အဲ့လိုနေတတ်လာအောင် ရှင်ကိုယ်တိုင်ပဲ သင်ပေးခဲ့တာပါ

ကိုယ်မျက်ရည်တွေကျတဲ့အခါ ဘာကြောင့်ဆိုတဲ့အဖြေမရှာပဲ အပြစ်ဖို့တတ်တဲ့ လူရှေ့မှာ … ကျွန်မ မငိုဖြစ်တော့တာ ကျွန်မ မမှားဘူးထင်တယ် ။ ကိုယ်အလေးထားတဲ့သူကိုယ်တိုင်က ကိုယ့်ကို နားမလည်နိုင်တဲ့အခါ ကျွန်မမှာ ပိုပြီး နာကျင်ရတယ်လေ ။

လိုအပ်နေတဲ့အခါတဲ့ … မဟုတ်ဘူး ကိုယ်လွမ်းနေတဲ့အခါ အနားနားမရှိနိုင်ရင်တောင် အနည်းဆုံးတော့ အသံလေး ကြားချင်တာတွေကိုတော့ နားလည်ပါ ။ ဒါပေမယ့် လူကြီးမင်းနဲ့ အမြဲတိုးနေတဲ့ဖုန်းကို မခေါ်ဖြစ်တော့ဘူး။

စာတစ်ကြောင်းပို့လို့မှ … မပြန်လာတဲ့ ဆက်ဆံရေးတွေမှာ အရေးမပါမှန်းတဖြေးဖြေးသိလာလို့ … စကားတွေပြောချင်နေတဲ့စိတ်ကို ချိုးနှိမ်ပြီး စာတွေပို့ချင်နေတဲ့စိတ်ကို ထိန်းချုပ်လိုက်တာပါ ။

တကယ်ဆို … နဲနဲလေးဂရုစိုက်ပေးခဲ့ရင် တစ်ယောက်တည်းနေနိုင်ခဲ့မယ့် မိန်းကလေးမျိုးမဟုတ်ဘူး ။ သူမှသူဖြစ်နေတဲ့ အချိန်တွေမှာ နဲနဲလေးသာ ဂရုစိုက်ခဲ့ရင်ပေါ့ ။ အခုလို သူမရှိလဲ ဖြစ်ပါတယ်ဆိုပြီး ဖြစ်သွားတဲ့အထိ ကျွန်မ နေနိုင်ခဲ့မှာမဟုတ်ဘူး ။

ကျေးဇူးပြုပြီးတော့ … တစ်ယောက်တည်းနေရခြင်းတွေမှာ အသားကျသွားရုံပါ ပြောင်းလဲသွားလိုက်တာဆိုတဲ့ အပြစ်တွေ မဖို့ပါနဲ့ … အဲ့လိုနေတတ်လာအောင် ရှင်ကိုယ်တိုင်ပဲ သင်ပေးခဲ့တာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကိုယ္မ်က္ရည္ေတြက်တဲ့အခါ ဘာေၾကာင့္ဆိုတဲ့အေျဖမရွာပဲ အျပစ္ဖို႔တတ္တဲ့ လူေရွ႕မွာ … ကြၽန္မ မငိုျဖစ္ေတာ့တာ ကြၽန္မ မမွားဘူးထင္တယ္ ။ ကိုယ္အေလးထားတဲ့သူကိုယ္တိုင္က ကိုယ့္ကို နားမလည္ႏိုင္တဲ့အခါ ကြၽန္မမွာ ပိုၿပီး နာက်င္ရတယ္ေလ ။

လိုအပ္ေနတဲ့အခါတဲ့ … မဟုတ္ဘူး ကိုယ္လြမ္းေနတဲ့အခါ အနားနားမရွိႏိုင္ရင္ေတာင္ အနည္းဆုံးေတာ့ အသံေလး ၾကားခ်င္တာေတြကိုေတာ့ နားလည္ပါ ။ ဒါေပမယ့္ လူႀကီးမင္းနဲ႔ အၿမဲတိုးေနတဲ့ဖုန္းကို မေခၚျဖစ္ေတာ့ဘူး။

စာတစ္ေၾကာင္းပို႔လို႔မွ … မျပန္လာတဲ့ ဆက္ဆံေရးေတြမွာ အေရးမပါမွန္းတေျဖးေျဖးသိလာလို႔ … စကားေတြေျပာခ်င္ေနတဲ့စိတ္ကို ခ်ိဳးႏွိမ္ၿပီး စာေတြပို႔ခ်င္ေနတဲ့စိတ္ကို ထိန္းခ်ဳပ္လိုက္တာပါ ။

တကယ္ဆို … နဲနဲေလးဂ႐ုစိုက္ေပးခဲ့ရင္ တစ္ေယာက္တည္းေနႏိုင္ခဲ့မယ့္ မိန္းကေလးမ်ိဳးမဟုတ္ဘူး ။ သူမွသူျဖစ္ေနတဲ့ အခ်ိန္ေတြမွာ နဲနဲေလးသာ ဂ႐ုစိုက္ခဲ့ရင္ေပါ့ ။ အခုလို သူမရွိလဲ ျဖစ္ပါတယ္ဆိုၿပီး ျဖစ္သြားတဲ့အထိ ကြၽန္မ ေနႏိုင္ခဲ့မွာမဟုတ္ဘူး ။

ေက်းဇူးျပဳၿပီးေတာ့ … တစ္ေယာက္တည္းေနရျခင္းေတြမွာ အသားက်သြား႐ုံပါ ေျပာင္းလဲသြားလိုက္တာဆိုတဲ့ အျပစ္ေတြ မဖို႔ပါနဲ႔ … အဲ့လိုေနတတ္လာေအာင္ ရွင္ကိုယ္တိုင္ပဲ သင္ေပးခဲ့တာပါ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း