အစကတည်းက မတွေ့ခဲ့ကြရင် ပိုပြီးကောင်းပါတယ်

နားလည်နိုင်ပါတယ်လို့ပြောပြီး ဘ၀ထဲ ၀င်လာပြီးမှ နားမလည်နိုင်ပါဘူဆိုပြီး ပြန်ထွက်သွားမယ့် လူတွေနဲ့ အစကတည်းက မတွေ့ခဲ့ကြရင် ပိုပြီးကောင်းပါတယ် ။ နားလည်ပါတယ်ဆိုတဲ့စကားကို လွယ်လွယ်လေးပြောပြီး လွယ်လွယ်လေးယုံကြည်ခိုင်းလိုက်တာကို ကိုယ့်ဘက် တကယ်ကြီးထင်ပြီး နားလည်ကောင်းပါရဲ့ဆိုတဲ့စိတ်နဲ့ ကိုယ့် အားနည်းချက်တွေကို ဖွင့်ဟလိုက်မိမှာ တစ်ဖက်အတွက် ဖိနင်းစရာတွေ ဖြစ်သွားခဲ့တာလေ ။ တကယ်ဆို နားလည်ပါတယ်ဆိုတဲ့စကားကို အရင်မပြောသင့်ဘူး တကယ်နားလည်အောင်ပဲ ကြည့်ပေးသင့်တာပါ ။

ချစ်ပါတယ်ဆိုပြီး တံခါးတွေ ခေါက်ပြီးမှ မဖြစ်နိုင်လို့ပါဆိုပြီး ပြန်ထွက်သွားမယ့်လူတွေနဲ့ အစကတည်းကနေ မတွေ့ဖြစ်ခဲ့ကြ မဆုံဖြစ်ခဲ့ကြရင် ပိုပြီးတော့ကောင်းမယ် ။ ချစ်ခြင်းမေတ္တာဆို ပကတိဖြူစင်တဲ့အရာပါ . . .အဲ့တာကို အတ္တတွေနဲ့ အရောင်မဆိုးပါနဲ့ ချစ်တယ်ဆိုတာ ပြောဖို့မခက်ပေမယ့် တကယ်ချစ်ကြောင်းသက်သေပြဖို့ကျတော့ ခက်တယ်လေ အချစ်တစ်ခုမှာ… ချစ်နေရုံတစ်ခုတည်းနဲ့ ပြီးပြည့်စုံတာမျိုးမှ မဟုတ်တာ ။ တစ်ယောက်နဲ့တစ်ယောက် နားလည်တတ်ဖို့ယုံကြည်ကြဖို့သစ္စာရှိဖို့တကယ်ပါ လိုအပ်ချက်တွေ အရမ်းကိုများပါတယ် အဲ့ဒီအချက်တွေကို မသိနားမလည်ပါပဲနဲ့ ဒါမှမဟုတ်သိနေပါလျက်နဲ့ လက်သင့်ခံဖို့မကြိုးစားနိုင်ခဲ့ရင် အစကတည်းက ချစ်တယ်ဆိုတဲ့စကားကို မပြောခဲ့သင့်ဘူးလေ အခုတော့ နှစ်ဦးနှစ်ဖက်လုံးမှာ ဒဏ်ရာဒဏ်ချက်နဲ့ မျက်နှာတွေ ပျက်ရတယ် ။

ကိုယ့်ကို တကယ်မခင်ပါနဲ့လဲ လိုချင်တာတွေရှိလို့ရပ်နေတဲ့ မိတ်ဆွေဆိုတဲ့ လူတွေနဲ့လဲ အစကတည်းက မတွေ့ခဲ့ကြရင်ကောင်းမယ် ။ မိတ်ဆွေဆိုတာ ကောင်းတာဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် မျှဝေခံစားတတ်တဲ့ အရင်းနှီးဆုံးသူစိမ်းပါလို့တချို့တွေက အဓိပ္ပါယ်တွေဖွင့်ထားကြတာလေ အဲ့ဒီအထဲမှာ လိုချင်တာရှိုလို့သာ ဖော်ရွေနေတတ်တဲ့ လူတွေတော့မပါဘူး

