သူပြောင်းလဲမလာရင် ကိုယ်ပြောင်းလဲလိုက်ပါ

သူပြောင်းလဲမလာရင် ကိုယ်ပြောင်းလဲလိုက်ပါ ။

လူတစ်ယောက် ပြောင်းလဲလာဖို့ဆိုတာ ကိုယ့်ဘက်က ပြောင်းလဲပေးချင်စိတ်ရှိရုံတစ်ခုတည်းနဲ့ ဖြစ်တာ မဟုတ်ပါဘူး ကိုယ်ပြောင်းလဲပေးချင်တဲ့သူမှာလဲ သူ့ကိုယ်သူ ပြောင်းလဲ ချင်စိတ်လေးရှိဦးမှ ပြောင်းလဲပေးလို့ ရတာပါ ။

လူတစ်ယောက် ပြောင်းလဲဖို့အချိန်ဘယ်လောက်ကြာတတ်လဲ ဆိုတဲ့မေးခွန်းတွေလဲ မေးဖို့မလိုပါဘူး လူတစ်ယောက်မှာ အချိန်မြန်မြန်ပြောင်းလဲ ပေးလို့ရတဲ့ အကျင့်ဆိုတာ ရှိသလို ပြောင်းလဲပေးလို့မရတဲ့ ဗီဇဆိုတာလည်းရှိပါတယ် ။ တစ်ခါတစ်လေ ကိုယ်က ဗီဇကို အကျင့်ကြီး မှတ်ပြီး ပြောင်းလဲဖို့ကြိုးစားရင် အချိန်တွေ ကုန်သွားတတ်ပါတယ်။ တကယ်လို့ အချိန်တန်လို့မှ သူ့ဘက်က ပြောင်းလဲ မလာရင် ကိုယ့်ဘက် စပြီးပြောင်းလဲလိုက်ပါ ။

လူ …ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ပေမယ့် ကိုယ် ကြိုးစားပြီး ပြုပြင်လို့မရတဲ့အရာတွေ အများကြီးရှိတာကို သဘောပေါက်ပါ ။ တစ်ခါတစ်ရံ ကျွန်မတို့က သူသာ တကယ်ချစ်ရင် ပြောင်းလဲ ပေးမှာပါဆိုတဲ့ စိတ်နဲ့ အမှားတွေကို အထပ်ထပ်အခါခါ ခွင့်လွှတ်ခဲ့ပေမယ့် နောက်ထပ် အမှားတွေပဲ ထပ်ရလာတာမျိုးလေ ။ မသိလို့ လုပ်တာကိုက အမှားလို့ခေါ်ပြီး သိသိနဲ့ မှားတာတွေ များလာတော့ ဆက်ပြီး ခွင့်လွှတ်နေလဲ ဆက်ပြီး မှားနေမှာပါပဲဆိုတဲ့ အတွေးပဲ ၀င်လာတတ်တယ်လေ ။

တစ်ခါတစ်လေမှာ ဖြစ်စေချင်လွန်းလို့အနောက်ကတစ်မျိုး ဘေးကတစ်မျိုး အမျိုးမျိုး ကူညီဖေးမခဲ့ပေမယ့် ကိုယ့်အရှေ့မှာသာ လိမ်မာသလိုလိုနေပြီး ကိုယ့်နောက်ကွယ်ရောက်တာနဲ့ ထပ်ပြီးလုပ်တာမျိုးကျတော့ ခွေးမြီးကောက်ကို ကျည်တောက် စွပ်နေသလိုပါပဲ ဘယ်လောက်ပဲ ဖြောင့်အောင်လုပ်လုပ် အချိန်တန် ပြန်ကောက်သွားတာပဲလေ ။

ကိုယ် ပြောင်းလဲပေးဖို့ကြိုးစားရင် ပင်ပန်းလာတဲ့အခါ ဒါမှမဟုတ် ကိုယ် ပြုပြုပြင်ပေးဖို့ကြိုးစားရင်း အချိန်တွေ ကြာညောင်းလာတဲ့အခါ . . . သူ့ဘက်က ဘာတစ်ခုမှ မပြောင်းလဲ လာရင် ကိုယ့်ဘက်က ပြောင်းလဲဖို့သင့်ပြီလို့နားလည်သဘောပေါက်လိုက်ဖို့သင့်ပြီလေ ။ ဒါ ငါ ပြောင်းလဲပေးလို့မရပါလားဆိုတဲ့အသိလေး ရသင့်ပြီ ။ မျှော်လင့်ချက်တွေ အများကြီးထပ်ပြီး ထားနေတော့မယ့်အစား လျစ်လျူရှုတတ်ဖို့ကြိုးစားလိုက်တာက ပိုပြီး မှန်မယ်လို့ထင်ပါတယ် ။

လူတစ်ယောက်ရဲ့ ဗီဇကို ပြုပြင်ဖို့ကြိုးစားရင် အချိန်ကုန်မခံပါနဲ့ လူတစ်ယောက်ရဲ့ ဗီဇဆိုတာ သေမှ ပျောက်တာမျိုးလေ ။ ကိုယ်ကြိုးစားပြီး ပြောင်းလဲ ပေးခဲ့သားနဲ့ တစ်ဖက်က ဘာတစ်ခုမှ မပြုပြင်လာတဲ့ ကိုယ့်ဘက် ဆင်ခြင်လိုက်တာ ပိုကောင်းပါတယ် ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

