မခံမရပ်နိုင်အောင် နာကျင်လာတဲ့အခါ

တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ တွေးခဲ့ဖူးလိမ့်မယ်လို့ထင်တယ် ။ မခံမရပ်နိုင်အောင် နာကျင်လာတဲ့အခါ ရေခိုးရေငွေ့လေးလို ပျောက်ကွယ်သွားလို့ရရင် ကောင်းမယ် ။

တစ်ယောက်နဲ့ တစ်ယောက်ဟာ နာကျင်မှုကို ခံနိုင်ရည်ရှိတာချင်းမတူကြဘူး ။ ဖုန်းလေးမဆက်ရုံနဲ့ မျက်ရည်ကျတဲ့ မိန်းကလေးကို တွေ့တဲ့အခါ မလှောင်ပါနဲ့ … သူ့အကြောက်တရားနဲ့သူ ပြီးတော့ သူ့နာကျင်မှုနဲ့ သူလေ ။ မတူကြဘူး ..

နာကျင်မှုဆိုတဲ့အရာကို ပြောပြတာပါ… အဲ့ဒီနောက်မှာ မခံမရပ်နိုင်အောင်ဆိုစကားလေးကို ဆက်ပြီးပြောကြရအောင် … ကိုယ် သည်းခံနိုင်တဲ့ အရာတွေထက် ပိုပြီး ပိုလာတဲ့အခါ ဘယ်သူမဆို ပေါက်ကွဲဖို့ တွေးကြတယ် ။ ဒါပေမယ့် ပေါက်ကွဲပိုင်ခွင့်မရှိတဲ့ဘ၀တွေဟာ ပျောက်ကွယ်သွားဖို့ပဲ တွေးမိတော့တယ် ။

ငါ မရှိတော့ရင် … အစစအရာရာ အဆင်ပြေသွားမှာပါဆိုတဲ့ အတွေးက အဆိုးဆုံးပဲ ။ ဆက်ပြီးရပ်နေဖို့ အင်အားတွေလဲ မဲ့နေခဲ့သလို လက်တွေလွှတ်ချလိုက်ဖို့လဲ ခံနိုင်ရည်မရှိ ဖြစ်လာတဲ့အခါ ကျွန်မ တိုးတိုးလေး ရေရွှတ်မိတာ တစ်ခုပဲ ရှိပါတယ် ။

ဒီအချိန်မှာ … ရေခိုးရေငွေ့လေးလိုပဲ ဖြစ်ဖြစ် ပျောက်ကွယ်သွားလို့ရရင် ကောင်းမယ် ။ ကျွန်မ မွန်းကြပ်လွန်းပြီလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ႀကိမ္မဟုတ္ တစ္ႀကိမ္ေတာ့ ေတြးခဲ့ဖူးလိမ့္မယ္လို႔ထင္တယ္ ။ မခံမရပ္ႏိုင္ေအာင္ နာက်င္လာတဲ့အခါ ေရခိုးေရေငြ႕ေလးလို ေပ်ာက္ကြယ္သြားလို႔ရရင္ ေကာင္းမယ္ ။

တစ္ေယာက္နဲ႔ တစ္ေယာက္ဟာ နာက်င္မႈကို ခံႏိုင္ရည္ရွိတာခ်င္းမတူၾကဘူး ။ ဖုန္းေလးမဆက္႐ုံနဲ႔ မ်က္ရည္က်တဲ့ မိန္းကေလးကို ေတြ႕တဲ့အခါ မေလွာင္ပါနဲ႔ … သူ႔အေၾကာက္တရားနဲ႔သူ ၿပီးေတာ့ သူ႔နာက်င္မႈနဲ႔ သူေလ ။ မတူၾကဘူး ..

နာက်င္မႈဆိုတဲ့အရာကို ေျပာျပတာပါ… အဲ့ဒီေနာက္မွာ မခံမရပ္ႏိုင္ေအာင္ဆိုစကားေလးကို ဆက္ၿပီးေျပာၾကရေအာင္ … ကိုယ္ သည္းခံႏိုင္တဲ့ အရာေတြထက္ ပိုၿပီး ပိုလာတဲ့အခါ ဘယ္သူမဆို ေပါက္ကြဲဖို႔ ေတြးၾကတယ္ ။ ဒါေပမယ့္ ေပါက္ကြဲပိုင္ခြင့္မရွိတဲ့ဘ၀ေတြဟာ ေပ်ာက္ကြယ္သြားဖို႔ပဲ ေတြးမိေတာ့တယ္ ။

ငါ မရွိေတာ့ရင္ … အစစအရာရာ အဆင္ေျပသြားမွာပါဆိုတဲ့ အေတြးက အဆိုးဆုံးပဲ ။ ဆက္ၿပီးရပ္ေနဖို႔ အင္အားေတြလဲ မဲ့ေနခဲ့သလို လက္ေတြလႊတ္ခ်လိုက္ဖို႔လဲ ခံႏိုင္ရည္မရွိ ျဖစ္လာတဲ့အခါ ကြၽန္မ တိုးတိုးေလး ေရ႐ႊတ္မိတာ တစ္ခုပဲ ရွိပါတယ္ ။

ဒီအခ်ိန္မွာ … ေရခိုးေရေငြ႕ေလးလိုပဲ ျဖစ္ျဖစ္ ေပ်ာက္ကြယ္သြားလို႔ရရင္ ေကာင္းမယ္ ။ ကြၽန္မ မြန္းၾကပ္လြန္းၿပီေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း