နောင်တ … ဟုတ်ပါတယ် နောင်တတွေရနေခဲ့တာပါ ။ ကိုယ်ယုံကြည်မိလေးခြင်း ကိုယ်တွယ်တာမိလေခြင်းဆိုတဲ့ နောင်တတွေရနေခဲ့တာပါ ခုတ်ခဲ့တဲ့ ပုစိန်က မမှတ်မိပေမယ့် အခုတ်ခံခဲ့ရတဲ့ သစ်ပင်က မမေ့သလိုမျိုးကို ကိုယ့်မှာ တစ်ဖက်သတ်ကြီး နောင်တတွေနဲ့နာကျင်နေခဲ့တာပါ ။

အရင်းနှီးဆုံးဖြစ်ပြီးမှ ဝေးသွားတဲ့သူတွေက သာမာန်သူစိမ်းတွေထက်ပိုပြီး စိမ်းသွားတတ်ကြတယ်တဲ့ တကယ်အမှန်ပါ . . .တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးခဲ့ကြပြီးမှ တစ်ယောက်နဲ့တစ်ယောက် ဝေးမှန်းမသ်ိခဲ့ကြတာ ခုဆို ကိုယ့်ဘ၀ထဲ ကိုယ်နဲ့ပတ်သက်ခဲ့ဖူးတဲ့ သူစိမ်းတွေက ပိုပြီးများလာခဲ့တယ် တကယ်ဆိုရင် အပြုံးနဲ့ လမ်းခွဲဖို့မဖြစ်နိုင်ခဲ့ရင် အစကတည်းက ကံကြမ္မာက ကြုံခွင့် ဆုံခွင့်တွေ မပေးခဲ့သင့်ဘူး ခုတော့ . . ပိုပြီးစိမ်းသွားကြရတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

နားလည္ႏိုင္ပါတယ္လို႔ေျပာၿပီး ဘ၀ထဲ ၀င္လာၿပီးမွ နားမလည္ႏိုင္ပါဘူဆိုၿပီး ျပန္ထြက္သြားမယ့္ လူေတြနဲ႔ အစကတည္းက မေတြ႕ခဲ့ၾကရင္ ပိုၿပီးေကာင္းပါတယ္ ။ နားလည္ပါတယ္ဆိုတဲ့စကားကို လြယ္လြယ္ေလးေျပာၿပီး လြယ္လြယ္ေလးယုံၾကည္ခိုင္းလိုက္တာကို ကိုယ့္ဘက္ တကယ္ႀကီးထင္ၿပီး နားလည္ေကာင္းပါရဲ႕ဆိုတဲ့စိတ္နဲ႔ ကိုယ့္ အားနည္းခ်က္ေတြကို ဖြင့္ဟလိုက္မိမွာ တစ္ဖက္အတြက္ ဖိနင္းစရာေတြ ျဖစ္သြားခဲ့တာေလ ။ တကယ္ဆို နားလည္ပါတယ္ဆိုတဲ့စကားကို အရင္မေျပာသင့္ဘူး တကယ္နားလည္ေအာင္ပဲ ၾကည့္ေပးသင့္တာပါ ။

