ကိုယ်ပြောလို့ အရာမထင်မယ့်နေရာမှာ နှုတ်ဆိတ်နေခဲ့ရင်းနဲ့

ကျွန်မ ပါးစပ်ပိတ် နားပိတ်ပြီးနေထိုင်လိုက်တယ်ဆိုတာ မှန်လွန်းလို့ ငြိမ်ခံနေတာမဟုတ်ဘူး ကျွဲပါး စောင်းတီးဆိုတဲ့ စကားကို ကြားဖူးတယ်မဟုတ်လား ရှင်းပြလို့လဲ နားလည်မှာမဟုတ်တဲ့အတွက် အချိန်ကုန်မခံချင်တော့တာပါ

ကိုယ်ပြောလို့ အရာမထင်မယ့်နေရာမှာ နှုတ်ဆိတ်နေခဲ့ရင်းနဲ့ အလိုလိုလဲ စကားနည်းလာခဲ့တယ် ကိုယ်မှန်တယ်ထင်ရင် ဆတ်ဆတ်ထိ မခံတတ်ပေမယ့် ပြောချင်စိတ်ကုန်သွားတဲ့အခါ ဘာဆိုဘာမှကို မပြောဖြစ်တော့ဘူး

အမှန်မထင်တဲ့လူအတွက်တော့ ဘယ်လောက်ပဲ ကိုယ့်ဘက်ကမှန်နေ မှန်နေ သူ့အတွက်တော့ မှားတယ်ထင်မှာပဲလေ တချို့အမေးတွေဆို အရမ်းကို သိသာတယ် ကိုယ်မှန်နေတယ်ဆိုတဲ့အကြောင်း ရှင်းပြစေချင်တာမဟုတ်ပဲ ကိုယ်မှားနေကြောင်း ၀န်ခံစေချင်တဲ့ အမေးစကားလုံးတွေပေါ့ ။

ကျွန်မ မပြောတတ်လို့ ဘယ်ဟုတ်ပါ့မလဲ ကျွန်မမှာ ပြောစရာ စကားလုံးတွေလဲ အများကြီးရှိပါသေးတယ် ပြောချင်စိတ်မဲ့သွားလို့သာ ဆက်ပြီးမပြောဖြစ်တော့တာ ဆက်​ပြီးပြောနေတဲ့ ငြင်းရတာပဲ အဖတ်တင်မှာလေ ပြဿနာတွေပဲ အနောက်ကပါလာမှာ ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်လေးနေလိုက်တယ် တစ်ဖက်နားက၀င်ပြီး တစ်ဖက်နားကထွက်လိုက်တယ်

အရာရာတိုင်းမှာ လိုက်ပြီးရှင်းပြစရာမှမလိုတာ နားလည်သဘောပေါက်တတ်တဲ့လူတစ်ယောက်အတွက် အမှန်ကဘယ်ဟာ အမှားက ဘာဆိုတာ ရှင်းရှင်းလင်းလင်းသိနိုင်တဲ့ ပြဿနာတွေမှာ ပြိုင်ပြီး မဖြစ်ချင်တော့လို့ ကျွန်မ နှုတ်ဆိတ်လိုက်တာပါ ဒီလောက်ပါပဲ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ကြၽန္မ ပါးစပ္ပိတ္ နားပိတ္ၿပီးေနထိုင္လိုက္တယ္ဆိုတာ မွန္လြန္းလို႔ ၿငိမ္ခံေနတာမဟုတ္ဘူး ကြၽဲပါး ေစာင္းတီးဆိုတဲ့ စကားကို ၾကားဖူးတယ္မဟုတ္လား ရွင္းျပလို႔လဲ နားလည္မွာမဟုတ္တဲ့အတြက္ အခ်ိန္ကုန္မခံခ်င္ေတာ့တာပါ

ကိုယ္ေျပာလို႔ အရာမထင္မယ့္ေနရာမွာ ႏႈတ္ဆိတ္ေနခဲ့ရင္းနဲ႔ အလိုလိုလဲ စကားနည္းလာခဲ့တယ္ ကိုယ္မွန္တယ္ထင္ရင္ ဆတ္ဆတ္ထိ မခံတတ္ေပမယ့္ ေျပာခ်င္စိတ္ကုန္သြားတဲ့အခါ ဘာဆိုဘာမွကို မေျပာျဖစ္ေတာ့ဘူး

အမွန္မထင္တဲ့လူအတြက္ေတာ့ ဘယ္ေလာက္ပဲ ကိုယ့္ဘက္ကမွန္ေန မွန္ေန သူ႔အတြက္ေတာ့ မွားတယ္ထင္မွာပဲေလ တခ်ိဳ႕အေမးေတြဆို အရမ္းကို သိသာတယ္ ကိုယ္မွန္ေနတယ္ဆိုတဲ့အေၾကာင္း ရွင္းျပေစခ်င္တာမဟုတ္ပဲ ကိုယ္မွားေနေၾကာင္း ၀န္ခံေစခ်င္တဲ့ အေမးစကားလုံးေတြေပါ့ ။

ကြၽန္မ မေျပာတတ္လို႔ ဘယ္ဟုတ္ပါ့မလဲ ကြၽန္မမွာ ေျပာစရာ စကားလုံးေတြလဲ အမ်ားႀကီးရွိပါေသးတယ္ ေျပာခ်င္စိတ္မဲ့သြားလို႔သာ ဆက္ၿပီးမေျပာျဖစ္ေတာ့တာ ဆက္​ၿပီးေျပာေနတဲ့ ျငင္းရတာပဲ အဖတ္တင္မွာေလ ျပႆနာေတြပဲ အေနာက္ကပါလာမွာ ပါးစပ္ေလးပိတ္ၿပီး ၿငိမ္ၿငိမ္ေလးေနလိုက္တယ္ တစ္ဖက္နားက၀င္ၿပီး တစ္ဖက္နားကထြက္လိုက္တယ္

အရာရာတိုင္းမွာ လိုက္ၿပီးရွင္းျပစရာမွမလိုတာ နားလည္သေဘာေပါက္တတ္တဲ့လူတစ္ေယာက္အတြက္ အမွန္ကဘယ္ဟာ အမွားက ဘာဆိုတာ ရွင္းရွင္းလင္းလင္းသိႏိုင္တဲ့ ျပႆနာေတြမွာ ၿပိဳင္ၿပီး မျဖစ္ခ်င္ေတာ့လို႔ ကြၽန္မ ႏႈတ္ဆိတ္လိုက္တာပါ ဒီေလာက္ပါပဲ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း