မေ့သင့်ပြီထင်လို့ မေ့လိုက်တာပါ

မေ့သင့်ပြီထင်လို့ မေ့လိုက်တာပါ ။

သူနဲ့ကျွန်မ စပြီးဆုံခဲ့တာကျွန်မသူငယ်ချင်းနဲ့ ပတ်သက်ပြီးတော့မှပေါ့ ။ မထူးဆန်းတဲ့တွေ့ဆုံမှုတစ်ခုကနေ ခင်မင်မှုလေးစတယ် ။ အဲ့လိုခင်မင်မှုတွေကြားမှာ ကျွန်မ ပျော်ခဲ့မိတယ်ထင်တာပဲ။ အရမ်းသဘောကောင်းပြခဲ့သလို … တစ်ဖက်သားအပေါ် ထင်ထားတာထက် ပိုနားလည်ပေးတတ်တဲ့ သူ့စိတ်ဓာတ်လေးကို သဘောကျခဲ့မိတယ် ။ အရာရာ အပြစ်ပြောစရာမဲ့တဲ့ စာနာနားလည်ပေးတတ်တဲ့သူကြီးပေါ့ ။

ဆုံတွေ့ခြင်းတွေနောက်မှာ … ကျွန်မ သူ့ကို ချစ်လာခဲ့မိတယ် ။ သူငယ်ချင်းတွေကို ပြောမိတဲ့အခါ ဝိုင်းပြီးတားခဲ့ကြသလို မိဘတွေကလဲ သဘောမကျခဲ့ဘူး ဒီကြားထဲကမှ ဇွတ်တိုး၀င်ခဲ့တာက ကျွန်မပါ ။ ချစ်ခြင်းတွေရဲ့ နှစ်အစတွေက သိပ်ကိုလှပတယ် ကျွန်မ ပျော်ရတယ် အဲ့ဒီအချိန်တွေမှာ … ကိုယ့်ရွေးချယ်ထားတာတွေအတွက် …နောင်တဆိုတာ နဲနဲလေးမှကို မရှိခဲ့တာပါ ။

ကျွန်မကို ပိုင်ခဲ့ပြီးနောက်ပိုင်းကျတော့ အရင်တုန်းက သူမဟုတ်တော့သလိုပါပဲ ။ စာတွေပို့ဖို့ပျက်ကွက်လာခဲ့သလို ဖုန်းတွေဆက်ဖို့ မအားတဲ့ရက်တွေက များလာတယ် ။ အရာရာကို နားလည်ပေးတတ်တဲ့သူက ဘာမဟုတ်တာလေးတွေကအစ ပြသနာရှာတတ်လာတယ် ။ အဲ့လိုရက်တွေဟာ … တစ်ပတ် ဆယ်ရက်မက ကျွန်မဆီ မဆက်သွယ်တတ်ဘူးလေ ။ တစ်နည်းပြောရရင် ကျွန်မကို ပစ်ထားတတ်လာတယ် ။

ရန်တွေဖြစ်ပြီးတဲ့အခါတိုင်း … တခြားတစ်ယောက်ဆီမှာ ရင်ဖွင့်နေလိမ့်မယ်လို့တော့ ကျွန်မ လုံး၀ကို မထင်ခဲ့တာ အမှန်ပါ … ဒါပေမယ့် ကျွန်မထင်တာတွေက တက်တက်စင်အောင်ကိုလွဲတယ် ။ တခြားတစ်ယောက်ဆီမှာ .. ကျွန်မမကောင်းတွေပြောပြီး အသနားခံဖို့ ကြိုးစားနေတာတွေက တကယ်တမ်းကျတော့ ရင်နာရတာထက်ပိုပါတယ် ။ နောက်မလုပ်တော့ပါဘူးဆိုတဲ့ ကတိတွေကို ထပ်ပြီး ယုံကြည်ခဲ့တဲ့ ကျွန်မကပဲ မှားတယ်ထင်ပါတယ် ။

နောက်တစ်ကြိမ်လဲ ထိုနည်းအတိုင်းပါပဲ ။ ကိုယ်မရှိတဲ့အရပ်မှာ နေနေတတ်တဲ့သူကို ငါတော့ မေ့ပစ်သင့်ပြီထင်တယ်ဆိုတဲ့အတွေးနဲ့ ဒီတစ်ကြိမ် ထပ်ပြီးခွင့်လွှတ်ဖို့ မတွေးတော့ဘူး ။ သွားတော့ ပျံသန်းချင်တဲ့အရပ်ကို ပျံသန်းစေဖို့ ဆွဲထားမိတဲ့လက်ကို လွှတ်လိုက်တယ် ။ ငိုနေတဲ့ မျက်လုံးတွေကို မှိတ်လိုက်တယ် ။ ပြီးတော့ … အရာရာကို အသစ်က ပြန်စဖို့ သူနာမည်ပါနေတဲ့ Facebook accကို blockလိုက်တယ် ။

