တစ်ဖက်ကို သေလောက်အောင် ချစ်ခဲ့ပြီး ကိုယ်ကိုယ်တိုင်ကျ ချစ်ဖို့ မေ့နေခဲ့တာလေ

တစ်ဖက်သတ် …

တစ်ဖက်မဟုတ် တစ်ဖက်တော့ သေရမယ့် ကံကြမ္မာတွေပါလာတယ်ထင်ပါတယ် ။ ပြောချင်တဲ့ စကားလုံးတွေရှိပေမယ့် ပြောနိုင်တဲ့ အင်အားတွေ သေကုန်တယ်။ ချစ်တတ်တဲ့ နှလုံးသားရှိပေမယ့် ချစ်နိုင်တဲ့ သတ္တိတွေ သေကုန်တယ် ။ ဘယ်အရာမှာမဆို အစွန်းရောက်ရင် မကောင်းတတ်ဘူးလေ ။

ဒီတစ်ခုက … လူတစ်ယောက်ကို ဂရုစိုက်ရင်း ကိုယ့်ကိုယ်ကိုယ်ကျ ပစ်ထားတတ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းပေါ့ ။ သူမက သိပ်ချစ်တတ်တာ ။ ဘယ်လောက်ထိတောင်လဲ ဆိုရင် သူမ ကို မချစ်ခဲ့မှန်းသိနေရဲ့နဲ့တောင် သူမ ဆက်မချစ်ပဲ မနေနိုင်ခဲ့ဘူးလေ ။

အစကတည်းက မဖြစ်နိုင်ခဲ့ရင် ကံကြမ္မာကလဲ တွေ့ဆုံခွင့်လေး မပေးခဲ့သင့်ဘူး ။ ခုတော့ သူမမှာ ဆက်ပြီး ချစ်နေမိရုံကလွဲလို့ သူမအတွေးမှာ မချစ်တော့ရင် မနာကျင်ရတော့ဘူးဆိုတဲ့ နောင်တ အနည်းအကျဥ်းမှတောင် ရှိမနေခဲ့ဘူးလေ ။

သူ့အတွက်ဆိုရင်ဆိုတဲ့ အတွေးပဲရှိနေခဲ့ရင်းလဲ ကိုယ့်ကိုယ်ကို် ပျောက်ဆုံးနေမှန်းမသိ ပျောက်ဆုံးနေခဲ့တယ် ။ သူပျော်ရင်ဆိုတဲ့ အတွေးတွေနဲ့ ငိုခဲ့ရပေါင်းလဲ များပြီ ။ သူမချစ်ဘူးဆိုတာမှန်းသိသိရဲ့နဲ့ … ကိုယ်ချစ်နေရရင် ဖြစ်တာပဲဆိုတဲ့အတွေးက သူမကို ပိုနာကျင်စေခဲ့မှန်း သူမကိုယ်တိုင် သိသိရဲ့နဲ့ မပြင်ဆင်ဖြစ်ခဲ့ဘူးလေ ။

တစ်ဖက်သတ် … တ​ဲ့ တစ်ဖက်ကို သေလောက်အောင် ချစ်ခဲ့ပြီး ကိုယ်ကိုယ်တိုင်ကျ ချစ်ဖို့ မေ့နေခဲ့တာလေ ။ တစ်ဖက်ကို သေလောက်အောင် ဂရုစိုက်ပြီး ကိုယ့်ကိုယ်တိုင်ကျ ပစ်ထားတတ်တယ်လေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တစ္ဖက္သတ္ …

တစ္ဖက္မဟုတ္ တစ္ဖက္ေတာ့ ေသရမယ့္ ကံၾကမၼာေတြပါလာတယ္ထင္ပါတယ္ ။ ေျပာခ်င္တဲ့ စကားလုံးေတြရွိေပမယ့္ ေျပာႏိုင္တဲ့ အင္အားေတြ ေသကုန္တယ္။ ခ်စ္တတ္တဲ့ ႏွလုံးသားရွိေပမယ့္ ခ်စ္ႏိုင္တဲ့ သတၱိေတြ ေသကုန္တယ္ ။ ဘယ္အရာမွာမဆို အစြန္းေရာက္ရင္ မေကာင္းတတ္ဘူးေလ ။

ဒီတစ္ခုက … လူတစ္ေယာက္ကို ဂ႐ုစိုက္ရင္း ကိုယ့္ကိုယ္ကိုယ္က် ပစ္ထားတတ္တဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းေပါ့ ။ သူမက သိပ္ခ်စ္တတ္တာ ။ ဘယ္ေလာက္ထိေတာင္လဲ ဆိုရင္ သူမ ကို မခ်စ္ခဲ့မွန္းသိေနရဲ႕နဲ႔ေတာင္ သူမ ဆက္မခ်စ္ပဲ မေနႏိုင္ခဲ့ဘူးေလ ။

အစကတည္းက မျဖစ္ႏိုင္ခဲ့ရင္ ကံၾကမၼာကလဲ ေတြ႕ဆုံခြင့္ေလး မေပးခဲ့သင့္ဘူး ။ ခုေတာ့ သူမမွာ ဆက္ၿပီး ခ်စ္ေနမိ႐ုံကလြဲလို႔ သူမအေတြးမွာ မခ်စ္ေတာ့ရင္ မနာက်င္ရေတာ့ဘူးဆိုတဲ့ ေနာင္တ အနည္းအက်ဥ္းမွေတာင္ ရွိမေနခဲ့ဘူးေလ ။

သူ႔အတြက္ဆိုရင္ဆိုတဲ့ အေတြးပဲရွိေနခဲ့ရင္းလဲ ကိုယ့္ကိုယ္ကို္ ေပ်ာက္ဆုံးေနမွန္းမသိ ေပ်ာက္ဆုံးေနခဲ့တယ္ ။ သူေပ်ာ္ရင္ဆိုတဲ့ အေတြးေတြနဲ႔ ငိုခဲ့ရေပါင္းလဲ မ်ားၿပီ ။ သူမခ်စ္ဘူးဆိုတာမွန္းသိသိရဲ႕နဲ႔ … ကိုယ္ခ်စ္ေနရရင္ ျဖစ္တာပဲဆိုတဲ့အေတြးက သူမကို ပိုနာက်င္ေစခဲ့မွန္း သူမကိုယ္တိုင္ သိသိရဲ႕နဲ႔ မျပင္ဆင္ျဖစ္ခဲ့ဘူးေလ ။

တစ္ဖက္သတ္ … တ​ဲ့ တစ္ဖက္ကို ေသေလာက္ေအာင္ ခ်စ္ခဲ့ၿပီး ကိုယ္ကိုယ္တိုင္က် ခ်စ္ဖို႔ ေမ့ေနခဲ့တာေလ ။ တစ္ဖက္ကို ေသေလာက္ေအာင္ ဂ႐ုစိုက္ၿပီး ကိုယ့္ကိုယ္တိုင္က် ပစ္ထားတတ္တယ္ေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း