ခ်စ္ပါတယ္ဆိုၿပီး တံခါးေတြ ေခါက္ၿပီးမွ မျဖစ္ႏိုင္လို႔ပါဆိုၿပီး ျပန္ထြက္သြားမယ့္လူေတြနဲ႔ အစကတည္းကေန မေတြ႕ျဖစ္ခဲ့ၾက မဆုံျဖစ္ခဲ့ၾကရင္ ပိုၿပီးေတာ့ေကာင္းမယ္ ။ ခ်စ္ျခင္းေမတၱာဆို ပကတိျဖဴစင္တဲ့အရာပါ . . .အဲ့တာကို အတၱေတြနဲ႔ အေရာင္မဆိုးပါနဲ႔ ခ်စ္တယ္ဆိုတာ ေျပာဖို႔မခက္ေပမယ့္ တကယ္ခ်စ္ေၾကာင္းသက္ေသျပဖို႔က်ေတာ့ ခက္တယ္ေလ အခ်စ္တစ္ခုမွာ… ခ်စ္ေန႐ုံတစ္ခုတည္းနဲ႔ ၿပီးျပည့္စုံတာမ်ိဳးမွ မဟုတ္တာ ။ တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္တတ္ဖို႔ယုံၾကည္ၾကဖို႔သစၥာရွိဖို႔တကယ္ပါ လိုအပ္ခ်က္ေတြ အရမ္းကိုမ်ားပါတယ္ အဲ့ဒီအခ်က္ေတြကို မသိနားမလည္ပါပဲနဲ႔ ဒါမွမဟုတ္သိေနပါလ်က္နဲ႔ လက္သင့္ခံဖို႔မႀကိဳးစားႏိုင္ခဲ့ရင္ အစကတည္းက ခ်စ္တယ္ဆိုတဲ့စကားကို မေျပာခဲ့သင့္ဘူးေလ အခုေတာ့ ႏွစ္ဦးႏွစ္ဖက္လုံးမွာ ဒဏ္ရာဒဏ္ခ်က္နဲ႔ မ်က္ႏွာေတြ ပ်က္ရတယ္ ။

ကိုယ့္ကို တကယ္မခင္ပါနဲ႔လဲ လိုခ်င္တာေတြရွိလို႔ရပ္ေနတဲ့ မိတ္ေဆြဆိုတဲ့ လူေတြနဲ႔လဲ အစကတည္းက မေတြ႕ခဲ့ၾကရင္ေကာင္းမယ္ ။ မိတ္ေဆြဆိုတာ ေကာင္းတာျဖစ္ျဖစ္ ဆိုးတာပဲျဖစ္ျဖစ္ မွ်ေဝခံစားတတ္တဲ့ အရင္းႏွီးဆုံးသူစိမ္းပါလို႔တခ်ိဳ႕ေတြက အဓိပၸါယ္ေတြဖြင့္ထားၾကတာေလ အဲ့ဒီအထဲမွာ လိုခ်င္တာရႈိလို႔သာ ေဖာ္ေ႐ြေနတတ္တဲ့ လူေတြေတာ့မပါဘူး

ေနာင္တ … ဟုတ္ပါတယ္ ေနာင္တေတြရေနခဲ့တာပါ ။ ကိုယ္ယုံၾကည္မိေလးျခင္း ကိုယ္တြယ္တာမိေလျခင္းဆိုတဲ့ ေနာင္တေတြရေနခဲ့တာပါ ခုတ္ခဲ့တဲ့ ပုစိန္က မမွတ္မိေပမယ့္ အခုတ္ခံခဲ့ရတဲ့ သစ္ပင္က မေမ့သလိုမ်ိဳးကို ကိုယ့္မွာ တစ္ဖက္သတ္ႀကီး ေနာင္တေတြနဲ႔နာက်င္ေနခဲ့တာပါ ။

အရင္းႏွီးဆုံးျဖစ္ၿပီးမွ ေဝးသြားတဲ့သူေတြက သာမာန္သူစိမ္းေတြထက္ပိုၿပီး စိမ္းသြားတတ္ၾကတယ္တဲ့ တကယ္အမွန္ပါ . . .တစ္ေယာက္နဲ႔တစ္ေယာက္ရင္းႏွီးခဲ့ၾကၿပီးမွ တစ္ေယာက္နဲ႔တစ္ေယာက္ ေဝးမွန္းမသ္ိခဲ့ၾကတာ ခုဆို ကိုယ့္ဘ၀ထဲ ကိုယ္နဲ႔ပတ္သက္ခဲ့ဖူးတဲ့ သူစိမ္းေတြက ပိုၿပီးမ်ားလာခဲ့တယ္ တကယ္ဆိုရင္ အၿပဳံးနဲ႔ လမ္းခြဲဖို႔မျဖစ္ႏိုင္ခဲ့ရင္ အစကတည္းက ကံၾကမၼာက ႀကဳံခြင့္ ဆုံခြင့္ေတြ မေပးခဲ့သင့္ဘူး ခုေတာ့ . . ပိုၿပီးစိမ္းသြားၾကရတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း