သူေျပာင္းလဲမလာရင္ ကိုယ္ေျပာင္းလဲလိုက္ပါ ။

လူတစ္ေယာက္ ေျပာင္းလဲလာဖို႔ဆိုတာ ကိုယ့္ဘက္က ေျပာင္းလဲေပးခ်င္စိတ္ရွိ႐ုံတစ္ခုတည္းနဲ႔ ျဖစ္တာ မဟုတ္ပါဘူး ကိုယ္ေျပာင္းလဲေပးခ်င္တဲ့သူမွာလဲ သူ႔ကိုယ္သူ ေျပာင္းလဲ ခ်င္စိတ္ေလးရွိဦးမွ ေျပာင္းလဲေပးလို႔ ရတာပါ ။

လူတစ္ေယာက္ ေျပာင္းလဲဖို႔အခ်ိန္ဘယ္ေလာက္ၾကာတတ္လဲ ဆိုတဲ့ေမးခြန္းေတြလဲ ေမးဖို႔မလိုပါဘူး လူတစ္ေယာက္မွာ အခ်ိန္ျမန္ျမန္ေျပာင္းလဲ ေပးလို႔ရတဲ့ အက်င့္ဆိုတာ ရွိသလို ေျပာင္းလဲေပးလို႔မရတဲ့ ဗီဇဆိုတာလည္းရွိပါတယ္ ။ တစ္ခါတစ္ေလ ကိုယ္က ဗီဇကို အက်င့္ႀကီး မွတ္ၿပီး ေျပာင္းလဲဖို႔ႀကိဳးစားရင္ အခ်ိန္ေတြ ကုန္သြားတတ္ပါတယ္။ တကယ္လို႔ အခ်ိန္တန္လို႔မွ သူ႔ဘက္က ေျပာင္းလဲ မလာရင္ ကိုယ့္ဘက္ စၿပီးေျပာင္းလဲလိုက္ပါ ။

လူ …ႀကိဳးစားရင္ ဘာမဆိုျဖစ္ႏိုင္ေပမယ့္ ကိုယ္ ႀကိဳးစားၿပီး ျပဳျပင္လို႔မရတဲ့အရာေတြ အမ်ားႀကီးရွိတာကို သေဘာေပါက္ပါ ။ တစ္ခါတစ္ရံ ကြၽန္မတို႔က သူသာ တကယ္ခ်စ္ရင္ ေျပာင္းလဲ ေပးမွာပါဆိုတဲ့ စိတ္နဲ႔ အမွားေတြကို အထပ္ထပ္အခါခါ ခြင့္လႊတ္ခဲ့ေပမယ့္ ေနာက္ထပ္ အမွားေတြပဲ ထပ္ရလာတာမ်ိဳးေလ ။ မသိလို႔ လုပ္တာကိုက အမွားလို႔ေခၚၿပီး သိသိနဲ႔ မွားတာေတြ မ်ားလာေတာ့ ဆက္ၿပီး ခြင့္လႊတ္ေနလဲ ဆက္ၿပီး မွားေနမွာပါပဲဆိုတဲ့ အေတြးပဲ ၀င္လာတတ္တယ္ေလ ။

တစ္ခါတစ္ေလမွာ ျဖစ္ေစခ်င္လြန္းလို႔အေနာက္ကတစ္မ်ိဳး ေဘးကတစ္မ်ိဳး အမ်ိဳးမ်ိဳး ကူညီေဖးမခဲ့ေပမယ့္ ကိုယ့္အေရွ႕မွာသာ လိမ္မာသလိုလိုေနၿပီး ကိုယ့္ေနာက္ကြယ္ေရာက္တာနဲ႔ ထပ္ၿပီးလုပ္တာမ်ိဳးက်ေတာ့ ေခြးၿမီးေကာက္ကို က်ည္ေတာက္ စြပ္ေနသလိုပါပဲ ဘယ္ေလာက္ပဲ ေျဖာင့္ေအာင္လုပ္လုပ္ အခ်ိန္တန္ ျပန္ေကာက္သြားတာပဲေလ ။

ကိုယ္ ေျပာင္းလဲေပးဖို႔ႀကိဳးစားရင္ ပင္ပန္းလာတဲ့အခါ ဒါမွမဟုတ္ ကိုယ္ ျပဳျပဳျပင္ေပးဖို႔ႀကိဳးစားရင္း အခ်ိန္ေတြ ၾကာေညာင္းလာတဲ့အခါ . . . သူ႔ဘက္က ဘာတစ္ခုမွ မေျပာင္းလဲ လာရင္ ကိုယ့္ဘက္က ေျပာင္းလဲဖို႔သင့္ၿပီလို႔နားလည္သေဘာေပါက္လိုက္ဖို႔သင့္ၿပီေလ ။ ဒါ ငါ ေျပာင္းလဲေပးလို႔မရပါလားဆိုတဲ့အသိေလး ရသင့္ၿပီ ။ ေမွ်ာ္လင့္ခ်က္ေတြ အမ်ားႀကီးထပ္ၿပီး ထားေနေတာ့မယ့္အစား လ်စ္လ်ဴရႈတတ္ဖို႔ႀကိဳးစားလိုက္တာက ပိုၿပီး မွန္မယ္လို႔ထင္ပါတယ္ ။

လူတစ္ေယာက္ရဲ႕ ဗီဇကို ျပဳျပင္ဖို႔ႀကိဳးစားရင္ အခ်ိန္ကုန္မခံပါနဲ႔ လူတစ္ေယာက္ရဲ႕ ဗီဇဆိုတာ ေသမွ ေပ်ာက္တာမ်ိဳးေလ ။ ကိုယ္ႀကိဳးစားၿပီး ေျပာင္းလဲ ေပးခဲ့သားနဲ႔ တစ္ဖက္က ဘာတစ္ခုမွ မျပဳျပင္လာတဲ့ ကိုယ့္ဘက္ ဆင္ျခင္လိုက္တာ ပိုေကာင္းပါတယ္ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း