။

တစ်ခါတစ်ရံတဲ့ … အဲ့ဒီတစ်ခါတစ်ရံတွေက ခဏခဏ ဖြစ်လာတဲ့အခါ ကိုယ်ဟာ တဖြေးဖြေးအရေးမပါမှန်းသိလာတယ် ။ လူတစ်ယောက်ရဲ့ အားခြင်းမအားခြင်းဟာ အမြဲတမ်း အလုပ်များခြင်း မများခြင်းတွေနဲ့ မဆိုင်ပါဘူး ။ တစ်ခါတစ်ရံက ကိုယ်က သူအားနေဖို့အတွက် အရေးမပါတာလဲ ဖြစ်နိုင်ပါတယ် ။

မဖြစ်မနေ … စကားတွေပြောရမယ်ဆိုတဲ့အထိ ကျွန်မ တစ်ယူသန်မဆန်ပါဘူး ။ ဒါပေမယ့် စောင့်နေတတ်တဲ့အကျင့်လေးကို သိစေချင်တယ် ။ စာလေးတစ်ကြောင်းပို့ဖို့ဆိုတာ အချိန်တွေ အများကြီး မလိုပါဘူး ပို့ချင်တဲ့စိတ်လေး ရှိနေဖို့ပဲ လိုပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီစကားေလးကို စၿပီးေျပာ်ပတုန္းက ကြၽန္မကို နားလည္မႈမရွိလိုက္တာဆိုၿပီး ေျပာခဲ့ဖူးတယ္ ။

တကယ္တမ္းက်ေတာ့ ကြၽန္မ နားလည္ေပးႏိုင္တာေတြထက္ေတာင္ ပိုၿပီးနားလည္ေပးခဲ့တဲ့မိန္းမပါ ။ အရာရာကို ဂ႐ုစိုက္ၿပီးၾကည့္ေနတတ္တဲ့အတြက္ ဘယ္အခ်ိန္မွာ ဘာေတြလုပ္ေနမလဲဆိုတာကို ေျပးၾကည့္စရာမလိုပဲ ေတြးၾကည့္႐ုံနဲ႔ သိပါတယ္ ။

တစ္ခါတစ္ရံတဲ့ … အဲ့ဒီတစ္ခါတစ္ရံေတြက ခဏခဏ ျဖစ္လာတဲ့အခါ ကိုယ္ဟာ တေျဖးေျဖးအေရးမပါမွန္းသိလာတယ္ ။ လူတစ္ေယာက္ရဲ႕ အားျခင္းမအားျခင္းဟာ အၿမဲတမ္း အလုပ္မ်ားျခင္း မမ်ားျခင္းေတြနဲ႔ မဆိုင္ပါဘူး ။ တစ္ခါတစ္ရံက ကိုယ္က သူအားေနဖို႔အတြက္ အေရးမပါတာလဲ ျဖစ္ႏိုင္ပါတယ္ ။

မျဖစ္မေန … စကားေတြေျပာရမယ္ဆိုတဲ့အထိ ကြၽန္မ တစ္ယူသန္မဆန္ပါဘူး ။ ဒါေပမယ့္ ေစာင့္ေနတတ္တဲ့အက်င့္ေလးကို သိေစခ်င္တယ္ ။ စာေလးတစ္ေၾကာင္းပို႔ဖို႔ဆိုတာ အခ်ိန္ေတြ အမ်ားႀကီး မလိုပါဘူး ပို႔ခ်င္တဲ့စိတ္ေလး ရွိေနဖို႔ပဲ လိုပါတယ္ ။

မိန္္းမသားတုိ့အတြက္
သွ်င္ယြန္း