တချို့လူတွေက အရမ်းကို ဟန်ဆောင်ကောင်းကြပါတယ်

တချို့လူတွေက အရမ်းကို ဟန်ဆောင်ကောင်းကြပါတယ် ။

ကိုယ့်အနားကို လာပြီးရပ်တဲ့အခါတုန်းက . . .ကြင်နာသလိုလိုနဲ့ ဂရုစိုက်သလိုလိုနဲ့ပေါ့ ။ ကိုယ့်မှာ အဟုတ်ကြီးတွေ မှတ်ပြီး အပျော်ကြီးတွေ ပျော်ခဲ့ဖူးတာတွေကို ပြန်ပြီး အမှတ်ရသေးတယ် ကျွန်မ တကယ်ကြီး ထင်မှတ်ခဲ့တာ ။

အဲ့တုန်းကဆို. . .ဂရုစိုက်တာလေးက အစ ကြင်နာတာတွေအဆုံး ကိုယ်ပေးတဲ့ မေတ္တာတွေ စစ်မှန်လို့ ပြန်ပြီး ရလာခဲ့တာလို့ပဲ အထင်တွေ ရောက်နေတာလေ ။ မျက်နှာဖုံးတွေ မကွာကျခငွအထိ ဟန်ဆောင် လိမ်ညာနေမှန်း တကယ် မရိပ်မိခဲ့ဘူး တကယ်ကြီးကို ဟန်ဆောင်ကောင်းခဲ့တာပါ ဟောလိဝုဒ်မှာသာ လူဖြစ်ခဲ့ရင် အော်စကာဆု ရလောက်တဲ့အထိ တကယ်ကို တော်တယ်

ကိုယ်ကလဲ ညံ့ခဲ့တာကိုး . . . လူတိုင်းကို ကိုယ့်လိုအမှတ်နဲ့ပဲ စိတ်ရင်းထဲက အတိုင်း ပေါင်းခဲ့မိတာ ။ ကိုယ့်ဘက်က စေတနာမှန်ခဲ့သလို သူ့ဘက်ကလဲ ပြန်ပြီး နားလည်မယ်လို့ ထင်ခဲ့တာလေ ။ ကိုယ့်ဘက်က မေတ္တာတွေ စစ်မှန်ခဲ့သလို သူ့ဘက်ကလဲ အစစ်အမှန်တွေ ပြန်ရလိမ့်မယ်လို့ တစ်ထစ်ချကြီး တွေးခဲ့မိတာလေ ။ ကိုယ်ညံ့ခဲ့တာလဲ ပါပါတယ် ။

လူတစ်ယောက်အကြောင်းကို အပေါ်ယံလေးကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးဆိုတာမှန်း တကယ် သဘောပေါက် နားလည်သွားပြီ ။ ကိုယ်တစ်ခုခု မဖြစ်မချင်း ကိုယ့်အနားမှာ ရပ်နေတဲ့ လူတိုင်းကိုလူကောင်းလို့ ထင်ခဲ့မိတာပါပဲ ။ တကယ် ဒုက္ခ ဖြစ်တဲ့အခါမှသာ မျက်နှာ ဖုံးတွေ ကွာကျပြီး အဲ့ဒီမျက်နှာဖုံးအောက် တကယ့် မျက်လုံးတွေကို တွေ့ခွင့် မြင်ခွင့်ရခဲ့တာလေ ။

အခုဆို . . . ကျွန်မ တစ်ယောက်တည်းလဲ အဆင်ပြေအောင် နေပါတယ် ဂဲမှန်ခဲ့ဖူးတဲ့ စာသူငယ်လိုပေါ့ တစ်ခါ အညာခံပြီးသွားတဲ့ ကောင်မလေးတစ်ယောက်က လွယ်လွယ်လေးနဲ့ မယုံတတ်တော့ မယုံချင်တော့တာတော့ မမှားဘူး မဟုတ်လား ။ လူတစ်ယောက်ကို လွယ်လွယ်လေး မယုံတတ်တော့ဆိုတာထက် ကျွန်မ ပုံပြင်တွေ အပြောကောင်းတဲ့လူတွေနဲ့ ထပ်တွေ့ ထပ်ဆုံရမှာ ကြောက်လာတာပါ ။ တချို့က သိပ်ကိုဟန်ဆောင်ကောင်းတာလေ ။

တစ်ခါတစ်ရံ . . . ၀မ်းနည်းမိတယ် . ..ကိုယ်ပေးခဲ့သလို ဘာလို့ ကိုယ်ပြန်မရခဲ့သလဲဆိုတဲ့စိတ် ကိုယ် ဖြူစင်ခဲ့သလို ဘာလို့ ပြန်ပြီးမဖြူစင်နိုင်ခဲ့တာလဲ ဆိုတဲ့ အတွေးတွေနဲ့ တစ်ခါတစ်ရံ တကယ်ကို ၀မ်းနည်းမိပါတယ် ။ ဒါပေမယ့် . . . ဆက်ပြီး မတွေးမိတော့ဘူး သံသရာတစ်ခုမှာ . . . ကျွန်မလဲ ဟန်ဆောင်လိမ်ညာခဲ့ဖူးလို့ အခုလို ပြန်ပြီး နာကျင်ရတာဖြစ်မှာပါလို့လဲ ဖြေသိမ့်ပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

