အဲ့ဒီနေ့တွေ ရောက်လာရင်ပေါ့

မျက်ရည်လွယ်လိုက်တာတဲ့ ..

တကယ်လဲ မျက်ရည်လွယ်ပါတယ် ငိုစရာရှိတဲ့အခါ ထိန်းမရတဲ့အရာဟာ … မျက်ရည်ပါပဲ ။ မငိုပါဘူးလို့ ဘယ်လောက်ပဲပြောပြော တကယ် နာကျင်ရတဲ့အခါ ပါးပြင်မှာ အရင်ဆုံး စီးတာ မျက်ရည်ပါ ။ မငိုပါနဲ့လို့ တားမရဘူး ။

အဲ့လို မျက်ရည်လွယ်တတ်တဲ့ ကောင်မလေးတစ်ယောက် မငိုတတ်တဲ့နေ့တွေ ရောက်လာခဲ့ရင်လို့ ပြောရင် ဟာသဖြစ်နေမလား ။မထင်ပါနဲ့ တကယ့်အဖြစ်အပျက်အမှန်ပါ ။ အဲ့လိုမျက်ရည်လွယ်တတ်တဲ့ ကောင်မလေးတစ်ယောက် မငိုတတ်တော့ တဲ့နေ့တွေ တကယ်ရောက်လာတတ်တယ် ။ ငိုရတာကို ပင်ပန်းသွားတဲ့အခါပဲဖြစ်ဖြစ် ငိုစရာမျက်ရည်တွေ မကျန်တော့တာပဲ ဖြစ်ဖြစ်ပေါ့ ။

အေးစက်သွားတာ မဟုတ်ဘူးနော် …လုံး၀ကို ထုံသွားခဲ့တာ ။ မငိုချင်တော့တာမဟုတ်ဘူးနော် ငိုချင်ပါရဲ့နဲ့တောင် မျက်ရည်တွေ မကျတတ်တော့တာ ။ ပြတ်သားသွားခဲ့တာလဲ မဟုတ်ဘူး သူ အသားကျသွားတာပါ ။ မျက်ရည်တွေလွယ်ခဲ့ဖူးသလို ဆက်ဆံရေးတွေမှာလဲ ကိုယ့်ဘက်က ဆွဲရင်းပဲ မြဲခဲ့တာတွေကိုကြည့်ရင်း စိတ်ကုန်လာတတ်တယ် ။

အဲ့ဒီနေ့ရက်တွေ ရောက်လာတဲ့အခါ အခုပြုံးနေသလိုပဲ ပြုံးနေစေချင်တယ် ။ ကျွန်မ နာကျင်နေရသလိုမျိုး မနာကျင်စေချင်ဘူး ။ ဒါပေမယ့်လဲ ပျော်မယ်ထင်ပါတယ် ။ အဲ့ဒီနေ့တွေ ရောက်လာရင်ပေါ့ …

မိန်းမသားတို့အတွက်
သျှင်ယွန်း

မ်က္ရည္လြယ္လိုက္တာတဲ့ ..

တကယ္လဲ မ်က္ရည္လြယ္ပါတယ္ ငိုစရာရွိတဲ့အခါ ထိန္းမရတဲ့အရာဟာ … မ်က္ရည္ပါပဲ ။ မငိုပါဘူးလို႔ ဘယ္ေလာက္ပဲေျပာေျပာ တကယ္ နာက်င္ရတဲ့အခါ ပါးျပင္မွာ အရင္ဆုံး စီးတာ မ်က္ရည္ပါ ။ မငိုပါနဲ႔လို႔ တားမရဘူး ။

အဲ့လို မ်က္ရည္လြယ္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ မငိုတတ္တဲ့ေန႔ေတြ ေရာက္လာခဲ့ရင္လို႔ ေျပာရင္ ဟာသျဖစ္ေနမလား ။မထင္ပါနဲ႔ တကယ့္အျဖစ္အပ်က္အမွန္ပါ ။ အဲ့လိုမ်က္ရည္လြယ္တတ္တဲ့ ေကာင္မေလးတစ္ေယာက္ မငိုတတ္ေတာ့ တဲ့ေန႔ေတြ တကယ္ေရာက္လာတတ္တယ္ ။ ငိုရတာကို ပင္ပန္းသြားတဲ့အခါပဲျဖစ္ျဖစ္ ငိုစရာမ်က္ရည္ေတြ မက်န္ေတာ့တာပဲ ျဖစ္ျဖစ္ေပါ့ ။

ေအးစက္သြားတာ မဟုတ္ဘူးေနာ္ …လုံး၀ကို ထုံသြားခဲ့တာ ။ မငိုခ်င္ေတာ့တာမဟုတ္ဘူးေနာ္ ငိုခ်င္ပါရဲ႕နဲ႔ေတာင္ မ်က္ရည္ေတြ မက်တတ္ေတာ့တာ ။ ျပတ္သားသြားခဲ့တာလဲ မဟုတ္ဘူး သူ အသားက်သြားတာပါ ။ မ်က္ရည္ေတြလြယ္ခဲ့ဖူးသလို ဆက္ဆံေရးေတြမွာလဲ ကိုယ့္ဘက္က ဆြဲရင္းပဲ ၿမဲခဲ့တာေတြကိုၾကည့္ရင္း စိတ္ကုန္လာတတ္တယ္ ။

အဲ့ဒီေန႔ရက္ေတြ ေရာက္လာတဲ့အခါ အခုၿပဳံးေနသလိုပဲ ၿပဳံးေနေစခ်င္တယ္ ။ ကြၽန္မ နာက်င္ေနရသလိုမ်ိဳး မနာက်င္ေစခ်င္ဘူး ။ ဒါေပမယ့္လဲ ေပ်ာ္မယ္ထင္ပါတယ္ ။ အဲ့ဒီေန႔ေတြ ေရာက္လာရင္ေပါ့ …

မိန္းမသားတို႔အတြက္
သွ်င္ယြန္း