ဝဋ် တစ်လုံးတည်းပါပဲ ကိုယ့်အလှည့်ရောက်တဲ့အခါ ကိုယ်လုပ်ခဲ့တာထက် နှစ်ဆ ပိုပြီး ခံရတတ်တယ်

၀ဋ် . . .

တစ်လုံးတည်းပဲ ကိုယ့်အလှည့်ရောက်လာတဲ့အခါ သေမတတ် နာကျင်ခံစားရပါတယ် ။ဝဋ်ဆိုတာ ကိုယ်လုပ်ခဲ့တဲ့အတိုင်း ပြန်ပြီးခံရတတ်တယ် ဒါပေမယ့် ကိုယ်လုပ်ခဲ့တာထက် ပိုပြီး နာကျင်ခံစားရလိမ့်မယ် လူတစ်ယောက် ဝဋ်လည်လာတဲ့အခါ ဘယ်သူကမှ ပြန်ပြီး သတိပေးစရာမလိုဘူး ကိုယ်ဘာကြောင့် ပြန်ပြီး ခံစားနေရလဲဆိုတာ သူ့အလိုလို ခေါင်းထဲမှာ သိတယ် ကိုယ်လုပ်ခဲ့ဖူးတဲ့ အရာအားလုံး ပြန်ပြီးတော့ ပေါ်ပေါ်လာတတ်တယ်

ဥပမာ – တစ်စုံတစ်ယောက်ကြောင့် ကိုယ့်မှာ သေလောက်အောင် နာကျင်ရတဲ့အခါ တစ်စုံတစ်ဦးအပေါ် ကိုယ်လဲ နာကျင်စေခဲ့ဖူးတဲ့အကြောင်းတွေ တစ်ခုချင်း ပြန်ပြီးမြင်တတ်တယ် ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုတဲ့ စကားလိုပါပဲ အပ္ပါယ်မကျအောင် ကုသိုလ်တရားတွေလုပ်လို့ရပေမယ့် ဝဋ်ကလွတ်အောင်တော့ ပြေးလို့မရဘူး ဆပ်မှ ကြေတယ်

ဝဋ်မှာ နှစ်မျိုးရှိတယ် . . . . ပထမတစ်ခုက ခန္ဓာနဲ့ ရင်းပြီး ဆပ်ရတယ် . . . သေမတတ်နာကျင်ခံစားရတယ် ဒါပေမယ့် ဘဝမှာ တစ်ကြိမ်တစ်ခါပဲ သေရတယ် ဒုတိယ တစ်မျိုးက စိတ်နှလုံးနဲ့ ရင်းပြီးဆပ်ရတာ . . . သေမတတ်နာကျင်ခံစားရတယ် သေမလိုလဲ ဖြစ်တယ် ဒါပေမယ့် အကြိမ်ကြိမ်အခါခါလဲ သေရတယ် ။

ဝဋ်မှန်းသိရင် ရှောင်ပြေးဖို့ မကြိုးစားနဲ့ အကျေသာဆပ်လိုက်ပါ . . . ရှောင်ပြေးလဲ လွှတ်မှ မလွှတ်နိုင်ပဲ နောင်ဘဝတွေအထိလဲ သယ်မသွားနဲ့ ဒီဘ၀ ဒီမျှနဲ့သာ ကျေအောင်ဆပ်ပါ . . . ဘယ်ကျိန်စာမှလဲ ထပ်ပြီး မထားခဲ့နဲ့ ဘယ်ဒဏ်ရာမှလဲ ထပ်ပြီး မပေးခဲ့နဲ့

ကိုယ်ငိုရတဲ့ အခါ ကိုယ်ပြုခဲ့တဲ့ကဲံကြောင့် အလိမ်အညာခံရတဲ့အခါ တစ်ကြိမ်တစ်ခါက ကိုယ်လိမ်ခဲ့ဖူးခဲ့တာကြောင့် စသည်ဖြင့် ဖြေသိမ့်တတ်ပါစေ ။ဝဋ် တစ်လုံးတည်းပါပဲ ကိုယ့်အလှည့်ရောက်တဲ့အခါ ကိုယ်လုပ်ခဲ့တာထက် နှစ်ဆ ပိုပြီး ခံရတတ်တယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ဝဋ် . . .






မိန်းမသားတို့အတွက်
သျှင်ယွန်း

Item added to cart.
0 items - Ks0.00