တခ်ိဳ႕လူေတြက အရမ္းကို ဟန္ေဆာင္ေကာင္းၾကပါတယ္ ။

ကိုယ့္အနားကို လာၿပီးရပ္တဲ့အခါတုန္းက . . .ၾကင္နာသလိုလိုနဲ႔ ဂ႐ုစိုက္သလိုလိုနဲ႔ေပါ့ ။ ကိုယ့္မွာ အဟုတ္ႀကီးေတြ မွတ္ၿပီး အေပ်ာ္ႀကီးေတြ ေပ်ာ္ခဲ့ဖူးတာေတြကို ျပန္ၿပီး အမွတ္ရေသးတယ္ ကြၽန္မ တကယ္ႀကီး ထင္မွတ္ခဲ့တာ ။

အဲ့တုန္းကဆို. . .ဂ႐ုစိုက္တာေလးက အစ ၾကင္နာတာေတြအဆုံး ကိုယ္ေပးတဲ့ ေမတၱာေတြ စစ္မွန္လို႔ ျပန္ၿပီး ရလာခဲ့တာလို႔ပဲ အထင္ေတြ ေရာက္ေနတာေလ ။ မ်က္ႏွာဖုံးေတြ မကြာက်ခငြအထိ ဟန္ေဆာင္ လိမ္ညာေနမွန္း တကယ္ မရိပ္မိခဲ့ဘူး တကယ္ႀကီးကို ဟန္ေဆာင္ေကာင္းခဲ့တာပါ ေဟာလိဝုဒ္မွာသာ လူျဖစ္ခဲ့ရင္ ေအာ္စကာဆု ရေလာက္တဲ့အထိ တကယ္ကို ေတာ္တယ္

ကိုယ္ကလဲ ညံ့ခဲ့တာကိုး . . . လူတိုင္းကို ကိုယ့္လိုအမွတ္နဲ႔ပဲ စိတ္ရင္းထဲက အတိုင္း ေပါင္းခဲ့မိတာ ။ ကိုယ့္ဘက္က ေစတနာမွန္ခဲ့သလို သူ႔ဘက္ကလဲ ျပန္ၿပီး နားလည္မယ္လို႔ ထင္ခဲ့တာေလ ။ ကိုယ့္ဘက္က ေမတၱာေတြ စစ္မွန္ခဲ့သလို သူ႔ဘက္ကလဲ အစစ္အမွန္ေတြ ျပန္ရလိမ့္မယ္လို႔ တစ္ထစ္ခ်ႀကီး ေတြးခဲ့မိတာေလ ။ ကိုယ္ညံ့ခဲ့တာလဲ ပါပါတယ္ ။

လူတစ္ေယာက္အေၾကာင္းကို အေပၚယံေလးၾကည့္ၿပီး ဆုံးျဖတ္လို႔ မရဘူးဆိုတာမွန္း တကယ္ သေဘာေပါက္ နားလည္သြားၿပီ ။ ကိုယ္တစ္ခုခု မျဖစ္မခ်င္း ကိုယ့္အနားမွာ ရပ္ေနတဲ့ လူတိုင္းကိုလူေကာင္းလို႔ ထင္ခဲ့မိတာပါပဲ ။ တကယ္ ဒုကၡ ျဖစ္တဲ့အခါမွသာ မ်က္ႏွာ ဖုံးေတြ ကြာက်ၿပီး အဲ့ဒီမ်က္ႏွာဖုံးေအာက္ တကယ့္ မ်က္လုံးေတြကို ေတြ႕ခြင့္ ျမင္ခြင့္ရခဲ့တာေလ ။

အခုဆို . . . ကြၽန္မ တစ္ေယာက္တည္းလဲ အဆင္ေျပေအာင္ ေနပါတယ္ ဂဲမွန္ခဲ့ဖူးတဲ့ စာသူငယ္လိုေပါ့ တစ္ခါ အညာခံၿပီးသြားတဲ့ ေကာင္မေလးတစ္ေယာက္က လြယ္လြယ္ေလးနဲ႔ မယုံတတ္ေတာ့ မယုံခ်င္ေတာ့တာေတာ့ မမွားဘူး မဟုတ္လား ။ လူတစ္ေယာက္ကို လြယ္လြယ္ေလး မယုံတတ္ေတာ့ဆိုတာထက္ ကြၽန္မ ပုံျပင္ေတြ အေျပာေကာင္းတဲ့လူေတြနဲ႔ ထပ္ေတြ႕ ထပ္ဆုံရမွာ ေၾကာက္လာတာပါ ။ တခ်ိဳ႕က သိပ္ကိုဟန္ေဆာင္ေကာင္းတာေလ ။

တစ္ခါတစ္ရံ . . . ၀မ္းနည္းမိတယ္ . ..ကိုယ္ေပးခဲ့သလို ဘာလို႔ ကိုယ္ျပန္မရခဲ့သလဲဆိုတဲ့စိတ္ ကိုယ္ ျဖဴစင္ခဲ့သလို ဘာလို႔ ျပန္ၿပီးမျဖဴစင္ႏိုင္ခဲ့တာလဲ ဆိုတဲ့ အေတြးေတြနဲ႔ တစ္ခါတစ္ရံ တကယ္ကို ၀မ္းနည္းမိပါတယ္ ။ ဒါေပမယ့္ . . . ဆက္ၿပီး မေတြးမိေတာ့ဘူး သံသရာတစ္ခုမွာ . . . ကြၽန္မလဲ ဟန္ေဆာင္လိမ္ညာခဲ့ဖူးလို႔ အခုလို ျပန္ၿပီး နာက်င္ရတာျဖစ္မွာပါလို႔လဲ ေျဖသိမ့္ပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း