ကျွန်မ မှားခဲ့တာတွေကတော့ တော်တော်လေးကိုများတယ်

လူဆိုတာလဲ အမှားနဲ့မကင်းတတ်ဘူးတဲ့ ကျွန်မလဲ လူထဲကလူတစ်ယောက်ပါပဲ အမှားနဲ့တော့ဘယ်ကင်းပါ့မလဲ သို့သော် ကျွန်မ မှားခဲ့တာတွေကတော့ တော်တော်လေးကိုများတယ်

ဥပမာ -စေတနာတွေ ပေးတာလဲ မှားတယ် အရမ်းပေါပေါပဲပဲပေးလိုက်မိတာ ကျွန်မ အရမ်းမှားတယ်လေ

မေတ္တာထားတာလဲ မှားတယ် မေတ္တာဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်းမသိတဲ့လူကို တစ်နေ့နားလည်မှာပါဆိုပြီး ပေးနေမိတာ ကျွန်မ မှားတယ် မျှော်လင့်ချက်ထားခဲ့မိတာလဲ မှားတယ် ပါးစပ်ဖျားလေးတင် ပြီးစလွယ်ပြောလိုက်တဲ့ စကားကို တကယ်ကြီးယုံမှတ်ပြီး မျှော်လင့်နေမိတဲ့ ကျွန်မမှားတယ်

ယုံကြည်ခဲ့မိတာလဲ မှားတယ် ကတိပေးပါတယ် နောက်မလုပ်တော့ပါဘူး ထပ်မဖြစ်စေရပါဘူး ဒီစကါးတွေကို အထပ်ထပ် ယုံကြည်နေမိတဲ့ ကျွန်မ မှားတယ် အားနာတတ်တာလဲ မှားတယ်ကိုယ့်ဘက် တစ်ချက်မှ ငဲ့မကြည့်တတ်တဲ့လူကို အားတွေနာပြီး မငြင်းရက် မငြင်းခဲ့ပဲ သူ့အတွက်ကြီးပဲကြည့်ခဲ့မိတဲ့ ကျွန်မ မှားတယ် ။

ကိုယ့်ဘက်သူ့ဘက် မကြည့်တတ်တဲ့ လူတစ်ယောက်အတွက် ကျွန်မမှာ အချိန်တွေအများကြီး ပေးဆပ်ခဲ့ရတာလေဒါပေမယ့် ပြန်ပြီးရလာတာဆိုလို့ နောင်တတွေပဲ ရှိတယ် နောက်ပိုင်းကျတော့ ကျွန်မ မှားနေတာတွေ မြင်လာတယ် ပြန်ပြီး ပြင်ဖို့လဲ ကြိုးစားနေပါတယ်

နောက်ဆို ဒီထက်ပိုပြီး ကျွန်မ ဆင်ခြင်မှ ရတော့မယ်လေ မဟုတ်ရင် ကိုယ့်မှာ ရလာနိုင်တာဆိုလို့ ဒဏ်ရာအနာတရတွေနဲ့ နာကျင်စရာတွေပဲ မြင်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

လူဆိုတာလဲ အမွားနဲ႔မကင္းတတ္ဘူးတဲ့ ကြၽန္မလဲ လူထဲကလူတစ္ေယာက္ပါပဲ အမွားနဲ႔ေတာ့ဘယ္ကင္းပါ့မလဲ သို႔ေသာ္ ကြၽန္မ မွားခဲ့တာေတြကေတာ့ ေတာ္ေတာ္ေလးကိုမ်ားတယ္

ဥပမာ -ေစတနာေတြ ေပးတာလဲ မွားတယ္ အရမ္းေပါေပါပဲပဲေပးလိုက္မိတာ ကြၽန္မ အရမ္းမွားတယ္ေလ

ေမတၱာထားတာလဲ မွားတယ္ ေမတၱာဆိုတာ ဘယ္ဆီဘယ္ဝယ္မွန္းမသိတဲ့လူကို တစ္ေန႔နားလည္မွာပါဆိုၿပီး ေပးေနမိတာ ကြၽန္မ မွားတယ္ ေမွ်ာ္လင့္ခ်က္ထားခဲ့မိတာလဲ မွားတယ္ ပါးစပ္ဖ်ားေလးတင္ ၿပီးစလြယ္ေျပာလိုက္တဲ့ စကားကို တကယ္ႀကီးယုံမွတ္ၿပီး ေမွ်ာ္လင့္ေနမိတဲ့ ကြၽန္မမွားတယ္

ယုံၾကည္ခဲ့မိတာလဲ မွားတယ္ ကတိေပးပါတယ္ ေနာက္မလုပ္ေတာ့ပါဘူး ထပ္မျဖစ္ေစရပါဘူး ဒီစကါးေတြကို အထပ္ထပ္ ယုံၾကည္ေနမိတဲ့ ကြၽန္မ မွားတယ္ အားနာတတ္တာလဲ မွားတယ္ကိုယ့္ဘက္ တစ္ခ်က္မွ ငဲ့မၾကည့္တတ္တဲ့လူကို အားေတြနာၿပီး မျငင္းရက္ မျငင္းခဲ့ပဲ သူ႔အတြက္ႀကီးပဲၾကည့္ခဲ့မိတဲ့ ကြၽန္မ မွားတယ္ ။

ကိုယ့္ဘက္သူ႔ဘက္ မၾကည့္တတ္တဲ့ လူတစ္ေယာက္အတြက္ ကြၽန္မမွာ အခ်ိန္ေတြအမ်ားႀကီး ေပးဆပ္ခဲ့ရတာေလဒါေပမယ့္ ျပန္ၿပီးရလာတာဆိုလို႔ ေနာင္တေတြပဲ ရွိတယ္ ေနာက္ပိုင္းက်ေတာ့ ကြၽန္မ မွားေနတာေတြ ျမင္လာတယ္ ျပန္ၿပီး ျပင္ဖို႔လဲ ႀကိဳးစားေနပါတယ္

ေနာက္ဆို ဒီထက္ပိုၿပီး ကြၽန္မ ဆင္ျခင္မွ ရေတာ့မယ္ေလ မဟုတ္ရင္ ကိုယ့္မွာ ရလာႏိုင္တာဆိုလို႔ ဒဏ္ရာအနာတရေတြနဲ႔ နာက်င္စရာေတြပဲ ျမင္တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း