လိုလိုမလိုလို ရှိချင်ခဲ့တဲ့ကျွန်မဟာ ခုတော့ သူ့အတွက် အပိုပါ

ကိုယ်ဟာ အပိုပါ …

အရင်က သိပ်ကို ချစ်ပြခဲ့ဖူးတယ်လို့ ပြောရင် ကိုယ်ကိုယ်တိုင်တောင် မယုံနိုင်တော့ဘူး ။ အခုက ကိုယ့်ကို အနိုင်တွေလိုချင်နေရုံကလွဲလို့ ကျန်တာ ဘာမှမတွေးတတ်တော့တဲ့ သူတစ်ယောက်အဖြစ်ပဲ ရှိနေခဲ့တယ် ။

မချစ်တတ် မလွမ်းတတ်ခင်တုန်းက သူ့စကားလေးတွေ သူ့ ဂရုစိုက်မှုလေးတွေဟာ မက်လောက်စရာပါ ။ သိပ်ချစ်မိသွားတဲ့အခါမှာတော့… အရင်တုန်းကလို ဟန်မဆောင်နိုင်တော့ဘူးထင်ပါတယ် ။ အရင်တုန်းကလို ကျွန်မကို ဂရုစိုက်ရမယ်ဆိုတာမှန်းမသိတော့ဘူး ။

ဘယ်အရာရာနဲ့ပဲ ယှဉ်ယှဉ် ကိုယ်က အရာရာပါဆိုတဲ့စကားတွေဟာလဲ ပုံပြင်သာသာပဲဖြစ်သွားခဲ့ပြီ ။ အလိုမကျတဲ့အခါ ကျွန်မကို ပစ်ထားတတ်သလို … မထင်ရင်မထင်သလို ကျွန်မကိုလဲ နာကျင်စေတယ် ။

လိုလိုမလိုလို ရှိချင်ခဲ့တဲ့ကျွန်မဟာ ခုတော့ သူ့အတွက် အပိုပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ္ဟာ အပိုပါ …





မိန်းမသားတို့အတွက်
သျှင်ယွန်း