တစ်ဖက်မှာ လဲပြိုကျချင်နေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူးလေ

ပြုံးပြဖို့ခက်တဲ့ နှုတ်ခမ်းတစ်စုံရှိတယ် ဟန်ဆောင်ပြီး မပြုံးတတ်ဘူး မဲ့ရွဲ့ပြီး မပြုံးတတ်ဘူး စိတ်ပါ လက်ပါမှ လှလှပပလေးပြုံးတယ် ကိုယ် ပြုံးလိုက်တဲ့အခါ စိတ်ထဲမှာ ကြိတ်မုန်းနေတာမျိုး မရှိဘူး စိတ်နှလုံး နဲ့ အပြုံး အလှချင်းထပ်တူကျတယ် ဒါ ကျွန်မ ပါ ။

ကိုယ့်ကို မခေါ်ချင်မပြောချင်တဲ့လူကို အတင်းကြီး လိုက်ခေါ်နေတဲ့ထိ ကျွန်မ ကိုယ့်ကိုကိုယ် တန်ဖိုးမချတော့ဘူး မခေါ်ချင်တဲ့သူကို မခေါ်ပဲ နေနိုင်တဲ့ မာနလေးတော့ ထားတယ် အပေါ်လေးပဲ ပေါင်းတတ်တဲ့ လူကိုအပေါ်ယံလေးပဲ ထားတတ်တဲ့ အကျင့်လေး မွေးတယ် နေရာတိုင်းမှာ စိတ်နှစ်ကိုယ်နှစ်ပြီး ရင်ဘတ်ကြီးနဲ့ ပေါင်းလို့ မရဘူးလေ ဒါ ကျွန်မရဲ့ ဆက်ဆံရေးပါ ။

ကျွန်မ နာကျင်ရတဲ့အခါ ကျွန်မကိုယ်တိုင်ရှိနေသေးတယ်ဆိုတဲ့ အသိနဲ့ မနက်ဖြန်တွေကို ဆက်ပြီး မျှော်လင့်တယ် ကျွန်မ အရမ်းပင်ပန်းလာတဲ့အခါ ကျွန်မ ပြိုလဲလို့မရသေးဘူးဆိုတဲ့ အသိနဲ့ အားပြန်တင်းတယ် ကျွန်မ အနားမှာ အဖော်မရှိလို့လဲ ၀မ်းမနည်းဘူး ရှိနေလို့လဲ ၀မ်းမသာတော့ဘူး တစ်ချိန်ကျရင် တစ်ယောက်တည်းကျန်ခဲ့ချင်ကျန်ခဲ့ဦးမှာဒါ ကျွန်မ လက်ရှိနေထိုင်နေတဲ့ ပုံစံလေးပါ ။

ကျွန်မ သိပ်ပြီး ရင့်ကျက်လွန်းလို့ သိပ်ပြီး သန်မာလွန်းလို့တော့ မဟုတ်ဘူးပေါ့ မသန်မာရင် ထိုးနှက်ခံရလွန်းလို့ သန်မာချင်ယောင်ဆောင်ပြီး နေထိုင်တတ်လာတာပါ ဘာပဲဖြစ်လာဖြစ်လာကြံ့ကြံ့ခံနိုင်တယ်ဆိုတဲ့ ပုံစံမျိုးပေါ့ တစ်ဖက်မှာ လဲပြိုကျချင်နေတာကို ဘယ်သူ့ကိုမှ မမြင်စေချင်ဘူးလေ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ၿပဳံးျပဖို႔ခက္တဲ့ ႏႈတ္ခမ္းတစ္စုံရွိတယ္ ဟန္ေဆာင္ၿပီး မၿပဳံးတတ္ဘူး မဲ့႐ြဲ႕ၿပီး မၿပဳံးတတ္ဘူး စိတ္ပါ လက္ပါမွ လွလွပပေလးၿပဳံးတယ္ ကိုယ္ ၿပဳံးလိုက္တဲ့အခါ စိတ္ထဲမွာ ႀကိတ္မုန္းေနတာမ်ိဳး မရွိဘူး စိတ္ႏွလုံး နဲ႔ အၿပဳံး အလွခ်င္းထပ္တူက်တယ္ ဒါ ကြၽန္မ ပါ ။

ကိုယ့္ကို မေခၚခ်င္မေျပာခ်င္တဲ့လူကို အတင္းႀကီး လိုက္ေခၚေနတဲ့ထိ ကြၽန္မ ကိုယ့္ကိုကိုယ္ တန္ဖိုးမခ်ေတာ့ဘူး မေခၚခ်င္တဲ့သူကို မေခၚပဲ ေနႏိုင္တဲ့ မာနေလးေတာ့ ထားတယ္ အေပၚေလးပဲ ေပါင္းတတ္တဲ့ လူကိုအေပၚယံေလးပဲ ထားတတ္တဲ့ အက်င့္ေလး ေမြးတယ္ ေနရာတိုင္းမွာ စိတ္ႏွစ္ကိုယ္ႏွစ္ၿပီး ရင္ဘတ္ႀကီးနဲ႔ ေပါင္းလို႔ မရဘူးေလ ဒါ ကြၽန္မရဲ႕ ဆက္ဆံေရးပါ ။

ကြၽန္မ နာက်င္ရတဲ့အခါ ကြၽန္မကိုယ္တိုင္ရွိေနေသးတယ္ဆိုတဲ့ အသိနဲ႔ မနက္ျဖန္ေတြကို ဆက္ၿပီး ေမွ်ာ္လင့္တယ္ ကြၽန္မ အရမ္းပင္ပန္းလာတဲ့အခါ ကြၽန္မ ၿပိဳလဲလို႔မရေသးဘူးဆိုတဲ့ အသိနဲ႔ အားျပန္တင္းတယ္ ကြၽန္မ အနားမွာ အေဖာ္မရွိလို႔လဲ ၀မ္းမနည္းဘူး ရွိေနလို႔လဲ ၀မ္းမသာေတာ့ဘူး တစ္ခ်ိန္က်ရင္ တစ္ေယာက္တည္းက်န္ခဲ့ခ်င္က်န္ခဲ့ဦးမွာဒါ ကြၽန္မ လက္ရွိေနထိုင္ေနတဲ့ ပုံစံေလးပါ ။

ကြၽန္မ သိပ္ၿပီး ရင့္က်က္လြန္းလို႔ သိပ္ၿပီး သန္မာလြန္းလို႔ေတာ့ မဟုတ္ဘူးေပါ့ မသန္မာရင္ ထိုးႏွက္ခံရလြန္းလို႔ သန္မာခ်င္ေယာင္ေဆာင္ၿပီး ေနထိုင္တတ္လာတာပါ ဘာပဲျဖစ္လာျဖစ္လာႀကံ့ႀကံ့ခံႏိုင္တယ္ဆိုတဲ့ ပုံစံမ်ိဳးေပါ့ တစ္ဖက္မွာ လဲၿပိဳက်ခ်င္ေနတာကို ဘယ္သူ႔ကိုမွ မျမင္ေစခ်င္ဘူးေလ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း