ကျွန်မ အများကြီးမှားခဲ့ပြီးပြီလေ … ထပ်ပြီးမှားနေမယ်ဆိုရင် ထပ်ပြီးရှုံးနေမှာပါပဲ ။ ဒီတစ်ခါ မေ့ပစ်သင့်ပြီထင်လို့ မေ့ပစ်ခဲ့တာပါ ။ ဒဏ်ရာတွေများခဲ့ပေမယ့် အဲ့ဒီအရာတွေက ကျွန်မ အသစ်ပြန်စမယ့်ဘ၀မှာ သင်ခန်းစာတွေ ရမယ်လို့ထင်ပါတယ် ။ အမှန်တွေကို ပြန်ပြင်ဖို့ ဘယ်တော့မှ နောက်မကျဘူးတဲ့ ဒါပေမယ့် ကျွန်မအဖြစ်အပျက်ကို ကြည့်ပါ … အမှန်တွေကို ပြန်ပြင်ဖို့ ဘယ်တော့မှ နောက်မကျပါဘူးဆိုပေမယ့် ဘယ်တော့မှ မမှားစေလိုဘူး ။

အချစ်ဟာ ကိုယ့်အတွက် အရာရာဆိုပေမယ့် တစ်ဖက်မှာက အရာရာကို ချစ်နေနိုင်တဲ့အဖြစ်တွေဟာ တကယ့် ကိုယ်တိုင်ကြုံခဲ့တာပါ ။ ဒါဟာ … သင်ခန်းစာပေါ့ …နေရာတကာ နှလုံးသားကို ဦးစားပေးလို့မဖြစ်တော့တဲ့ သင်ခန်းစာပေါ့ ။

မိန်းမသားတို့အတွက်
သျှင်ယွန်း

ေမ့သင့္ၿပီထင္လို႔ ေမ့လိုက္တာပါ ။

သူနဲ႔ကြၽန္မ စၿပီးဆုံခဲ့တာကြၽန္မသူငယ္ခ်င္းနဲ႔ ပတ္သက္ၿပီးေတာ့မွေပါ့ ။ မထူးဆန္းတဲ့ေတြ႕ဆုံမႈတစ္ခုကေန ခင္မင္မႈေလးစတယ္ ။ အဲ့လိုခင္မင္မႈေတြၾကားမွာ ကြၽန္မ ေပ်ာ္ခဲ့မိတယ္ထင္တာပဲ။ အရမ္းသေဘာေကာင္းျပခဲ့သလို … တစ္ဖက္သားအေပၚ ထင္ထားတာထက္ ပိုနားလည္ေပးတတ္တဲ့ သူ႔စိတ္ဓာတ္ေလးကို သေဘာက်ခဲ့မိတယ္ ။ အရာရာ အျပစ္ေျပာစရာမဲ့တဲ့ စာနာနားလည္ေပးတတ္တဲ့သူႀကီးေပါ့ ။

ဆုံေတြ႕ျခင္းေတြေနာက္မွာ … ကြၽန္မ သူ႔ကို ခ်စ္လာခဲ့မိတယ္ ။ သူငယ္ခ်င္းေတြကို ေျပာမိတဲ့အခါ ဝိုင္းၿပီးတားခဲ့ၾကသလို မိဘေတြကလဲ သေဘာမက်ခဲ့ဘူး ဒီၾကားထဲကမွ ဇြတ္တိုး၀င္ခဲ့တာက ကြၽန္မပါ ။ ခ်စ္ျခင္းေတြရဲ႕ ႏွစ္အစေတြက သိပ္ကိုလွပတယ္ ကြၽန္မ ေပ်ာ္ရတယ္ အဲ့ဒီအခ်ိန္ေတြမွာ … ကိုယ့္ေ႐ြးခ်ယ္ထားတာေတြအတြက္ …ေနာင္တဆိုတာ နဲနဲေလးမွကို မရွိခဲ့တာပါ ။

