ကျွန်မကပဲ မချစ်တတ်ခဲ့တာလား …

ဒီနေ့တော့ ချစ်ခြင်းမေတ္တာတွေအကြောင်း ညီးတွားကြည့်ရအောင် …

ကိုယ်သူ့ကို သိပ်ချစ်ခဲ့ဖူးသလို ဘယ်သူနဲ့မှမတူအောင်ကို ချစ်ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ကျွန်မ အချစ်တွေက သူ့အတွက် အရေးမပါဘူးထင်ပါတယ် ။ ကိုယ့်အချစ်တွေကို သူ မြင်အောင် မကြည့်တတ်ခဲ့ဘူး ။

ဖုန်းတွေဆက်တဲ့အခါ စကားပြောချင်နေတဲ့စိတ်ကို မြင်အောင်မကြည့်တတ်ဘူး … ဂိမ်းဆော့နေတဲ့အရာကို နှောင့်ယှက်တယ်လို့ပဲ ခံယူတတ်တယ် ။ စိတ်ပူတဲ့အခါ …သူစိုးရိမ်နေတာပဲလို့ မမြင်တတ်ဘူး ။ အလကား စကားများတာလို့ပဲ ခံယူတတ်တယ် ။

ကျွန်မကပဲ မချစ်တတ်ခဲ့တာလား … နားလည်ရခက်တဲ့အထိ ကျွန်မ မသိုဝှက်တတ်ဘူး ဒါပေမယ့် ကျွန်မကို နားလည်ပေးဖို့အတွက်က သူ့အတွက် သိပ်ကို ခက်ခဲတယ်လေ ။ ချစ်နေရရုံဆိုပေမယ့် ကိုယ့်အချစ်တွေဟာ သူ့အတွက် အနှောင့်အယှက်ဖြစ်ရုံသက်သက်ထက် မပိုခဲ့တာကတော့ ရင်နာစရာပါ ။

ဘ၀မှာ တစ်ခါလောက်ဖြစ်ဖြစ် သည်းသည်းလှုပ် ချစ်ခြင်း ခံရချင်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဒီေန႔ေတာ့ ခ်စ္ျခင္းေမတၱာေတြအေၾကာင္း ညီးတြားၾကည့္ရေအာင္ …

ကိုယ္သူ႔ကို သိပ္ခ်စ္ခဲ့ဖူးသလို ဘယ္သူနဲ႔မွမတူေအာင္ကို ခ်စ္ခဲ့ဖူးပါတယ္ ။ ဒါေပမယ့္ ကြၽန္မ အခ်စ္ေတြက သူ႔အတြက္ အေရးမပါဘူးထင္ပါတယ္ ။ ကိုယ့္အခ်စ္ေတြကို သူ ျမင္ေအာင္ မၾကည့္တတ္ခဲ့ဘူး ။

ဖုန္းေတြဆက္တဲ့အခါ စကားေျပာခ်င္ေနတဲ့စိတ္ကို ျမင္ေအာင္မၾကည့္တတ္ဘူး … ဂိမ္းေဆာ့ေနတဲ့အရာကို ေႏွာင့္ယွက္တယ္လို႔ပဲ ခံယူတတ္တယ္ ။ စိတ္ပူတဲ့အခါ …သူစိုးရိမ္ေနတာပဲလို႔ မျမင္တတ္ဘူး ။ အလကား စကားမ်ားတာလို႔ပဲ ခံယူတတ္တယ္ ။

ကြၽန္မကပဲ မခ်စ္တတ္ခဲ့တာလား … နားလည္ရခက္တဲ့အထိ ကြၽန္မ မသိုဝွက္တတ္ဘူး ဒါေပမယ့္ ကြၽန္မကို နားလည္ေပးဖို႔အတြက္က သူ႔အတြက္ သိပ္ကို ခက္ခဲတယ္ေလ ။ ခ်စ္ေနရ႐ုံဆိုေပမယ့္ ကိုယ့္အခ်စ္ေတြဟာ သူ႔အတြက္ အေႏွာင့္အယွက္ျဖစ္႐ုံသက္သက္ထက္ မပိုခဲ့တာကေတာ့ ရင္နာစရာပါ ။

ဘ၀မွာ တစ္ခါေလာက္ျဖစ္ျဖစ္ သည္းသည္းလႈပ္ ခ်စ္ျခင္း ခံရခ်င္တယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း