ချစ်ခြင်း မုန်းခြင်းတွေကို စိတ်ကုန်လာရုံပဲရှိတာပါ

လူတစ်ယောက်ကို ချစ်မိတဲ့အခါ ပိုင်ဆိုင်ချင်လာတယ် ပိုင်ဆိုင်ပြီးသွားတဲ့အခါ ဆုံးရှုံးရမှာ ကြောက်တတ်ကြတယ် အချစ်ကြီးရင် ကြီးသလောက် ပိုပြီး နေရာယူတတ်ပါတယ်

လူတစ်ယောက်ကို မုန်းတဲ့အခါ ကိုယ်ပဲ အရင်ဆုံး ပူလောင်လာရတယ်လေ တစ်ခါတစ်လေ ကိုယ်မုန်းနေတာ သူတောင် သိချင်မှသိတာ ကိုယ်ပဲ မုန်းတဲ့စိတ်နဲ့ အိပ်မရ စားမရ ဒါလဲ ပင်ပန်းတာပဲ

ချစ်ရ မုန်းရတာတွေကို တဖြေးဖြေး စိတ်ကုန်လာခဲ့တယ် ချစ်ရတာလဲ ပင်ပန်းသလို မုန်းရတာလဲ ပင်ပန်းတာပါပဲ

ဒီလိုနဲ့ တဖြေးဖြေး တစ်ယောက်တည်းနေတတ်လာတယ် ပျော်အောင်နေတတ်လာတယ် အဖော်ရှိမှ မဟုတ်တော့ဘူး ကိုယ်ကိုယ်တိုင်ရှိနေရုံနဲ့ လုံလောက်လာတယ် ချစ်ခြင်း မုန်းခြင်းတွေကို စိတ်ကုန်လာရုံပဲရှိတာပါ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း





မိန်းမသားတို့အတွက်
သျှင်ယွန်း