ကြၽန္မကို ပိုင္ခဲ့ၿပီးေနာက္ပိုင္းက်ေတာ့ အရင္တုန္းက သူမဟုတ္ေတာ့သလိုပါပဲ ။ စာေတြပို႔ဖို႔ပ်က္ကြက္လာခဲ့သလို ဖုန္းေတြဆက္ဖို႔ မအားတဲ့ရက္ေတြက မ်ားလာတယ္ ။ အရာရာကို နားလည္ေပးတတ္တဲ့သူက ဘာမဟုတ္တာေလးေတြကအစ ျပသနာရွာတတ္လာတယ္ ။ အဲ့လိုရက္ေတြဟာ … တစ္ပတ္ ဆယ္ရက္မက ကြၽန္မဆီ မဆက္သြယ္တတ္ဘူးေလ ။ တစ္နည္းေျပာရရင္ ကြၽန္မကို ပစ္ထားတတ္လာတယ္ ။

ရန္ေတြျဖစ္ၿပီးတဲ့အခါတိုင္း … တျခားတစ္ေယာက္ဆီမွာ ရင္ဖြင့္ေနလိမ့္မယ္လို႔ေတာ့ ကြၽန္မ လုံး၀ကို မထင္ခဲ့တာ အမွန္ပါ … ဒါေပမယ့္ ကြၽန္မထင္တာေတြက တက္တက္စင္ေအာင္ကိုလြဲတယ္ ။ တျခားတစ္ေယာက္ဆီမွာ .. ကြၽန္မမေကာင္းေတြေျပာၿပီး အသနားခံဖို႔ ႀကိဳးစားေနတာေတြက တကယ္တမ္းက်ေတာ့ ရင္နာရတာထက္ပိုပါတယ္ ။ ေနာက္မလုပ္ေတာ့ပါဘူးဆိုတဲ့ ကတိေတြကို ထပ္ၿပီး ယုံၾကည္ခဲ့တဲ့ ကြၽန္မကပဲ မွားတယ္ထင္ပါတယ္ ။

ေနာက္တစ္ႀကိမ္လဲ ထိုနည္းအတိုင္းပါပဲ ။ ကိုယ္မရွိတဲ့အရပ္မွာ ေနေနတတ္တဲ့သူကို ငါေတာ့ ေမ့ပစ္သင့္ၿပီထင္တယ္ဆိုတဲ့အေတြးနဲ႔ ဒီတစ္ႀကိမ္ ထပ္ၿပီးခြင့္လႊတ္ဖို႔ မေတြးေတာ့ဘူး ။ သြားေတာ့ ပ်ံသန္းခ်င္တဲ့အရပ္ကို ပ်ံသန္းေစဖို႔ ဆြဲထားမိတဲ့လက္ကို လႊတ္လိုက္တယ္ ။ ငိုေနတဲ့ မ်က္လုံးေတြကို မွိတ္လိုက္တယ္ ။ ၿပီးေတာ့ … အရာရာကို အသစ္က ျပန္စဖို႔ သူနာမည္ပါေနတဲ့ Facebook accကို blockလိုက္တယ္ ။

ကြၽန္မ အမ်ားႀကီးမွားခဲ့ၿပီးၿပီေလ … ထပ္ၿပီးမွားေနမယ္ဆိုရင္ ထပ္ၿပီးရႈံးေနမွာပါပဲ ။ ဒီတစ္ခါ ေမ့ပစ္သင့္ၿပီထင္လို႔ ေမ့ပစ္ခဲ့တာပါ ။ ဒဏ္ရာေတြမ်ားခဲ့ေပမယ့္ အဲ့ဒီအရာေတြက ကြၽန္မ အသစ္ျပန္စမယ့္ဘ၀မွာ သင္ခန္းစာေတြ ရမယ္လို႔ထင္ပါတယ္ ။ အမွန္ေတြကို ျပန္ျပင္ဖို႔ ဘယ္ေတာ့မွ ေနာက္မက်ဘူးတဲ့ ဒါေပမယ့္ ကြၽန္မအျဖစ္အပ်က္ကို ၾကည့္ပါ … အမွန္ေတြကို ျပန္ျပင္ဖို႔ ဘယ္ေတာ့မွ ေနာက္မက်ပါဘူးဆိုေပမယ့္ ဘယ္ေတာ့မွ မမွားေစလိုဘူး ။

အခ်စ္ဟာ ကိုယ့္အတြက္ အရာရာဆိုေပမယ့္ တစ္ဖက္မွာက အရာရာကို ခ်စ္ေနႏိုင္တဲ့အျဖစ္ေတြဟာ တကယ့္ ကိုယ္တိုင္ႀကဳံခဲ့တာပါ ။ ဒါဟာ … သင္ခန္းစာေပါ့ …ေနရာတကာ ႏွလုံးသားကို ဦးစားေပးလို႔မျဖစ္ေတာ့တဲ့ သင္ခန္းစာေပါ့ ။

မိန္းမသားတို႔အတြက္
သွ်င္ယြန္း